Wednesday, August 20, 2014

စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လက်ထက် မြန်မာနိုင်ငံ(၁)

ဗိုလ်ချုပ်ကြီးသန်းရွှေသည် ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကို
၁၉၉၂ခုနှစ်တွင် ဖြုတ်ချကာ အာဏာထပ်ဆင့်သိမ်းခဲ့သူ စစ်အာဏာရှင် တစ်ဦးဖြစ်သည်။

ဗိုလ်ချုပ်ကြီးသန်းရွှေသည် တပ်မတော်တွင် ၄င်း၏အာဏာတည်မြဲရေးအတွက် တပ်မတော်အရာရှိ
များ၏ ကိုယ်ကျင့်တရားကို စတင်ဖျက်ဆီးခဲ့သည်။ သူ၏သစ္စာခံကြမည့် စစ်ဗိုလ်ချုပ်များကို တပ်မတော်ရာထူးကြီးများအပ်နှင်းခဲ့သည်။

သစ္စာခံဗိုလ်ချုပ်များသည် အာဏာနှင့် လုပ်ပိုင်ခွင့်တို့ ကိုဓနဥစ္စာ ငွေကြေးတို့ ဖြင့်
 အရောင်းအ၀ယ်ပြုကာ ချမ်းသာကြွယ်ဝလာခဲ့ကြသည်။
တရားမ၀င် ၀င်ငွေများဖြစ်သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေက
ဤလုပ်ရပ်များကို မသိသယောင်ပြုကာ လစ်လျှု ရှုခဲ့ ရာ မြန်မာတပ်မတော်အတွင်း
အာဏာနှင့် လုပ်ပိုင်ခွင့်ကို ဈေးကွင်တင်ရောင်းချသူ စစ်ဗိုလ်ချုပ်များပေါများလာသည်။

နိုင်ငံတော်စီးပွားရေးလုပ်ငန်းများကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းအသွင်ဖြင့် ၀င်ရောက်
လုပ်ကိုင်ခဲ့ရာ မြန်မာတပ်မတော်သည် တောင်သူလယ်သမားတို့ ၏ လယ်ယာမြေတို့ ကို
လက်နက်အားကိုးဖြင့် အဓ္ဒမသိမ်းယူကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်ခြင်း၊

ခရိုနီခေါ်ဝိသမစီးပွားရေးသမားများကိုမွေးထုတ်ခဲ့ကာ နိုင်ငံတော်ပိုင်သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊
ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်စေခဲ့ခြင်း၊
အိမ်နီးချင်း တရုတ်နိုင်ငံ၏ စစ်ရေးဘဏ္ဍာရေး၊နိုင်ငံရေးအထောက်အပံ့ကိုခံယူခဲ့ရာမှ တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့ မြန်မာနိုင်ငံတွင် ၀င်ရောက်အခြေချလုပ်ကိုင်မှုများကို
ခွင့်ပြုခဲ့ရာ ငွေကြေးအကျိုးအမြတ်တစ်ခုတည်းသာ ကြည့်ရှုခဲ့ကြသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့ ကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် လွန်စွာ အထိနာခဲ့ရသည်။

တိုင်းပြည်ကို မိမိအတ္တ အတွက် ဖျက်ဆီးခဲ့သော စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေသည်
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အတင်းအဓ္ဒမ ပြဌာန်းကာ အောင်မြင်စွာ ဆုတ်ခွာသွားပြီဖြစ်သည်။
သူနှင့် သူ၏မိသားစုသည် နိုင်ငံသားများပိုင်ဆိုင်သည့် မြန်မာနိုင်ငံတော်ဘဏ္ဍာငွေ အမြောက် အများကို
ခိုးဝှက်ခဲ့ကြသည်မှာ ဒေါ်လာသန်းပေါင်းများစွာ ရှိခဲ့ကြောင်း သိရှိထားရသည်။

ယခု၎င်းနေထိုင်သော အိမ်သည်သူနှင့်သူ၏မိသားစုပိုင်အိမ်ဖြစ်သည်လား။
 နိုင်ငံတော်ပိုင်ဖြစ်သည်လားပင် ရှင်းရှင်းလင်းလင်း ဖော်မပြနိုင်အောင်
နိုင်ငံတော်ဘဏ္ဍာမှန်သမျှ ကိုယ်ကျိုးနှင့်ရောနှောသုံးစွဲခဲ့သူ တစ်ယောက်ဖြစ်သည်။

နိုင်ငံတော်၏ ရေမြေ သယံဇာတများကို အကြွင်းမဲ့အာဏာဖြင့်တစ်ဦးတည်းစိတ်ကြိုက်ချယ်လှယ်ခဲ့ခြင်း၊
တပ်မတော်၏ ဂုဏ်သိက္ခာ ကို ဖျက်ဆီးခဲ့ခြင်း၊ တပ်မတော်သားတို့ ၏ ကိုယ်ကျင့်တရား
များကို ဖျက်ဆီးခဲ့ခြင်း၊တို့ ကို သူစစ်အာဏာရှင် အဖြစ်အုပ်စိုးနေစဉ် အတွင်း
စနစ်တကျ စီစဉ် အကွက်ချလုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်သည်။

Sunday, August 10, 2014

အပြီးသတ်ရွေးချယ်ချိန်

_______________________________________
စစ်အာဏာရှင်များက အသွင်အမျိုးမျိုးပြောင်းပြီး အုပ်ချုပ်ခဲ့ရာ
နှစ်ငါးဆယ် ကျော်ကြာပြီးနောက် မြန်မာနိုင်ငံသည်
ကမာ့္ဘအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိ သွားခဲ့လေ၏။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်မည်ဟု ကြွေးကြော်ကတိပေး ခဲ့ရာ
နှစ် ၅၀ ကြာသောအခါ ခေတ်နောက်ကျန် ဘက်စုံချွတ်ခြုံကျသောနိုင်ငံ
အဖြစ်သို့ ရောက်ခဲ့ရလေ၏။
ကမာ့္ဘဘဏ်၏ နောက်ဆုံးထုတ်ပြန်သော စာရင်းဇယားအရ
ကမာ့္ဘနိုင်ငံပေါင်း (၂၁၅) နိုင်ငံတွင် ချမ်းသာဆင်းရဲဇယားတွင်
မြန်မာသည် (203) ဖြစ်၏။
အောက်မှ စရေတွက်လျှင် အဆင့် ၁၂ ဖြစ်၏။
အရှေ့တောင်အာရှနိုင်ငံ(၁၁)နိုင်ငံတွင် နံပါတ် (၁၁)ဖြစ်၏။
ကမ္ဘောဒီးယား၊ လာအိုတို့ထက်ပိုဆင်းရဲ၏။
အာရှတိုက်တွင် အဆင်ရဲဆုံးနိုင်ငံဖြစ်၏။
အာရှတွင် ဒုတိယအဆင်းရဲ ဆုံးဆိုသော
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင်
မြန်မာ့ထက် အဆင့်ငါးဆယ်မြင့်နေ၏။
ထိုစာရင်းဇယားအရ အီသီယိုးပီးယား၊ ဆိုမားလီးယား
စသည်ဆင်းရဲမွဲတေသော နိုင်ငံများသည်ပင် မြန်မာထက်
အဆင့်မြင့်သည်ဟုဆို၏။
ထိုသို့သောနိုင်ငံများသည် ပင် မြန်မာထက်ချမ်းသာသည်ဟု ဆိုနေ၏။
ရှက်ဖွယ်ကောင်းလှ၏။
ယခုတွက်ချက်သည့်နည်းမှာ G.D.P (Per Capiat Income) ကို တွက်ချက် ခြင်းဖြစ်၏။
ဝင်ငွေကို လူဦးရေနှင့်စား၍ရသော အဖြေသာဖြစ်၏။
အကြမ်းဖျဉ်း အဖြေသာ ဖြစ်ပေသည်။
ယနေ့ကမ္ဘာတွင် တွက်ချက်သောနည်းမှာ
H.D.Iနည်း (Human Develop- -ment Index) ဖြစ်၏။
လူတစ်ယောက်ချင်းသည် တစ်နှစ်ဝယ်လိုအား ဒေါ်လာ သုံးသောင်း၊
ပညာသင်စရိတ် ဒေါ်လာခြောက်ထောင်၊ လူသက်တမ်း ရှစ်ဆယ်ဟု
စံထား၏။ထို့ထက်နိမ့်ကျလာသည်နှင့်အမျှ ဆင်းရဲသားစာရင်းဝင်လာ၏။
ထိုတွက် ချက်နည်းဖြင့် တွက်ချက်လျှင် မြန်မာသည် အဆင့် 203 ပင်မမှီနိုင်ပေ။
ယနေ့ကမ္ဘာ့စီးပွားရေးအဆင့်ကို တန်းမှီသည်ဟုဆိုနိုင်သော
အာရှနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ စင်္ကာပူ
တို့သည်တစ်ချိန်က မြန်မာ့ နောက်တွင်ရှိခဲ့၏။
ယခုစစ်အာဏာရှင်များက ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံ တော်ကြီးတည်ထောင်ကြသောအခါမှ မြန်မာသည်
ထိုနိုင်ငံများ၏ နောက်တွင် ကျန်ခဲ့ရုံသာမက
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရလေသည်။
ယနေ့မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတဟူသမျှ ကုန်ပါပြီ။
သူခိုးဈေးနှင့်ရောင်းလိုရောင်း၊ ခိုးလိုခိုး၊ ၀ှက်လိုဝှက်နှင့် ဘာသယံဇာတမှ မကျန် တော့ပါ။
လူသယံဇာတကိုကြည့်ပါဦး။
ဘွဲ့လွန်ပညာတတ်များသည်ပင် သူများနိုင်ငံ တွင်အိမ်ကျွန်အဖြစ်
အလုအယက်သွားနေကြရရှာပြီ။
စင်္ကာပူဈေးကွက်တွင် မြန်မာ အမျိုးသမီးငယ်များကို ဈေးကွက်တွင်ချရောင်း နေကြပါပြီ။
တရုတ်တွင် လိင်ကျွန် တရုတ်မယား လုပ်စားနေရ၏။
သည့်ထက်အောက်ကျစရာမရှိတော့ပါ။
တိုင်းပြည်ကိုနှစ် ၅၀ အတွင်းမွဲပြာကျအောင် လုပ်ခဲ့ပြီးနောက် အရှက်မရှိ၊
သိက္ခာမရှိ နောက်ထပ်သက်ဆိုးရှည်အောင် ကြိုးပမ်းနေကြပါပြီ။
၂၀၁၅ တွင် အနိုင်ရအောင် ညစ်နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပါပြီ။
သူတို့လက်ထဲကို နိုင်ငံအား ထည့်လိုက်ပါ နောက်(၅)နှစ်တွင် နိုင်ငံပျောက်၍
အိမ်နီးချင်းနိုင်ငံတစ်ခု၏ ပြည်နယ် တစ်ခုအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားပေလိမ့်မည်။
သန်း(၆၀)သော မြန်မာပြည်သူတို့သည် လက်တစ်ဆုပ်စာ လူတစ်စုကို ကြောက်၍
တိုင်းပြည်ဆင်းရဲမွဲတေ ကျွန်ဖြစ်သည့်ဘ၀ကို ကျရောက်ခံကြမလား။
ဒီလူတစ်စုကို ဖယ်ရှားမလား။
အပြီးသတ်ရွေးချယ်ရမည့်
အချိန်ရောက်ပါပြီ။
_______________________________________
Lwin Thandar Soe _ 2 2 . 0 7 . 2 0 1 4

Saturday, August 9, 2014

နိုင်ငံသားသတင်းစာဆရာလုပ်ငန်းကို ဖေ့ဘုတ်တွင် အကောင်အထည်ဖော်ခြင်း

Min Thitsar- Face book post

အရပ်ကတို့ ရေ ......ကူကြပါအုံးဗျို့  ........................................................................................................ တရုတ်နယ်စပ် နမ့်ခမ်းဘက်မှာ တိုင်းရင်းသား လူငယ်တွေကို တရုတ်ရဲက ဖမ်းပြီး စက်ရုံတွေမှာ အဓမ္မ ခိုင်းစေနေကြပါတယ်တဲ. ..........................................................................................................တရုတ်နယ်စပ် နမ့်ခမ်းဘက်မှာ တိုင်းရင်းသား လူငယ်တွေကို တရုတ်ရဲက ဖမ်းပြီး စက်ရုံတွေမှာ အဓမ္မ ခိုင်းစေနေကြပါတယ်တဲ့ ။

အခု အသေးစိတ်အချက်အလက်တွေ ရှာပေးလာပါတယ်။ 

 .............. ဖဘမျက်နှာစာက တိုက်ပွဲတွေ စကြမယ်ဗျို့  ။
ဖဘ ပေါ်က အမျိုးချစ် တိုက်ပွဲဝင်စစ်သည်တော်များ။
တရုပ်မုန်းတီးရေး အထူးစစ်သည်တော်များသည် ပေးပို့ လာမည့်
အချက်အလက်များကို တရုပ်ဘာသာစကား။ အင်္ဂလိပ်စာများဖြင့်
ဘာသာပြန်ပေးဖို့  တာဝန်ယူကြပါဗျို့ ။

 ပြီးလျှင် တရုပ်ဖဘမျက်နှာများ ( အပြာဆိုက်ပါမကျန်) သို့  ပေးပို့  ဖြန့် ချီ ပေးဖို့ ကိုလဲ ကူညီလက်တဲ့တိုက်ပွဲဝင်ဖို့ တောင်းဆိုပါတယ်။ ................................................. ပြည်တွင်းပြည်ပမှ မြန်မာပြည်သားဖဘများသို့  အသိပေးရန် နှင့် ဝန်ကြီးအသစ်စက်စက်လေးထံသို့ လဲ အားလုံးရဲ့  မြည်တွန်တောက်တည်း ဆဲဆိုသံများပေးပို့ ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ................................................................................................................တိုက်ပွဲ ပစ်မှတ်ကတော့ တရုတ်ဖဘ ဆို၇ှယ်မီဒီယာများသို့  အင်္ဂလိပ်လို နှင့် တရုတ်ဘာသာပြန်ပြီး ပို့ စ်၇န်။
 မြန်မာဖဘ မျက်နှာများ။
 နိုင်ငံတကာ ဖဘများသို့  အင်္ဂလိပ်လိုပို့ ရန်။
 နေပူတော်က အာစီယံထိပ်သီး အစည်းအဝေးတွင် တရုတ်တက်ရောက်နေသောကြောင့်
 ဒီကိစ္စကို ဒီရက်တွင်း အများဆုံးသာ တင်ပေးပါက ကိစ္စပြီးနီုင်ပါတယ်။
 ..................................................................................၇န်ကုန်ရှိ အရိုးစည်းထိုးကာမဲ့ မျိုးချစ်များကိုလဲ အထူးအားကိုးပါတယ်ခင်ဗျ။
........................................................................တိုင်ရင်းသားပြည်သူတွေအတွက် အမျိုး ဘာသာ သာသနာအတွက် အသက်ပေးစရာမလိုသေးပါ။ အရိုးလဲ စည်းထိုးစရာ မလိုသေးပါ။
တရုတ်သံရုံးသို့  ပိုဒ်မ ၁၈ နဲ့ လွတ်ရုံ စာလောက်ပဲ့ ပို့ လိုက်ပါ။
 မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုပ်ကို ဒီကိစ္စအတွက် တစုံတရာပြောပေးဖို့ တောင်းဆိုတာမျိုး။ စုံစမ်းစစ်ဆေးပေးဖို့ တရားဝင်တောင်း ဆိုတာလောက်နဲ့ ကို ..... ကြောက်နေရသူတွေကော .......အချောင်ရသမျှ အမြတ်ထုတ်ချင်တဲ့ တရုတ်လဲ ဘေးတွေ့ သွားတာပေါ့။ အဲဒါ ပြည်သူတွေရဲ့ လိုချင်တဲ့ ဒီတိုက်ပွဲ့ က ရလဒ်ပါ။

 အောက်တွင် ဖော်ပြထားသည့်  စာသားများ ကိုဖေ့ဘုတ်တွင်  ရေးသားတင်ပါတယ်။ 
Citizen Journalists Myanmar မြန်မာနိုင်ငံသားသတင်းစာ ဆရာတွေ ရဲ့ လုပ်ငန်းစဉ်
တစ်ခုအဖြစ် အွန်လိုင်းဆန္ဒ ထုတ်ဖော်မှု တစ်ခုပြုရန် နှိုး ဆော်ခဲ့ပါတယ်။
 ကျနော်လှုံ့ ဆော်မှု ဟာ မြန်မာ လူ့ အဖွဲ့ အစည်း တိုးတက်ရေးကိုသာ
 ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ဖေ့ဘုတ်မိတ်ဆွေ ကိုမင်းသစ္စာ ရဲ့ ပူးပေါင်းပါဝင်လာမှုကို အားရဖွယ်တွေ့ မြင်ရလို့  
 ကျနော့် blog ကနေ မှတ်တမ်းတင်ပါတယ်။





အားလုံးပါဝင်ပေးဖို့ မေတ္တာရပ်ခံခြင်း
--------------------------------------
ဖေ့ဘုတ် အသုံးပြုသူ မြန်မာနိုင်ငံသား သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ ခင်ဗျား
--------------------------------------------------------------------------------
တရုတ်တွေဟာ မြန်မာ မိန်းမပျိုတွေကို မယားငယ် အဖြစ်ငွေပေးဝယ်ယူ ယုံမက နယ်စပ်ဒေသ ကတိုင်းရင်းသားလူငယ်တွေကို ဖမ်းဆီးပြီး စက်ရုံတွေမှာ ကျွန်ပြုစေခိုင်းနေကြတယ်။
( ကျနော် ယနေ့ ထုတ်ဒီမိုကရေစီတူဒေး သတင်းစာမှာ ဖတ်ရတာပါ) ။
ဒီဆိုးဝါလှတဲ့ အဖြစ်ဆိုးတွေကနေ ကျနော်တို့  တိုင်းရင်းသားပြည်သူတွေ လွတ်မြောက် ဖို့  မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
ဖေ့ဘုတ် လူမှုကွန်ယက်က နေ ကျနော်တို့  တိုက်ပွဲဝင် အောင်မြင်ခဲ့တာတွေ
ကို ပြန်သုံးသပ်ကြည့် ပါ။
စင်္ကာပူမှာ မြန်မာမလေးတွေ ကျွန်တွေလို ဈေးကွက် အတင်ခံခဲ့ရတယ်။ဖေ့ဘုတ် လူမှုကွန်ယက်
ကနေ ၀ိုင်းဝန်းကန့် ကွက်ကြလို့  မြန်မာအစိုးရရောစင်္ကာပူ အစိုးရပါ အရေးတယူ ဆောင်ရွက်ပေးခဲ့ရတယ်.။
ဟိုတယ်တစ်ခုမှာ မြန်မာမိန်းမပျိုလေးတွေကို ဒူးထောက်ကြိုဆိုခိုင်းတယ်။ဖေ့ဘုတ်လူမှုကွန်ယက်ကနေ ၀ိုင်းဝန်းကန့် ကွက် ကြလို့  ဒီဖြစ်ရပ်ကြီးကို
တားဆီးနိုင်ခဲ့တယ်။
အခုကျနော်တို့ တစ်ခုကြုံတွေ့ နေရပြန်ပါပြီ။
တရုတ်နယ်စပ် နမ့်ခမ်းဘက်မှာ တိုင်းရင်းသား လူငယ်တွေကို တရုတ်ရဲက ဖမ်းပြီး စက်ရုံတွေမှာ အဓမ္မ ခိုင်းစေနေကြပါတယ်။
ဒါကို ဖေ့ဘုတ်ကနေ ၀ိုင်းဝန်း ကန့် ကွက်ပေးဖို့ ကျနော်တိုက်တွန်းပါရစေ။
Myatkyaw @Aungmong
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် မြန်မာတိုင်းရင်းသားများ
မတရားဖမ်းဆီးခံရပြီး စက်ရုံအလုပ်ရုံများတွင် ခိုင်းစေနှိပ်စက်ခြင်းများခံနေရ
===================================================
နမ့်ခမ်း၊
ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တွင် တိုင်းရင်းသားများ မတ ရားဖမ်းဆီး အနိုင်ကျင့် နှိပ်စက်ခံနေ ရကြောင်း နမ့်ခမ်းဒေသခံများကပြော သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တွင် ဖမ်းဆီးဆေးစစ်ကာ မူးယစ်ဆေး ဝါးသုံးစွဲသည်ဆိုပြီး တရုတ်ရဲ၏ဖမ်း ဆီးခြင်းခံရသူ ကချင်တိုင်းရင်းသား ဂမ်ဖန်က ''ကျွန်တော်က နောင်မတာ ရွာမှာအလုပ်သွားလုပ်တာပါ။ တရုတ် ရဲကဖမ်းတယ်။ မူးယစ်ဆေးသုံးတယ် ဆိုပြီး ဆီးစစ်တယ်။ မူးယစ်ဆေးသုံး တယ်ပြောပြီးဖမ်းကာ အချုပ်ထဲထည့် လိုက်တယ်။ နောက်တော့ ရွှေစက္ကူ လုပ်တဲ့အလုပ်ရုံကိုပို့လိုက်တယ်။ ရွှေ စက္ကူဆိုတာ တရုတ်တွေသုံးတဲ့ရွှေတုံး ငွေတုံးပုံလုပ်တဲ့စက်ရုံပါ။ တရုတ်ပြည် ထဲမှာပါပဲ။ တစ်ရက်ကို စက္ကူအချပ် ရေ ၈ဝဝ၊ ၁ဝဝဝ ပြီးအောင် လုပ်ရ တယ်။ မလုပ်ဘဲ ထိုင်နေတာတွေ့ရင် စက်ရုံမှာရှိတဲ့ လူမိုက်တွေက သစ် သားချောင်းနဲ့ရိုက်တယ်။ လုပ်ခလဲ မရပါဘူး။ စားစရာဆိုလဲ ထမင်းနဲ့ ဟင်းရွက်ပြုတ်၊ အာလူးပြုတ်တို့ကိုပဲ စားရတာပါ။ ကျွန်တော်နဲ့အတူ အ လုပ်လုပ်နေတဲ့ နမ့်ခမ်းကရှမ်းကလေး ဆိုရင် အရိုက်ခံရပြီးတော့ မေ့သွား တယ်။ အရမ်းနှိပ်စက်တယ်။ ကျွန် တော်က ပြန်လွှတ်တဲ့ ၁၅ယောက်ထဲ မှာ ပါလာတာ။ ကျွန်တော့်အိမ်ကို ငွေတောင်းခိုင်းပေမယ့် ကျွန်တော် တို့က ဆင်းရဲတယ်။ မပေးနိုင်ဘူးလို့ ပြောတာ။ ကံကောင်းလို့ လွတ်လာ တာ''ဟု ပြောသည်။
ထို့အတူ နမ့်ခမ်းမြို့နယ်မှ ကွမ်း လုံရွာသား အိုက်ခေးက ''ကျွန်တော် က တရုတ်ပြည်ထဲကို ဖရဲသီးတွေကို ထော်လာဂျီနဲ့တင်ပြီး ရောင်းတာပါ။ လမ်းမှာ တရုတ်ရဲကဖမ်းပြီး မူးယစ် ဆေးစစ်မယ်၊ ဆီးပေါက်ပေးလို့ပြော တယ်။ ကျွန်တော်က မူးယစ်ဆေးမ သုံးဘူးဆိုပြီး (BP) စာအုပ်အနီကိုပြ တယ်။ စာအုပ်ကိုကိုင်တောင်မကြည့် ဘဲ ဆေးစစ်မယ်ပြောတယ်။ ကျွန်တော် လဲ သူတို့အလစ်မှာ ထော်လာဂျီထဲ ကရေကို ထည့်ပေးလိုက်တယ်။ ဒါလဲ ဆီးမှာ မူးယစ်ဆေးသုံးတာပေါ်တယ် ဆိုပြီး လက်ထိတ်ခတ်အဖမ်းခံလိုက်ရ တာပါ။ ဘယ်နိုင်ငံမှာမဆို ဥပဒေရှိ တယ်။ မူးယစ်ဆိုရင်လဲ မူးယစ်ဥပဒေ အတိုင်းလုပ်ပေါ့။ အခုတော့ စက္ကူ လုပ်တဲ့နေရာပို့ပြီး အလုပ်လုပ်ခိုင်း တယ်။ အခု ၁၅ယောက်လွှတ်တဲ့အ ထဲပါလာတာ။ ဟိုမှာ တိုင်းရင်းသား တွေအများကြီးကျန်နေသေးတယ်။ နမ့်ခမ်းကရှမ်းတွေ အများဆုံးပါပဲ။ ရှမ်း ၄ဝဝကျော်နဲ့ တခြားတိုင်းရင်း သား၂ဝဝလောက်ကျန်နေသေးတယ်။ မတရားခိုင်းတာခံနေရတယ်''ဟုပြော သည်။
အလားတူ ကွမ်းလုံရွာက နန်း အေးပိန်ကလည်း ''ကျွန်မခင်ပွန်းက နောင်တောင်းမှာ အလုပ်သွားလုပ် တာပါ။ တရုတ်ရဲကဖမ်းထားတယ်။ တရုတ်ငွေနဲ့ လာရွေးဖို့မှာတယ်။ ကျွန် မမှာ ငွေမရှိဘူး။ စားစရာလဲမရှိဘူး။ ကလေးတွေနဲ့ ဒုက္ခရောက်နေပါတယ်'' ဟု ပြောဆိုသည်။
ထို့အပြင် နမ့်ခမ်းမြို့နယ် ဟို ဆိုင်းရွာမှ ဒေါ်မဝင်းကလည်း ''ကျွန် မသားငယ်ကို တရုတ်ရဲက ဖမ်းထား တယ်။ လာရွေးပါလို့ပြောတယ်။ ကျွန် မမှာ ငွေမရှိပါဘူး။ လက်ရှိအခြေအ နေမှာလဲ စားစရာမရှိပါဘူး။ သား လွတ်မြောက်ရေးအတွက် အကူအ ညီပေးကြပါ''ဟု တောင်းပန်စကား ပြောပြီး မူးမေ့လဲကျသွားသည်။
''မြန်မာ-တရုတ် နှစ်နိုင်ငံနယ် စပ်ချင်းထိနေတာပါ။ ရွှေလီ၊ နောင် တောင်း၊ နောင်မတာ၊ လိုင်းယင်း၊ နောင်တောင်းကျေးရွာတွေဟာ ထိ ဆက်နေတာပါ။ တရုတ်ကလဲ မြန်မာ ဘက်ကူးတယ်။ မြန်မာကလဲ တရုတ် ဘက်ကူးတယ်။ အပြန်အလှန်သွား လာတာမျိုးပါပဲ။ အများအားဖြင့်အ လုပ်လုပ်တာ ကုန်စိမ်းရောင်းတာ၊ ခြံ စိုက်တာတွေလုပ်ကြတာပါ။ အခု တော့ မြန်မာပြည်အနှံ့က တိုင်းရင်း သားတွေက တရုတ်နယ်စပ်မှာအဖမ်း ခံရတယ်။ တရုတ်ရဲ့ ပြစ်ဒဏ်ချတာ မလုပ်ဘဲ ပုဂ္ဂလိကစက်ရုံအလုပ်ရုံတွေ နဲ့ လမ်းဖောက်တဲ့နေရာတွေကိုပို့ပြီး ခိုင်းတယ်။ ရိုက်နှက် နှိပ်စက်ခံနေရ တယ်။ အဖမ်းခံနေရသူတွေက ပြန် လွတ်ချင်ရင် တရုတ်ငွေ ယွမ် ၈ဝဝဝ မှ ၁ဝဝဝဝ ထိပေးရတယ်။ မြန်မာငွေ ဆိုရင် အများကြီးပါပဲ။ ငွေပေးပြီးပြန် လွတ်လာတဲ့သူတွေရှိသလို ငွေမပေး နိုင်လို့ နမ့်ခမ်းမြို့ကလွှတ်တော်ကိုယ် စားလှယ်၊ အုပ်ချုပ်ရေးမှူးအထောက် အကူအဖွဲ့တွေကို အကူအညီတောင်း တယ်။ ဒါ့အပြင် ဇူလိုင် ၂၃ရက်က နမ့်ခမ်းမြို့ ဧည့်ကြိုခန်းမမှာ မြို့လူကြီး တွေ၊ မြို့အုပ်ချုပ်သူတွေ၊ သတင်းစာ ဆရာတွေကိုဖိတ်ပြီး တင်ပြဆွေးနွေး ကြတယ်''ဟု နမ့်ခမ်းဒေသခံများက ပြောသည်။
ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းတင်ဦးက သက်ဆိုင်ရာ ပြည်နယ်အစိုးရမှတစ်ဆင့် ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဆီကို ဆက်သွယ်အကူအညီတောင်း ခံထားကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် နောင်မ တာရွာသား စိုင်းယီဆိုသူက ''ကျွန် တော် နောင်တောင်းက သူငယ်ချင်း တွေနဲ့ သွားလည်ကြတယ်။ တရုတ် ရဲတွေကဖမ်းပြီးဆီးစစ်တယ်။ မူးယစ် ဆေးသုံးတယ်ပြောပြီး လက်ထိတ် ခတ်ဖမ်းလိုက်တယ်။ တရုတ်ရွှေတုံး ငွေတုံးပုံလုပ်တဲ့အလုပ်ရုံကိုပို့တယ်။ တစ်ရက်ကို အချပ် ၈ဝဝလုပ်ရတယ်။ ကျွန်တော့်ကို အလုပ်မလုပ်လို့ဆိုပြီး ဇက်ပိုးကို သစ်သားချောင်းနဲ့ ရိုက် လိုက်တာ ကျွန်တော်သတိလစ်သွား တယ်။ နှိပ်စက်တာမခံနိုင်လို့ အမေ့ ကိုအကြောင်းကြားတယ်။ ငွေနဲ့လာ ရွေးခိုင်းတယ်။ တရုတ်ယွမ် ၈ဝဝဝ ပေးရတယ်။ တရုတ်ရဲကိုပေးရတာ။ အဲဒီအလုပ်ရုံမှာ တစ်လနဲ့ ၂၈ရက် နေခဲ့ရတယ်''ဟု ပြောသည်။
လက်ရှိအခြေအနေတွင် မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသရှိ ကျေး ရွာများတွင်နေထိုင်သူတို့သည် မြန်မာ ပိုင်နေရာ၊ တရုတ်ပိုင်နေရာဟူ၍မသိ နိုင်အောင် ဆက်စပ်နေမှုကြောင့် နေ့ စဉ် ကူးလူးသွားလာနေကြခြင်းဖြစ် ကြောင်း၊ မြန်မာဘက်ကိုလည်း ၄င်း တို့ဈေးလာရောင်းကြကြောင်း တ ရုတ်နိုင်ငံအတွင်း ဖမ်းဆီးခံရပြီး အ လုပ်ရုံစက်ရုံများတွင် လုပ်အားခမရ၊ နှိပ်စက်ခံနေရသော တိုင်းရင်းသား လူငယ်များအတွက် ဝိုင်းဝန်းဖြေရှင်း ပေးကြပါရန် မိသားစုများက သက် ဆိုင်ရာသို့ပြောဆိုအကူအညီတောင်း ခံနေကြောင်း ဒေသခံများထံမှ သိရ သည်။
အောင်မင်း(နမ့်ခမ်း)
(ဓါတ်ပုံ - မြန်မာနိုင်ငံသားတစ်ချို့ မတရားဖမ်းဆီးခိုင်းစေအနိုင်ကျင့်နှိပ်စက်မှု များနှင့် ပတ်သက်၍ ဟိုဆိုင်းရွာသား ကိုသားငယ်၏ မိခင် ဒေါ်မ၀င်း ရှင်းလင်းပြော ကြားပြီးနောက်ရုတ်တရက်မူးလဲကျသွားစဉ်။)

ချင်းမိုင်က အခန်းငှားနေသူများ|

ကိုရွှေအောင်- ရေးသည်

တစ်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ချင်းမိုင်လမ်းက ထိုင်းစားသောက်ဆိုင်
တစ်ဆိုင်မှာ မိသားစုသွားစားဖြစ်တော့ ဆိုင်နံဘေးက ဖုန်းငွေဖြည့်စက်
အပေါ်မှာ ဖုန်းငွေဖြည့်နည်းကို ဗမာလိုမတတ်တတတ်နဲ့ရေးပြီး ကပ်ထား
တာတွေ့ရပါတယ်။ ဆိုင်ကအကြော်ဆရာကလေးမလေးတွေကရှမ်းပြည်
နယ်က ကလေးမလေးတွေဆိုတာသိထားတော့ သူ တို့ အချင်းချင်း
အဆင်ပြေအောင်တတ်သလောက်မှတ်သလောက် အကူအညီပေးတဲ့
အနေနဲ့ကပ်ထားတာဖြစ်နိုင်တယ်လို့ အတွေးရောက်ပြီး အတူပါလာတဲ့ သမီးကိုဓာတ်ပုံရိုက်ခိုင်းထားလိုက်ပါတယ်။ စားသောက်ပြီး ကလေး
မလေးတွေကိုမေးကြည့်တော့ သူတို့ရေးပြီး ကပ်ထားပေးတာ ဒီလမ်းထဲက
စားသောက်ဆိုင်တော်များများမှာ ကြော်လှော်စားပွဲထိုး လုပ်ကိုင်နေကြတာ
ရှမ်း၊ ကချင်ဘက်က တိုင်းရင်းသားတွေများတော့ သူတို့ဖုန်းပိုက်ဆံထည့်
ရင် အဆင်ပြေအောင် လုပ်ပေးထားတာလို့ပြောပါတယ်။သူတို့ပြောမှ
 သတိထားလိုက်မိပါတယ်။ ချင်းမိုင်လမ်းထိပ်က ပင်လယ်စာဆိုင်မှာလည်း
တိုင်းရင်း သားကလေးတွေချည်းလိုလိုမို့အဲ့ဒီဆိုင် ရောက်ရင် ဆိုင်လူမကျ
တုန်းစကားပြောဖူးတာပဲ။

သူတို့အားလုံးကို ပင်လယ်စာဆိုင်ရှင်ကနေစရာပေးတစ်နေ့သုံးခါကျွေးပြီး 
 ဆိုင်သက်ပေါ် မူတည်လို့ဘတ် ၄၀၀၀ ကနေ ၆၀၀၀ ခန့်အထိ ပေးပါတယ်။ အခန်းခနဲ့ စားစရိတ်ပေါင်းတွက် ကြည့်ရင် အဆင်ပြေလောက်တဲ့အခြေ
အနေမို့သူတို့အဲ့ဒီဆိုင်မှာမြဲတာ တွေ့ရပါတယ်။ဒီမှာအခန်းအရေအတွက်
များများစားစားလုံလုံလောက်လောက်ရှိသလို အခန်းခတွေကလည်း
တစ်လ ဘတ် ၂၀၀၀ ခန့်ကနေ ဘတ်ကိုးထောင်၊တစ်သောင်းအထိရှိပါ
တယ်။ (အခန်းခတစ်လတစ်ခါပေးတဲ့အခါ အခန်းခ တစ်လ ၂၀၀၀
အပြင် ရေဖိုး၊ မီးဖိုး၊ အင်တာနက်ဖိုး ပေါင်းပေးရပါတယ်။ ရေဖိုးမီးဖိုးက
ကိုယ် သုံးသလောက်ကျသင့်ပြီး အင်တာနက်ဖိုးက တချို့မတောင်း၊တချို့
၁၀၀၊ တချို့ ၁၅၀ ခန့်ပေးရတာပါ။ တစ်ထပ်အခန်းတွဲ လေးတွေရှိသလို 
သုံး၊ လေးထပ်ကနေအထပ် ၂၀၊ ၂၅ထပ်ရှိတဲ့အခန်းတွဲတွေလည်းရှိပါ
တယ်။ မြန်မာပြည်ကဟိုတယ်ခန်းတွေလို အခန်းတွေ ငှားကြတာဖြစ်ပြီး
 တချို့လည်းတကယ်ပဲ ဟိုတယ်ဖွင့်တာ လူမာလာလို့ အခန်းငှားစားကြ
တာလည်းရှိပါတယ်။ ဗစမေအာနညအ လို့ခေါ်ဝေါ်သုံးစွဲကြပြီး
နိုင်ငံခြားသားတွေရောထိုင်းတွေပါငှားရမ်းနေ ထိုင်ကြပါတယ်။ နိုင်ငံခြား
သားတွေ က အထပ် ၂၀ ကျော်အဆောက်အအုံက အခန်းတွဲတွေ
 ငှားနေကြတာများပြီး အဲ့ဒီအခန်းတွေကဈေးလည်းကြီးပါတယ်။ ထိုင်း
တွေကသုံး၊ လေးထပ်အဆောက် အအုံအခန်းတွဲတွေ ခုနစ်ထပ်၊
ရှစ်ထပ် အဆောက်အအုံအခန်းတွဲတွေမှာအများဆုံး နေကြပါတယ်။

မြေညီထပ်အခန်းတွဲပဲဖြစ်ဖြစ်၊ သုံး၊ လေးထပ်အခန်းတွဲပဲဖြစ်ဖြစ်၊ အထပ်
၂၀၊ ၂၅ ထပ်ရှိတဲ့အခန်း တွဲပဲဖြစ်ဖြစ် အခန်းတိုင်းမှာ ခုတင်၊မွေ့ရာ၊
ဗီရို၊ မှန် တင်ခုံ၊ တီဗွီ၊ ပန်ကာ၊ အဲယားကွန်း၊စားပွဲ၊ ကုလားထိုင်၊
ရေခဲသေတ္တာစတဲ့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးထည့်ထား
ပေးပါတယ်။ထည့်ထားတဲ့ပစ္စည်းတွေက အဆောက်အအုံရဲ့
သက်တမ်းပေါ်လိုက်ပြီး အသစ် အဟောင်းကွဲ ပေမယ့် လူနှစ်ယောက်
ခန့်အသင့်တက်နေ လိုက်ရုံအဆင်ပြေအောင်လုပ်ပေးထားပါတယ်။
အခန်းတွဲပါ အဆောက်အအုံတွေမှာဆိုင်ကယ်၊ ကားရပ်ဖို့ပါကင်၊ 
အ၀တ်လျှော်ဖို့ပိုက်ဆံထည့်လျှော်လို့ရတဲ့ အ၀တ်လျှော်စက်၊ ရေသန့်
ဖြည့်တဲ့စက်နဲ့ ဖုန်းငွေဖြည့်စက်စတာတွေအားလုံးထားပေးထားပါ
တယ်။ ချင်းမိုင်မှာအဲ့ဒီလို အခန်းငှားတဲ့ အဆောက်အအုံတွေလျော့
သွားတယ်မရှိဘဲ အသစ်တိုးဆောက်နေတာပဲတွေ့နေရတာကြည့်ရင် အခန်းတွဲငှားစားတာတွက်ခြေကိုက်ပုံပါပဲ။ အခန်းတွဲငှားတဲ့အခါတချို့
အဆောက်အအုံတွေက ရက်ပိုင်းငှားသလိုတချို့ အဆောက်အအုံ
တွေကျ လပေးပဲငှားကြတာလည်းရှိပါတယ်။ ရက်ပိုင်းငှားရင် ဈေးပို
တောင်းပြီး လနဲ့ချီငှားရင် ဈေးလျှော့ပေးပါတယ်။ဆိုကြပါစို့။ အခန်း
တစ်ခန်း လပေးငှားရင် တစ်လဘတ် ၂၀၀၀ ပဲပေးရပြီး ရက်ပိုင်းငှား
ရင်တော့တစ်ရက်ကို ဘတ် ၂၀၀ လောက်ယူပါတယ်။(ဟိုတယ်မှာ
တစ်ရက်တည်းရင် ဈေးအနည်းဆုံးတောင်တစ်ရက်ဘတ် ၃၅၀၊ ၄၀၀
 လောက်ကျသင့်တာမို့ ချင်းမိုင်မြို့ခံနဲ့ ရင်းနှီးတဲ့အကြောင်းသိ
နိုင်ငံခြားသား တချို့ချင်းမိုင်လာလည်ရင် အခန်းငှားနေကြပါ
တယ်။)

လပေးငှားတဲ့အခါတချို့ အခန်းတွဲပိုင်ရှင်တွေက အခန်းခရဲ့ နှစ်ဆ
စပေါ်တင်မှ ငှားတာရှိသလို တချို့ကလည်းတစ်လစာပဲ ကြိုတင်ခိုင်း
တာမျိုးလည်းရှိပါတယ်။ ၅၀၀၊ ၁၀၀၀ လောက်ပဲပိုပေးထားဖို့ ပြောတဲ့
အခန်းတွဲပိုင်ရှင်လည်းရှိတော့ စပေါ်ငွေကတော့ ပိုင်ရှင်အပေါ်မူတည်
တယ်လို့ ဆိုရမှာပါ။ ပိုင်ရှင်ဆိုတာထက်ငှားရင်တော့ မန်နေဂျာနဲ့ပဲ
ပြောဆိုရတာပါ။ (နိုင်ငံခြားသားငှားရင် ပတ်စ်ပို့ပထမစာမျက်နှာ
မိတ္တူပေးထားရပါတယ်။)ရန်ကုန်မှာ တိုက်ခန်းငှားရင်ခြောက်လ၊ တစ်နှစ်
စာတစ်ခါတည်း ကြိုပေးရတာထက်စာ ရင် အခန်းခနှစ်ဆ
စပေါ်ပေးရဦးပေးပျော်ပါ တယ်။ အခန်းထဲ Full Furniture လို့ခေါ်တဲ့
အိမ်ထောင်ပရိဘောဂ အပြည့်အစုံလည်းထည့်ထားပေး
သေးဆိုတော့ ရန်ကုန်သားတွေက တော့အိုကေမှာ စိုပြည်တာပါပဲ။

အခန်းတွဲ စည်းကမ်းတွေကလည်း အမျိုးမျိုးပါ။ တချို့အခန်းတွဲတွေက 
 အဆောက်အအုံထဲ ဖိနပ်ပေးမစီးပါဘူး။ အ၀င်ဝမှာချွတ်စိတ်မချရင် 
ကိုယ့်ဖိနပ်ကိုယ် ကောက်ကိုင်
သွားရုံ၊ အများစုကတော့ ဖိနပ်ပေးစီး
ပါတယ်။ အခန်းတွဲအများ စုစည်းကမ်းကတော့ အချိန်မတော် ဆူဆူ
ပူပူမလုပ်ရဘူးဆိုတာပါတယ်။ အခန်းတွဲ သဘာဝအများစု နေကြတာ
ဆိုတော့ ညအချိန်မတော်ဒေါက်ဖိနပ် သံတဒေါက်ဒေါက်အပါအ၀င်
တစ်ခါတလေ ထွက်ပေါ်လာတတ်တဲ့ ဆူညံသံတချို့နာခံတတ်ရပါ
မယ်။ အများစုနေကြတာဖြစ်လို့နေတဲ့အများစုကလည်းလူပေါင်းစုံဖြစ်
ပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကုမ္ပဏီဝန်ထမ်း၊ဈေးသည်ကအစ
နိုက်ကလပ်နဲ့ ရေချိုးခန်းက အပျော်မယ်တွေလည်းအခန်းတွဲ မှာငှား
နေကြတာပါ။ အဘိုးအိုတစ်ဦးတည်း အခန်းငှားနေတတ်သလို လက်
မထပ်ရသေးတဲ့ ချစ်သူစုံတွဲတွေ၊ အငယ်အနှောင်းတွေလည်း နေကြ
ပါတယ်။

အများစု နေတာဖြစ်လို့ အများစုရဲ့ မတူကွဲပြားတဲ့အမြင် တွေနဲ့မတူကွဲပြား တဲ့လုပ်ရပ်တွေကိုနားလည် ပေးဖို့လည်း အင်မတန်လိုအပ်ပါတယ်။
ပစ္စည်းပျောက်တတ်တဲ့ အခန်းတွဲတွေရှိသလို၊ စီစီတီဗွီကင်မရာတွေနေ
ရာမလပ်တပ်ထား တဲ့အခန်းတွဲတွေလည်းရှိပါတယ်။ များသောအားဖြင့်
တော့ လွတ်လွတ်လပ်လပ်နေလိုတဲ့ လူပျို လူလွတ်တွေအတွက်ချင်းမိုင်
ကအခန်းတွဲတွေက အဆင်ပြေပါတယ်။ တစ်ခုသတိပြုရမှာကတော့ 
အခန်းထဲထည့်ပေးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ့်ကြောင့်
ပျက်စီးရင်တော့ ပေးထားတဲ့စပေါ်ငွေဆုံးပြီဆိုတာပါပဲ။
 

တရားမ၀င် ၀င်ရောက်လာသည့် ပါကစ္စတန်နိုင်ငံသား ၂ ဦးအား အရေးယူထား

 နေပြည်တော်၊ သြဂုတ် ၉

 ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် ကရင်ပြည်နယ်၊
 မြ၀တီမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ပါကစ္စတန်နိုင်ငံသား ၂ ဦး ရောက်ရှိနေကြောင်း သတင်းအရ မြ၀တီခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ၀န်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြ၀တီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း
အဖွဲ့သည် ဂျာမေဗလီ ဥက္ကဌနှင့်အတူ သွားရောက်ခဲ့ရာ ဗိုလ်ချုပ်လမ်းနှင့် ခရေလမ်းထောင့်ရှိ ““ရွှေလက်ရာ”” ထမင်းဆိုင်မှ ထွက်လာသော အဆိုပါ ပါကစ္စတန်နိုင်ငံသား၂ဦးအား   တွေ့ရှိရသဖြင့် ခေါ်ယူစစ်မေးခဲ့သည်။

 စစ်ဆေးချက်အရ ပါကစ္စတန်နိုင်ငံ၊ Pebshwar မြို့နေ Mr.Waheed Noorun(၄၄)နှစ်၊ Mr. Riaz Muhammad (၄၄)နှစ်တို့ဖြစ်ပြီး ၎င်းင်းတို့ ၂ ဦးသည် မြ၀တီမြို့သို့ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရ သောကြောင့် Mr.Waheed Noorun နှင့် Mr. Riaz Muhammad တို့ ၂ ဦးအား မြ၀တီမြို့မရဲစခန်း (ပ)၁၄၀/၂၀၁၄၊ လ၀ကအက် ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်



Friday, August 8, 2014

Citizens of Myanmar

Who we are?
We are neither junta pets nor blind exile media supporters! We are here to voice the real opinion of genuine Myanmar citizens out!
We, the legal, official and genuine Myanmar citizens, become to realize that there are less factual opinions and unbiased voices in English when it comes to Myanmar political and national issues. We could easily find a report from an exile media but rarely a single note by Myanmar nationals. We would like to change this cliche by voicing out more.
Our aim is to let the international community know how we really feel, how we actually face and what we truly wish to say about our country, the government and the world.
Mission
To serve the international readers with fresh and true voices of Myanmar people without any kind of influence neither from the government nor the exile medias or politicians.
Vision
To be a reputable online media for any issues regarding to Myanmar.

Citizen Media Trend in Myanmar

Myanmar media industry sounds very interesting comparing to that of others. Printed media is currently the most powerful tool to express local and international news among locals. All TV News channels are owned by government. Yet a number of Myanmar internet users unconsciously transform themselves to be Netizens by participating very eagerly on social network discussions such as Facebook.  The facts about news and media in Myanmar are sometimes unbelievable yet trending of citizen media is pretty amazing.
TV Station (Local)
Surprisingly there’s no purely private own channel in Myanmar. At least 60% of each channel is managed by government directly. All four main news agency namely MRTV, MRTV-3 (mostly in English), MRTV-4 and MWD broadcast almost identical news everyday and 90% of those news are about the events, trips and activities of generals and government ministers where public shows very little interest on. People watch such channels mostly for Korean/Chinese drama series, some shows and special entertainment programs. Lately, a station called SKYNet gradually become popular as it rebroadcasts some foreign channels and updated local entertainment programs legally yet it has to be run according to government’s rules and regulations.
The hosts and news anchors in MRTVs and MWD are mostly government staffs while MRTV-4 and Skynet could hire private Television personalities.

Radio (Local)
 
There are one AM Radio station and several FM Radio stations in Myanmar according to state and division on the country but almost all of them are for entertainment only. There is no such thing such as radio news reporter nor anchor. People usually listen to those for daily entertainment and new songs.
Radio (Exile)
Exile radio channels where part or all of them include broadcasting in Myanmar language such as BBC, VOA, RFA and DVB were pretty famous and reliable for Myanmar public. As they stood up against military government for every issues, people welcomed and enjoyed listening to them. Recently, when Myanmar is about to be opened up, such channels’ popularity reduced due to some biased facts and figures.
Printed Media (Local)
There’s “no” private Newspaper in Myanmar. There are 2 major papers where the only differences are advertisements and both are owned by government. Mandalay city has its own Newspaper and an English paper is also distributed though those are less well-known comparing to two major papers.
90% Myanmar people assume that if it is released daily, it must be called “Newspaper”. Journals have to be released “weekly” and those produced “monthly” must be called Magazines regardless of content and forms.
Myanmar government hasn’t allowed producing a non-government paper yet more than a hundred of journals under several categories are being distributed each week under censorship. News journals and sports journals are the most famous types while entertainment and pop news journals may stand at second. Other categories include religion and beliefs, real estate and vehicles info, children comic, music and so on. At the beginning of journal trends, only those who have had good connection with government generals could have a chance to get the approved license to distribute. Lately, almost everyone who have enough financial support could apply to publish a journal.
Most of the editors and journalists working in printed Media industry are less well-trained. Lack of job opportunities after graduation indirectly forced most of them to work reporters though only very few of them have been dreamt to be a reporter.  Due to lack of proper resources, training and knowledge on media ethnics, disputes are very often occurred among journalists and politicians, journalists and bloggers and journalists and celebrities. Recent disputes include an issue between a reporter and a security staff of Aung San Suu Kyi, democracy leader of Myanmar where reporter was believed to be against with staff’s direction on taking photo of Aung San Suu Kyi and got yelled by staff, a copyright issue between a blogger and a journal where the journal printed an interview translated by a Myanmar blogger abroad without permission nor acknowledgement, suing to one of the most famous celebrities by a Journalist where the journalist questioned inappropriately regarding to abortion of the actress which led actress to slap journalist in public and many more. Due to such unreliable factors, public tend to lose their interest and less depend on local printer journals ever than before.
Web/Digital Media (Local)
Most of the local digital media are set up mostly by printed media giants. Sometimes, they post the breaking news or hot news regarding to political and government related issues which they can’t publish in physical journals due to strict censorship. All of such sites are mostly in Myanmar language since it’s main audience are Myanmar people across the world. Sometimes, they post articels which are mainly isolated for personal purposes such as the speech given by CEO of the journal.
Some sites do allow commenting on the news article and some people found some of the threads there are brilliant. And those are the very beginning of citizen media in Myanmar.
Digital Media (Exile)
As local digital media are founded by local journals, likewise, exile digital media are run by exile radio stations.
Most of those sites are in bi-lingual, each language serve different audiences: Myanmar speakers and non-Myanmar speakers. International communities who have interest on Myanmar usually watch such exile media’s sites as sort of reliable source. Those were reputable digital media for locals as well until they push some articles too much to be with biased and unfair facts. Rakhine ethnic people in Myanmar felt insulted according to wrong figure on a Myanmar map in an article by BBC, most of the locals were furious about referring General Aung San, father of Myanmar as “Aung San” in Myanmar language which indeed was an unpolite and professional manner done by Irrawaddy, stepping on Myanmar new official flag by Burma Campaign UK made myanmar citizens express anger though locals are not fond of new flags. Such attitude and actions gained less number of people who rely on exile digital media.
Citizen Media
When avid news readers realize that commenting on websites are pretty limited, they tend to move to other places such as Facebook groups, Facebook pages and Blogs. Blogging have introduced to local and exile communities years ago and some of experienced bloggers tend theirs to be CMS and news portals.
As Facebook is the only social network where 90% of Myanmar Internet users enjoy using, voicing out there have affected some real world issues. Halting Myit Sone Damn project, By-election, NLD joining Parliament and many more political related and non-political related issues were willingly discussed and argued by netizens on Facebook. Not only public but also president’s secretary office’s staffs, senators from NLD and army staffs are on Facebook though there is no official page/account neither for president nor opposition leader.
Not only in words but also by photographs, public informed public with local news. Several citizen journalists known as CJs become well-known on Facebook. Some works individually while others formed a group to communicate and collaborate. Their photos also become a source for netizens to discuss more about the current issues.
Some expressed their disappointments regarding time-taking and endless arguments on Facebook yet others begin to value the importance of citizen media and diverse opinions. It would not be an easy journey for netizens to voice out between inaccurate government media and biased exile media. But, yes, the journey begins.

စာနယ်ဇင်းလောက နာမည်ဖျက်မည့်အရေခြုံသတင်းသမား များဝင်ရောက်နေ

နိုင်လင်း၊ ရန်ကုန်၊ သြဂုတ်-၈

စာနယ်ဇင်းလောကနာမည်ပျက်စေရန် ရည်ရွယ်၍ အရေခြုံသတင်း
သမားများစာနယ်ဇင်းလောကအတွင်း ထိုးဖောက်ဝင်ရောက်လာမှု
များရှိနေ၍ မီဒီယာလောကသားများအနေဖြင့်ကျင့်ဝတ်ကိုတိကျစွာ
လိုက်နာကာအရေခြုံသတင်းသမားများနှင့် ကွဲပြားစွာပြုမူဆောင်ရွက်
ရန်လိုအပ်ကြောင်းနှင့် အဆိုပါအရေခြုံ သတင်းသမားများကိုလည်း
ကျင့်ဝတ်နှင့်ညီသောသတင်း သမားများဖြစ်လာစေရေးစည်းရုံးနိုင်ရန်
လိုအပ်ကြောင်းမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေး
မှူးဦးကျော်မင်းဆွေက သြဂုတ် ၈ ရက်၌ စံတော်ချိန်သို့ပြောဆိုခဲ့သည်။

"အရေးကြီးတာကစတုတ္ထမဏ္ဍိုင်တာဝန်ထမ်းတဲ့အခါ စတုတ္ထမဏ္ဍိုင်ဆို
တာမဏ္ဍိုင်သုံးခုစလုံးဟာနိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားနဲ့သွေဖည်
  နေပြီး ဥပဒေကြောင်းနဲ့မညီဘူး၊ လွဲတာ၊ ချော်တာတွေဖြစ်နေပြီဆိုရင်
ကျွန်တော်တို့က ပြည်သူလူထုနဲ့ နိုင်ငံတော် တစ်ရပ်လုံးကိုယ်စားဝေဖန်
  ထောက်ပြ အကြံပြုရမယ့်လူတွေဖြစ်တဲ့အတွက် ကျန်တဲ့မဏ္ဍိုင်အားလုံး
နဲ့ ပြည်သူတွေရဲ့ယုံကြည်လေးစားမှုရဖို့လိုတယ်။ အဲ့ဒီလိုယုံကြည်လေး
စားမှုရဖို့ဆိုရင် ကျွန်တော်တို့က တန်ဖိုးမြှင့်တင်မှရမယ်။ တန်ဖိုးမြှင့်
ဖို့ဆိုရင် ကျွန်တော်တို့က စာနယ်ဇင်းအတတ်ပညာ သေသေချာချာကျ
ကျနနတတ်ဖို့ရယ်၊ ကျင့်ဝတ်စောင့်ထိန်းလိုက်နာဖို့ရယ်အဲဒီနှစ်ချက်အဓိ
ကလိုအပ်ပါတယ်"ဟု ဦးကျော်မင်းဆွေက ပြောဆိုခဲ့ပါသည်။

လက်ရှိအချိန်တွင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများ၌သတင်း
မီဒီယာလောကနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ပျံ့နှံ့လျက်ရှိပြီး ပြီးခဲ့
သည့်ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့) ကရန်ကုန်မြို့ရှိအာဇာနည်ဗိမာန်
၌ ဖြစ်ပွားခဲ့သည့်လုံခြုံရေးတာဝန်ကျ ကြက်ခြေနီတပ်ဖွဲ့ဝင်အနုပညာရှင်
တစ်ဦးနှင့် ရုပ်သံသတင်းထောက်တစ်ဦးတို့ အချင်းများခဲ့မှုနှင့် အူရီဒူး
ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲ၌ အဆိုပါကုမ္ပဏီမှ ပေးအပ်သည့်လက်
ဆောင်ပစ္စည်းများ လက်ခံရယူခဲ့သည့်သတင်းသမားများနှင့်ပတ်သက်၍
ဝေဖန်မှုများမှာ သတင်းမီဒီယာနှင့်ပတ်သက်၍ လူသိများထင်ရှားခဲ့သည့်
လတ်တလောဖြစ်ရပ်များဖြစ်သည်။
"အဲ့ဒီလူတွေနဲ့ ကွဲပြားအောင်နေဖို့ဆို
တာထက် ကျွန်တော်တို့ဘက်ကိုပါလာအောင် ကျင့်ဝတ်နဲ့ညီတဲ့ ဂျာနယ်
လစ်တွေဖြစ်လာအောင် စည်းရုံးဆွဲဆောင်ဖို့မီဒီယာလောကသားအားလုံး
က ကျင့်ဝတ်ကိုတစ်နေ့တခြား များများလိုက်နာလေလေသူတို့ကိုယ့်ဘက်
ပါလာလေလေပေါ့။အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါကိုအထူးပြုပြောနေရ
ခြင်းဖြစ်ပါတယ်"ဟု ၎င်းကထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ )အနေဖြင့်လည်း မီဒီယာကျင့်
ဝတ်များနှင့် ပတ်သက်၍ဟောပြောပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်
လျက်ရှိသည့်အပြင် သတင်းဌာနများနှင့် ချိတ်ဆက်ကာ ဆွေးနွေးဆောင်
ရွက်မှုများပြုလုပ်၍မီဒီယာကျင့်ဝတ်ပိုင်း စောင့်ထိန်းမှုများမြှင့်တင်နိုင် ရေး
အတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပုဂ္ဂလိကမီဒီယာများ၏ပိုမိုပူး
ပေါင်း ပါဝင်ဆောင်ရွက်မှုများရှိမှသာကောင်စီ၏လုပ်ဆောင်မှုများအောင်
မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပင်ဆက်လက်ပြောဆိုသည်။

"အရေခြုံဝင်လာတာတို့၊ တခြားလောကကနေ ဖျက်ဆီးဖို့ရောက်လာတာ
တို့ အဲ့ဒီလို စွပ်စွဲနေမယ့်အစား ကိုယ်ကိုယ်တိုင် တစ်ဦးချင်းစီကကျင့်ဝတ်
က ဘာရှိလဲဆိုတာသိအောင်လုပ်မယ်။ ကိုယ့်အတတ်ပညာ၊ အသက်မွေး
ဝမ်းကျောင်းအတတ်ပညာကို ကျွမ်းကျင်လာအောင်လုပ်မယ်ဆိုရင်မီဒီယာ
လောကပိုပြီးတော့ကောင်းလာနိုင်ပါတယ်"ဟု မြန်မာဂျာနယ်လစ်ကွန်ရက်
တွဲဖက်အတွင်းရေးမှူး(၂)ဦးသန်းဌေးက ၎င်းင်း၏အမြင်ကို ဖွင့်ဟခဲ့သည်။

ပင်မရေစီးကြောင်းပေါ်၌ တရားဝင် ရပ်တည်နေကြသည့် သတင်းဌာနများ
အနေဖြင့်ယင်းကဲ့သို့ရည်ရွယ်ချက်ရှိရှိဖြင့် မီဒီယာလောကကိုပျက်စီးစေရန်
ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေခြင်းမရှိ ဟုယူဆသော်လည်းတာဝန်ယူမှု၊
တာဝန်ခံမှုမရှိသည့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် တာဝန်ခံမှု
မရှိဘဲ ရေးသားဖြန့်ဝေသည့် လုပ်ဆောင်မှုများကိုမူမီဒီယာကျင့်ဝတ်နှင့်ပတ်
သက်၍ ထည့်သွင်းပြောဆိုလိုခြင်းမရှိကြောင်း ဦးသန်းဌေးကပင် ပြောဆိုခဲ့
သည်။

  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် သမ္မတဦးသိန်းစိန်တို့တွေ့ဆုံ
စဉ်က သဘောတူညီမှုရရှိထားသည့်အတိုင်း မဏ္ဍိုင်ကြီးသုံးရပ်နှင့်မီဒီယာ
တွေ့ဆုံပွဲများ ပြုလုပ်ရန်အတွက်လတ်တလောအနေဖြင့် လက်ရှိ မီဒီယာ
အသင်းအဖွဲ့များဖြစ်သည့်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊မြန်မာ
ဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း စသည့်
အသင်းအဖွဲ့များကို အဓိက အခြေခံ၍ဖိတ်ကြားသွားမည်ဖြစ်ကာသီးခြား
တစ်ဦးချင်း ထည့်သွင်းစဉ်းစားမှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး
ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန်အတွက်မူသက်ဆိုင်
ရာသတင်းဌာနများမှ သတင်းထောက်များ၊အယ်ဒီတာများနှင့် ထုတ်ဝေ
သူများပါဝင်သည့် တွေ့ဆုံမှုများကို စီစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော်မင်း
ေ ဆွေက ရှင်းပြခဲ့သည်။
 စံတော်ချိန်

(၂၆)နှစ်မြောက်ရှစ်လေးလုံးနှစ်ပတ်လည်နေ့အမေရိကန်သံအမတ်ကြီး ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ သြဂုတ်-၈

  ရှစ်လေးလုံးအရေးတော်ပုံ၏ (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင်
  မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချယ်ကကြေ
ညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ယနေ့သည် မြန်မာနိုင်ငံ
  ပြုပြင်ပြောင်းလဲရေးအတွက် ရှစ်လေးလုံးနေ့က ချီတက်ဆန္ဒပြကြသူ
များ စွန့်လွှတ်စွန့်စားပြီး သွေးမြေကျခဲ့သည့်နေ့ ခေတ်သစ်မြန်မာ့သ
မိုင်း၏ ၀မ်းနည်းကြေကွဲဖွယ် ထိုနေ့၏ (၂၆)နှစ်မြောက်နှစ်ပတ်လည်
  နေ့ ဖြစ်ပါသည်။

"ပြီးခဲ့သည့်နှစ် နှစ်ပတ်လည် အခမ်းအနားသို့ ချီတက်ဆန္ဒပြခဲ့သူများ၊
ထိုနေ့ကသေဆုံးသူများ၏ မိသားစုဝင်များနှင့်အတူလက်ရှိအစိုးရအဖွဲ့
ဝင်များတက်ရောက်ခဲ့ကြသည့်အတွက်ထူးခြားသည့်အခမ်းအနားတစ်
ခု ဖြစ်ခဲ့ပါသည်။" "ယနေ့သည် ၀မ်းနည်းကြေကွဲဖွယ်နေ့တစ်နေ့ဖြစ်
ေ သော်လည်း မည်သည့် အခါမျှ ဤနေ့ကို မမေ့အပ်ကြောင်း၊ သို့မှသာ
သဘောထားကွဲလွဲမှု၏ အန္တရာယ်ကို အမှတ်ရစေပြီး လူ့အခွင့်အရေး၊
တရားမျှတမှု၊ လူသားအားလုံး၏ ဂုဏ်သိက္ခာကိုလေးစားတန်ဖိုးထား
သည့်ငြိမ်းချမ်းသောဒီမိုကရေစီတည်ဆောက်ရေး ရည်မှန်းချက်ကို
အကောင်အထည်ဖော်ရန်အရေးပါသည့်လုပ်ငန်းအဖြစ် မြန်မာနိုင်ငံ
၌တည်ရှိနေမည်ဖြစ်ပါကြောင်း" အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်
ချယ်က ထုတ် ပြန် ကြေညာခဲ့သည်။

US White Pages is the leading service for finding people in social networks of USA. In the list myatkyaw64 is me.

Did you mean: myat kyaw 64
The latest from myatkyaw64 (@myatkyaw64). interest in news and information. Yangon,Myanmar.
https://twitter.com/myatkyaw64
Labeledtwitter
5 days ago ... Don't miss any updates from myatkyaw64. © 2014 Twitter; About · Help · Ads ... Have an account? Sign in. Follow. myatkyaw64 ‏@myatkyaw64.
https://twitter.com/myatkyaw64/status/495951905349058560
Labeledtwitter
Soe Myat Naing · Khin Myat · Aye Chan Kyaw Kyaw · Kyaw Lwin · Win Myat Myat Aung. Contact Information. Facebook. http://facebook.com/myatkyaw64 ...
https://www.facebook.com/myatkyaw64
Labeledfacebook
Myat Kyaw is on Facebook. To connect with Myat, join Facebook today. Join Log In. Myat Kyaw likes: Other. Facebook · Rihanna · Coca-Cola · YouTube
m.facebook.com/myatkyaw64
Labeledfacebook
See what Myat Kyaw (myatkyaw64) has discovered on Pinterest, the world's biggest collection of everybody's favorite things.
www.pinterest.com/myatkyaw64/
Labeledpinterest
Jun 22, 2014 ... ... Sachin Wazalwar · Rosalia · Karam Singh · Su328 · shoaib siddiqui · Seleção Brasileira · Gene Ball · myatkyaw64 · Simply Chanakya.
https://twitter.com/HTSportsNews/status/480817483062865921
Labeledtwitter
Aung San Suu Kyi wikipedia.org 28,251 people like this topic. Edit About Aung San Suu Kyi Government Official. Aung San Suu Kyi MP AC (Burmese: ...
https://www.facebook.com/myatkyaw64/posts/411952168915170
Labeledfacebook
HUMAN FROM NEW YORK For many people, Facebook is a platform for people to share their passion and gain a following. Brandon Stanton moved to New ...
https://www.facebook.com/myatkyaw64/posts/562098683900517
Labeledfacebook
Pyin oo lwin, Yangon, Burma. 147 likes · 1 talking about this. Book Store.
https://www.facebook.com/myatkyaw2012/info
Labeledfacebook
Dagonmedia Group. shared a link. February 28, 2013 ·. myatkyaw64: FARMERS PROTEST MAUBIN 28.FEBRUARY. komyatkyaw.blogspot.com.
https://www.facebook.com/Dagonmediagroup/.../135680999941633
Labeledfacebook

မနေ့ က မအားလပ်လို့ ဖေ့ဘုတ် သုံးချိန်မရ သလောက်ပါဘဲ။ ဒီတော့ သိထားတာတွေ မိတ်ဆွေတွေကို မရှယ်နိုင်လိုက်ဘူး ။
https://ja-jp.facebook.com/myatkyaw64/posts/386616601448727?...
Labeledfacebook
ဆက်သွယ် ရေး နဲ့ ခရိုနီတွေ မတ်လ( ၁ ) ရက်နေ့ မှာ ပူးပေါင်းရောင်းချမယ့် သုံးသိန်းအောက်ဖုန်းကို ...
https://www.facebook.com/myatkyaw64/posts/173342039442852
Labeledfacebook
ရပ်ကွက်အုပ်ချုပ်ရေးမှုးတိုင်းလည်း မကောင်းပါ။ ကောင်းသောအုပ်ချုပ်ရေးမှုးအတွက်လည်း မလွယ်ပါ။
https://www.facebook.com/myatkyaw64/posts/177837222326667
Labeledfacebook
ယနေ့ နံနက် ၁၀နာရီ ၁၀မိနစ် ၀န်းကျင်ခန့် တွင် အနော်ရထာလမ်း၃၁လမ်းနှင့် ၃၂ လမ်းကြားရှိ ...
https://www.facebook.com/myatkyaw64/posts/396522920458095
Labeledfacebook
၂၄။၃။၂၀၁၂ စနေနေ့ က ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို မြို့ နယ်ကနေ လူအင်အားတောင်းတယ်။
https://www.facebook.com/myatkyaw64/posts/198090426968013
Labeledfacebook
20.7.2013saturday today issuse newspapers n journals.
https://fr-fr.facebook.com/myatkyaw64/posts/412374772206243
Labeledfacebook
30.12.2011နေ့ စွဲနဲ့ ထွက်တဲ့မော်ဒန်သတင်းဂျာနယ်မှာ ဘင်္ဂလားဒေရှ့် က ဘင်္ဂလီတွေက ရိုဂျာဟင်ဆိုတဲ့အမည်နဲ ...
https://www.facebook.com/myatkyaw64/posts/154360521341004
Labeledfacebook
ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သတင်းတွေ ကိုမပြတ်တင်ပြပေးဖို့ မီဒီယာတွေကိုမေတ္တာရပ်ခံချင်ပါတယ်။
https://th-th.facebook.com/myatkyaw64/posts/383935521716835
Labeledfacebook
က တော့ ပွဲ ပြင် ကာ လှမ်းခဲ့ တော့ =================== မြန်မာ နိုင် ငံ တစ် ဝှမ်း လုံးမှာ ရှိ နေတဲ့ ပြည်သူ တွေ က သူ ...
https://ja-jp.facebook.com/myatkyaw64/posts/459053284205058
Labeledfacebook
ယနေ့  ၂၅၊ ၅၊၂၀၁၃။ စနေနေ့ ။ ညနေ ၅၊၃၀ နာရီတွင် ကမ်းနားလမ်းရှိ ရွှေဘဲလေး စားတော်ဆက်၌ Mizzima media မှ ရန်ကုန်ရှိ ...
https://ja-jp.facebook.com/myatkyaw64/posts/384375595006161?...
Labeledfacebook
Did you mean: myat kyaw 64
ယနေ့ နံနက် ၁၀နာရီ ၁၀မိနစ် ၀န်းကျင်ခန့် တွင် အနော်ရထာလမ်း၃၁လမ်းနှင့် ၃၂ လမ်းကြားရှိ ...
https://ja-jp.facebook.com/myatkyaw64/posts/396522920458095?...
Labeledfacebook
ယခင် တစ်ပတ် က တရုတ် တစ်ရာ အုပ်စု အကြောင်း ရေးခဲ့သူ ထောင် သူရဲ ဘအုပ် ဟာ မနက် ဖန် ထွက်မယ် စာစောင် မှာ ...
https://ja-jp.facebook.com/myatkyaw64/posts/443508399092880?...
Labeledfacebook
ယနေ့ ထုတ် Daily Eleven သတင်းစာ စာမျက်နှာ ၅ တွင် TIME မဂ္ဂဇင်းမှ When Buddhist Go Bad ဆောင်းပါး ...
https://ja-jp.facebook.com/myatkyaw64/posts/400639250046462?...
Labeledfacebook
မြန်မာနိုင်ငံတွင်းမှာ နေ့ စဉ်ထုတ် သတင်းစာတွေ တော် တော်များများထွက်လာပါပြီ။ ၁။ မြန်မာ့အလင်း ၂။ကြေးမုံ ၃ ...
https://ja-jp.facebook.com/myatkyaw64/posts/381569865286734
Labeledfacebook
လူတစ်ဦးတစ်ယောက် ဒုက္ခရောက်တာကို ဘာသာတရားအရ ၀မ်းမသာသင့်တာတော့ အမှန်ပါဘဲ။ ဒါပေမယ့် ...
https://ja-jp.facebook.com/myatkyaw64/posts/325914140852307
Labeledfacebook
မြင်းကောင်းခွာလိပ်ပြီလား။ မဇ္ဈိမ သတင်းစာ ပြိုင်ပွဲထဲ မှာ ယနေ့  မဇ္ဈိမ သတင်းစာ မထွက်တဲ့။
https://ja-jp.facebook.com/myatkyaw64/posts/386614841448903
Labeledfacebook

စစ်တွေ ဒုက္ခသည် စခန်း၌ ပစ်ခတ်မှု ဖြစ်ပွား၍ လူ ၁ ဦး သေဆုံး


ရခိုင်ပြည်နယ်, စစ်တွေ , ဒုက္ခသည် စခန်း , ရခိုင်ပြည်နယ် အစိုးရ
ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ(မွတ်စလင်) ဒုက္ခသည် စခန်းတခု
 (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီ(မွတ်စလင်)များနေထိုင်သည့် မှန်စီ ဒုက္ခသည် စခန်း၌ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား၍ လူစုခွဲ ပစ်ခတ်ရာ လူ ၁ ဦး သေဆုံးကြောင်း သိရသည်။
မှန်စီ ဒုက္ခသည် စခန်းအတွင်း၌ ဈေးဝယ်နေသည့် အသက် ၂၃ နှစ်ရှိ အလူလာလုံနှင့်လာဘာ ဟူစွန် တို့အား ခိုးဝှက်တတ်သူ များဟုဆိုကာ စခန်းတွင်း နေထိုင်သူများက အုပ်စုဖွဲ့၍ သတ်ဖြတ်ရန် လုပ်ဆောင်ရာ ရဲတပ်ဖွဲ့က ဟန့်တားကြောင်း၊ ဟန့်တား သည့် တပ်ဖွဲ့ဝင်များကို တုတ်၊ ဓား လက်နက်များဖြင့် တိုက်ခိုက်၍ ပစ်ခတ်လူစုခွဲစဉ် ထိမှန်သေဆုံးခြင်း ဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က  ပြောသည်။
“ဒီလ ၆ ရက်နေ့က သူတို့ချင်း ပစ္စည်းအရောင်းအ၀ယ် လုပ်ရာက စကားများ ရန်ဖြစ်ကြတော့ လုံခြုံရေး အဖွဲ့ဝင်တွေက တား တယ်၊ တားတဲ့ရဲတွေကို လူအုပ်စုနဲ့ ရန်ရှာတော့ ပြန်လည် ခုံခံ ပစ်ခတ်ရင်း ထိသွားတာပါ၊ အခုတော့ အခြေအနေ အားလုံး တည်ငြိမ်သွားပါပြီ”ဟု ၎င်းက ပြောပြသည်။
အလူလာလုံနှင့် လာဘာဟူစွန် တို့အား သတ်ဖြတ်မည်ဟု ပြင်ဆင်နေသည့် လူအုပ်စုကို လူစုခွဲရန် ပြောဆိုသည့် ရဲ အား တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများကို ဥပဒေအရဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ လုံခြုံရေး အခြေအနေများကို စနစ်တကျ ဆောင်ရွက်ပေးနေကြောင်း ပြည်နယ် အစိုးရ ပြောခွင့်ရသူ က ဆိုသည်။
ရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်သူများအနက် ရှောင်ရှအာလောင် (၃၀ နှစ်)၊ အဒူကဖူ (၅၂ နှစ်)၊ အဇူမလာစ် (၄၇ နှစ်) တို့သည် ဓားများ ကိုင်ဆောင်ထားကြကြောင်း၊ ဓားများအား လွှတ်ချရန် ရဲတပ်ဖွဲ့ဝင်များက ပြောဆိုပြီး ထိန်းသိမ်းရန် ကြိုးပမ်းစဉ် ရှောင် ရှအာလောင်က အတင်းဝင်ရောက်ပြီး ဓားမဖြင့် ခုတ်သဖြင့် ခုခံပစ်ခတ်စဉ် ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
အဒူကဖူ၊ အဇူမာလစ် အပါအ၀င် ပြစ်မှုကျူးလွန်သူများအား အမှုဖွင့် အရေးယူနိုင်ရန် စစ်တွေမြို့မ ရဲစခန်းက ဆောင်ရွက် လျက်ရှိကြောင်းလည်း သတင်းများ၌ ဖော်ပြထားသည်။
စစ်တွေမြို့နယ်၌ ဒုက္ခသည် စခန်း ၁၀ ခု ၀န်းကျင်ရှိပြီး အများစုမှာ ပင်လယ်ကမ်းခြေနှင့်နီးစပ်၍ ညဘက်တွင် လူဝင်လူထွက် ရှိပြီး လုံခြုံရေး အားနည်းကြောင်း၊ စခန်းများ၌ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများလည်း ရှိကြောင်း၊ ပြီးခဲ့သည့်လ အနည်း ငယ် ကလည်း စခန်းတချို့၌ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း စစ်တွေ ဒေသခံတချို့က ပြောသည်။
ဦးဝင်းမြိုင်က လုံခြုံရေး အင်အား အများအပြားချမထားခြင်းမှာ နိုင်ငံတကာ၏ ပြောဆိုဝေဖန်မှုများ ရှိလာမည်ကို မလိုလား သည့် အတွက် ဖြစ်ကြောင်း၊ လက်ရှိ လုံခြုံရေး အင်အားသည်လည်း လုံလောက်သည့် အနေအထားတွင်ရှိကြောင်း၊ ပြဿနာ ဖြစ်ခြင်းကြောင့်သာ မလိုလားအပ်သည်များ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည် စခန်းတချို့၌ ရဲတပ်ဖွဲ့ဝင်များနှင့် ဒုက္ခသည်များအကြား ရုန်းရင်းဆန်ခတ်မှုများ မကြာ ခဏဖြစ်ပွားခဲ့ကြပြီး ပြီးခဲ့သည့်နှစ်အတွင်းက ရဲ တပ်ဖွဲ့ဝင် တချို့ သေဆုံးမှု ရှိခဲ့သည်။
Irrawaddy


စစ်တွေ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် လူအုပ်ဖြင့်ရန်ပြု၍ ရဲကပစ်ခတ်၊ တစ်ဦးသေ

ရန်ကုန်၊ သြဂုတ် ၈

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ များနေထိုင်သည့် မှန်စီ ဒုက္ခသည်စခန်းတွင် ဖြစ်ပွားသည့် ရုန်းရင်းဆန်ခတ်မှုကို ထိန်းသိမ်းရာတွင် ရဲတပ်ဖွဲ့ဝင်များကို လူအုပ်စုလိုက် ရန်ပြုသဖြင့် ပစ်ခတ် ဟန့်တားခဲ့ရာ တစ်ဦးသေဆုံးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အသက် ၂၁ နှစ်အရွယ် အလူလာလုံ နှင့် အသက် ၁၃ နှစ်အရွယ် လာဘာဟူစွန်း ဆိုသူနှစ်ဦးသည် သြဂုတ်လ ၆ ရက်နေ့က အဆိုပါ ဒုက္ခသည်ကယ်ဆယ်ရေး စခန်းရှိ ကွမ်းယာဆိုင်တွင် ဈေးလာဝယ်စဉ် ၄င်းတို့ နှစ်ဦးသည် ပစ္စည်းခိုးဝှက်တတ်သူများဟု ဆိုကာ လူအုပ်စုတစ်ခုက ဖမ်းဆီး ခေါ်ဆောင်ရာမှ ရုန်းရင်းဆန်ခတ်မှု စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
"ကောင်လေးနှစ်ယောက်ကို သူခိုးဆိုပြီး ကြိုးတုပ် ခေါ်သွားတယ်။ လိုက်သွားတဲ့ ရဲတွေကိုလည်း ခဲတွေနဲ့ ပစ်တယ်။ လေးဂွတွေနဲ့ ပစ်တယ်။ ဓားတွေနဲ့ ပြန်ပြီး ခုခံတယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ ပြဿနာကို ရဲတပ်ဖွဲ့က သွားရောက် ဖြေရှင်းရာတွင် လူ ၇၀ ရှိသည့် လူအုပ်က တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဆူပူအော်ဟစ်နေသဖြင့် လူစုခွဲရန် သတိပေးခဲ့ကြောင်း၊ လူအုပ်စုက ယင်းအမိန့်ကို မလိုက်နာသည့်အပြင် ဖမ်းထားသည့် လူနှစ်ဦးကို လယ်ကွင်းသို့ ဆွဲခေါ်ပြီး သတ်ဖြတ်ရန် လုပ်ဆောင်၍ သေနတ် ငါးချက်ပစ်ခတ် ဟန့်တားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ လူနှစ်ဦးကို ဆက်လက်ဆွဲခေါ်သွားသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့ သေနတ်ဖြင့် တစ်ချက် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်သော်လည်း နောက်မဆုတ်ဘဲ အော်ဟစ်ဆဲဆိုပြီး ခဲဖြင့် ပစ်ပေါက်သဖြင့် သေနတ်လေးချက် ထပ်မံပစ်ခတ်ခဲ့ရာ လူအုပ်အနည်းငယ် ရှင်းလင်းသဖြင့် ဖမ်းဆီးခံထားရသူ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယင်းထုတ် ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် အသက် ၃၀ အရွယ် ရှောင်ရှအာလောင်ဆိုသူက ရဲတပ်ဖွဲ့ဝင် များကို ဓားဖြင့် ဝင်ခုတ်သဖြင့် ရဲက ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ပြီး ဓားကိုင်ထား သူနှစ်ဦးဖြစ်သည့် အဒူကဖူ၊ အဇူမာလစ် တို့ကို ဖမ်းဆီး အရေးယူထားကြောင်း စစ်တွေမြို့ မြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ခဲများဖြင့် ပစ်ခတ်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးထားသူနှစ်ဦးကို ၃၄၂ (မတရားချုပ်နှောင်မှု)၊ ၃၃၃ (တာဝန် ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်း အပြင်းအထန် နာကျင်စေမှု)၊ ၁၄၈ (သေစေသည့် လက်နက်ဖြင့် ရုန်းရင်းဆန်ခတ်မှု)၊ ၃၅၃ (ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောင့်ယှက်မှု)၊ ၁၁၄ (အားပေးကူညီမှု)၊ ၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ၄င်းကဆိုသည်။

The Voice News.

ဝ” ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု မရှိတော့ကြောင်း UWSP ပြော


ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နာမည်ကျော်ခဲ့တဲ့ “ဝ” ဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝ မရှိတော့ဘူးလို့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
“ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသ အတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိနေဆဲပဲလို့ နိုင်ငံတကာ က စောင့်ကြည့် လေ့လာသူတွေနဲ့ “ဝ” ဒေသခံတချို့က ပြောဆိုမှုတွေ ရှိနေကြောင်း ဧရာဝတီက မေးမြန်းမှု အပေါ် UWSP က အခုလို ငြင်းဆန် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
UWSP ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က “၂၀၀၅ ခုနှစ်ကစပြီး ကျနော်တို့ထိန်းချုပ်နယ်မြေထဲမှာ ဘိန်းတပင်မှ မစိုက်တော့ပါဘူး။ အချိန်မရွေး ကြိုက်သလို လာရောက် စစ်ဆေးနိုင်ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
UWSA ထိန်းချုပ်ဒေသတွင်းမှာ မူလက ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ ရှိခဲ့ပေမယ့် ၂၀၀၅ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နေ့ကစပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှုတွေမရှိတော့အောင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ကင်းစင်နယ်မြေ ဖြစ်လာခဲ့တာလို့လည်း ဆိုပါတယ်။
“ဝ”ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှုတွေကတော့ လျော့ကျသွားတာမှန်ပေမယ့် အမြစ်ပြတ်ပျောက်ကွယ်သွားတဲ့ အနေအထားမျိုး မဟုတ်ဘဲ စိုက်ပျိုးနေတဲ့ နေရာတချို့ရှိနေဆဲပဲလို့ ဘိန်းဘုရင် ဦးခွန်ဆာရဲ့ မော်ထိုင်း တပ်မတော် (MTA)မှာ တာဝန် ထမ်းဆောင် ခဲ့ဖူးတဲ့ အရာရှိဟောင်းတဦးက ဧရာဝတီကိုပြောပါတယ်။ သူဟာ “ဝ” ဒေသအတွင်းမှာ လက်ရှိ စီးပွားရေး လုပ်ကိုင်နေတဲ့ လုပ်ငန်း ရှင် တဦးလည်း ဖြစ်ပါတယ်။
“အရင်တုန်းကလို များများစားစား စိုက်တာတွေ မရှိတော့ဘူး။ ဒါပေမယ့် ဘိန်းစိုက်ရာသီ ရောက်ရင်တော့ တချို့နေရာတွေမှာ စိုက် နေတာတွေ့တယ်။ ဘိန်းပင်တွေက ဟိုအရင်တုန်းကလိုတော့ မကောင်းတော့ဘူး။ အပင်တွေလှီတယ်။ အထွက်လည်း နည်းလာ တယ်။ ဘိန်းစိုက်တဲ့ လူတွေကြတော့ တခြားစီးပွားပြောင်းလုပ်ဖို့ ခက်တယ်။ ဘာကြောင့်လည်း ဆိုရင် ဘိန်းစိုက်တာက အမြတ်များများရပြီး ဝင်ငွေကောင်းလို့ပဲ”လို့လည်း MTA အရာရှိဟောင်း က ဆိုပါတယ်။
ဦးအောင်မြင့် ကမူ“ကျနော်တို့ ထိန်းချုပ်နယ်မြေမှာကတော့ ဘိန်းတပင်မှကို မရှိတော့တာ။ သူများတွေပြောနေတဲ့ နေရာတွေက ကျနော်တို့ နယ်မြေနဲ့ စပ်ကြားနေရာတွေမှာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ဒေသထဲမှာ စိုက်တာတွေ့တယ် ဆိုရင် နေရာကိုသာ ပြော လိုက် ကျနော်တို့ တခါတည်းလိုက်ပြမယ်”လို့ ပြောပါတယ်။
UWSP အနေနဲ့ အခုလို ပြောဆိုနေပေမယ့်လည်း “ဝ”ဒေသထဲကို သွားရောက်လေ့လာဖို့ အကြိမ်ကြိမ် တောင်းဆိုထားတဲ့ သတင်း မီဒီယာတွေကိုတော့ အခုအချိန်အထိ ဝင်ရောက်ခွင့် မပေးသေးပါဘူး။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ “ဝ” ဒေသမှာ ဘိန်းအစားထိုး သီးနှံအဖြစ် ရာဘာပင်တွေ စိုက်ပျိုးဖို့ UWSP က ဆော်သြခဲ့ပြီး အခု ဆိုရင် “ဝ” ဒေသတွင်းမှာ ရာဘာစိုက်ပျိုး ဧက သုံးသိန်းကျော်ရှိပြီလို့လည်း ဦးအောင်မြင့်က ပြောပါတယ်။ ဘိန်းအစား အခြားအစား ထိုး သီးနှံတွေ စိုက်ပျိုးစေခဲ့သလို ကုန်သွယ် ကူးသန်းမှု လွယ်ကူစေဖို့ အတွက် ဒေသတွင်း မြို့ချင်းဆက် လမ်းတွေကိုလည်း UWSP ရဲ့စီမံမှုနဲ့ ဖောက်လုပ် နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာရုံး(UNODC) က အရှေ့တောင်အာရှမှာ ဘိန်းနဲ့ ပတ်သက်တဲ့ ကွင်းဆင်း လေ့လာ ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက်ထရစ်တန် ထုတ်လုပ်ထားတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးတဲ့ နိုင်ငံအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန် လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အောင်မြင်ရမယ်လို့ ကြေညာ ထား ပေမယ့် UNODC ရဲ့ ၂၀၁၃ အစီရင်ခံစာ တွေ့ရှိချက်မှာတော့ ၂၀၁၂ ခုနှစ် ထုတ်လုပ်မှုထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
UWSA ဟာ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ကူးသန်းမှုနဲ့ ကျော်ကြားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး အမေရိကန် အစိုးရက ၂၀၀၅ ခုနှစ်မှာ UWSA အကြီးအကဲ ဝေရှောက်ခမ်နဲ့ ခေါင်းဆောင်တချို့ကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ဝေရှောက်ခမ်ကို ၁၉၉၈ ခုနှစ်ကတည်းက အမေရိကန် ဒေါ်လာ ၂ သန်းနဲ့ ဖမ်းမိန့် ထုတ်ခဲ့ဖူးပါတယ်။
UWSP ဟာ ၂၀၀၈ အခြေခံဥပဒေ အရ ရှမ်းပြည်နယ်ထဲမှာ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ် ခရိုင် ၂ ခု၊ မြို့နယ် ၆ မြို့နယ်
အုပ်ချုပ်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ UWSP ခေါင်းဆောင်တွေကတော့ နောက်ပိုင်း အစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ‘ဝ’ ပြည်နယ် တည်ဆောက်ဖို့ တစိုက်မတ်မတ် ဆွေးနွေးခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ၁၉၈၉ မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ အပစ်အခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ထိုးထားပါတယ်။
Irrawaddy news

ပြည်တွင်းUNHCRကိုယ်စားလှယ်များ ကရင်နီဒုက္ခသည်များနှင့်လာရောက်တွေ့ဆုံ

သြဂုတ်လ ၆ရက်နေ့က မြန်မာနိုင်ငံ ပြည်တွင်းမှ ကုလသမဂ္ပ UNHCRကိုယ်စားလှယ်များ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အတွင်းရှိ ကရင်နီဒုက္ခသည် စခန်းသို့ လာရောက်ပြီး
 ပြည်တွင်းပြန်လှည် နေရာချထားရေးနှင့် ပါတ်သက်ပြီး ဒုက္ခသည်တို့၏ စိုးရိမ်ပူပန်မှုကို လာရောက် လေ့လာသွားခဲ့သည်။

မြန်မာနိုင်ငံ အရှေ့တောင်ဒေသဖြစ်သည့် ကယားပြည်နယ်UNHCR၊ ကရင်ပြည်နယ်UNHCRနှင့် မွန်ပြည်နယ်UNHCRကိုယ်စားလှယ်တို့မှ ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းတွင်းရှိ ကျောင်းသားလူငယ်များ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များနှင့် ဒုက္ခသည်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မှာတော့ ဒုက္ခသည်တွေရှိတဲ့ ဒုက္ခသည်စခန်းကို ကိုယ်တိုင်သွားရောက်ပြီးတော့မှ သူတို့မှာ ဘာစိုးရိမ်ချက်ရှိပါသလဲ သူတို့မှာ ဘာမေးခွန်းတွေရှိပါသလဲ သူတို့မှာဘယ်လိုသော အကြောင်းအရာအကြံတွေရှိပါသလဲ ဆိုတာကို သွားပြီးတော့ ကိုယ်တိုင်တွေ့ဆုံတာဖြစ်တယ်”ဟု UNHCR အရှေ့တောင်ဒေသစီမံကိန်းညှိနိုင်းရေးမှူး Vicky Tennent က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

လက်ရှိပြုပြင်ပြောင်းလဲရေးစတင်ချိန်တွင် UNHCRအနေနှင့် မြန်မာနိုင်ငံ၏အရှေ့တောင်ဖက်ခြမ်းတွင် အခြေစိုက်ရုံးငါးနေရာဖွင့်လှစ်ပြီး ၀န်ထမ်း၃၅ဦးဖြင့် အဓိက ဒုက္ခသည်များမိမိဆန္ဒအလျောက် ဌာနေဟောင်းတွင်ပြန်လှည်အခြေချနေထိုင်ရာမှာ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟုသိရသည်။

“UNHCRအနေနဲ့ကတော့ ဒီလိုအယုံအကြည်ရှိပါတယ်။ တကယ်လို့များဒီပြန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိခဲ့ရင်တော့ ဒီ UNHCRအနေနဲ့က ဒီဒုက္ခသည်တွေကို ကူညီဖို့ အဆင်သင့်ရှိပါတယ်။ ဒါကတော့ ဒီဒုက္ခသည်တွေအပေါ်မှုတည်တယ်ဆိုပေမယ့်လည်း တကယ်လို့ ဟိုဖက်ကိုရောက်မယ်ဆိုရင် UNHCRအနေနဲ့ ဆက်လက်ကူညီဖို့ တာဝန်ရှိပါတယ်လို့ ပြောချင်ပါတယ်”ဟု Vicky Tennent ကပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက်သည့် UNHCR ရုံးမှာ နိုင်ငံခြားUNHCRဝန်ထမ်းတစ်ဦးနှင့် ကယားပြည်နယ် နယ်ခံ UNHCRဝန်ထမ်းနှစ်ဦးတို့ရှိပြီး လက်ရှိ ကရင်နီအမှတ်-၁ဒုက္ခသည်စခန်းမှ ရှားတောဒေသဘက်တွင် မိမိဆန္ဒအလျောက်ပြန်လာနေထိုင်ရန် အခြေအနေများပြန်လှည်လေ့လာကြသည့် ဒုက္ခသည်များကိုကူညီဆောင်ရွက်ပေးလျက်ရှိသည်။

“လက်ရှိမှာ ကယားပြည်နယ်ကို ကူညီပေးမယ့်အဖွဲ့ပေါင်း ၃၄ဖွဲ့ ရှိနေပြီ။ ဒီကဖွဲ့ကနေပြီးတော့ ကယားပြည်နယ်တိုးတက်ရာ တိုးတက်ကြောင်းပါဝင်လုပ်ဆောင်နေကြပါပြီ။ ဒီအဖွဲ့အစည်းအားလုံးရဲ့ လက်ရှိမှာလုပ်ဆောင်နေတဲ့အကြောင်းအရာတွေကတော့ အထူးသဖြင့် သူတို့ဦးစားပေး လုပ်ဆောင်ပေးနေတာကတော့ ကျန်းမာရေးအပိုင်းပေါ့”ဟု ကယားပြည်နယ်မှ UNHCR၀န်ထမ်းတဦးကပြောသည်။

မြန်မာပြည်တွင်း၌ ၀င်ရောက်လုပ်ဆောင်စဉ် အချို့ဒေသတွေမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်စေ နိုင်ငံသားဝန်ထမ်းများဖြစ်စေ၊ ဒေသခံ မိဘပြည်သူများဖြစ်စေ သွားရေးလာရေးအပိုင်း၌ အနည်းငယ်လွတ်လပ်လာသည်ကို မိဘပြည်သူ၏ ကိုင်ပိုင်အသံမှသိရကြောင်း UNHCR
ကပြောသည်။

ပြည်တွင်းမှ UNHCRနှင့်တွေ့ဆုံစဉ်မှာ ဒုက္ခသည်ကိုယ်စားလှယ်များမှ အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPတို့အပစ်အခတ်ရပ်စဲ ထားသည့်အခြေအနေမှာ ၁၉ ၉ ၅ခုနှစ်က အပစ်ခတ်ရပ်စဲရေးကဲ့သို့ ပျက်ပျယ်သွားမည့်အနေအထားမျိုးရှိမည်ကိုစိုးရိမ်နေကြခြင်းနှင့် လက်ရှိပြန်တွင်းဘက်တွင် အတင်းအဓ္ဓမရွေ့ပြောင်းခိုင်းခြင်းခံခဲ့ရသည့် စုစည်းကျေးရွာအခြေအနေများကို မေးမြန်းတင်ပြခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ် အကူညီပေးရေးအဖွဲ့ TBC ၏ မေလ ၂၀၁၄ခုနှစ် ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း ၁နှင့် စခန်း ၂ နှစ်ခု စုစုပေါင်းလူဦးရေ ၁၄၆၉၉ ဦးရှိပြီး ကုလသမ္မဂ၏ ဒုက္ခသည်အဖြစ် တရားဝင်မှတ်ပုံတင် ရရှိထားသူ စာရင်း စုစုပေါင်းမှာ ၁၀၆၇၅ ဦးဖြစ်သည်။

စူးမယ်
Kantarawaddy Times


မြေသိမ်းယာသိမ်းခံ တောင်သူတွေ ဆန္ဒပြ

ကျောက်ဆည်ခရိုင် မြစ်သားမြို့ နယ် ထဲက သိမ်းဆည်းခံ စိုက်ပျိုးမြေတွေ အရေးနဲ့ ပတ်သက်ပြီး၊
 တောင်သူ ၂၀ဝ ဝန်းကျင်လောက် ဆန္ဒပြဖို့ မြစ်သားမြို့ပေါ် တက်ရောက် ခဲ့ပေမယ့်၊ မြို့နယ် အာဏာပိုင်တွေ ရဲ့ ဂတိစကား တွေ ရခဲ့လို့ လူစု ခွဲခဲ့ကြပါ တယ်။

မြစ်သားမြို့နယ် လွန်ကျော်အုပ်စု ရွာ၅ရွာမှာ၊ ပွင့်ဖြူ ဝါစိုက်ပျိုးရေး တပ် နဲ့ မန္တလေး လက်နက် ခဲယမ်းတပ် က စိုက်ပျိုးမြေ ဧက ၇၀ဝ၀ ကျော် သိမ်းထားတာ ဖြစ်ပါတယ်။ ဒီ မြေတွေပေါ် ဒေသခံ တောင်သူတွေဟာ ထွန်တုံး တိုက်ပွဲ ဆင်နွဲ ပြီး၊ ကိုယ့် မြေယာပေါ် ကိုယ် ဝင်ရောက် ထွန်ယက်ခဲ့ လို့၊ တောင်သူ ၉ ဦး တရားစွဲ ခံရတာ ကနေ၊ တောင်သူတွေ စုစည်းပြီး မြို့ပေါ် တက် ဆန္ဒပြဖို့ အထိ၊ ဖြစ်လာ ခဲ့တာပါ။

အလားတူပဲ၊ ကန့်ဘလူမြို့ နယ် ထဲမှာ လည်း၊ ဒေသခံ တောင်သူ ၂၀ဝကျော် တရားစွဲ ခံနေရပြီး၊ ၅၆ ယောက် ကို ပြီးခဲ့တဲ့လက ထောင်ဒဏ် ၃လကနေ ၃နှစ်ထိ စီရင်ချက် ချကာ၊ ဝေးလံတဲ့ ထောင်တွေ ကို ပို့ခဲ့ပါတယ်။

တောင်သူတွေ တရားစွဲခံရတဲ့ ကိစ္စတွေဟာ မန္တလေးတိုင်း အတွင်း ပုသိမ်ကြီး မတ္တရာ ပြင်ဦးလွင် နဲ့ ကျောက်ပန်းတောင်း ဒေသတွေမှာ လည်း ဖြစ်နေတဲ့ အကြောင်း အထက်မြန်မာပြည် အလုပ်သမား လယ်သမားများ ဆက်သွယ် ဆောင်ရွက်သူများ ကွန်ယက် အက်ဖ်အန်အိုင်က ပြောပါတယ်။

ဒီလို မြေယာတွေ အသိမ်းခံရတဲ့ ကိစ္စတွေကို ပြည်ထောင်စု အစိုးရ ၊ လွှတ်တော်တွေ၊ သက်ဆိုင်ရာ တိုင်းဒေသ အစိုးရတွေဆီ တိုင်တန်းစာတွေ အလီလီ ပို့ခဲ့ပေမယ့်၊ အရေးတယူ ဆောင်ရွက်တာ မရှိတဲ့ အတွက်၊ တောင်သူတွေ အနေနဲ့ သိမ်းဆည်းခံ မြေယာတွေ မှာ ဝင်ရောက် ထွန်ယက် ကြရာက၊ အဖမ်းခံရ၊ ထောင်ချခံရ ဖြစ်နေရတာ လို့ အက်ဖ်အန်အိုင် ရဲ့ တာဝန်ခံ ဦးကိုကြီးက ပြောပါတယ်။

၈ ရက် ဩဂုတ်လမှာပဲ၊ မတ္တရာမြို့နယ် ကို စိုက်ပျိုးရေးစားရိတ် ချေးငွေ လာထုတ်သူ တွေထဲ မှာ သပြေသာရွာ သမဝါယမ သိမ်းထားတဲ့လယ်မြေတွေ ပြန်ရရေး လုပ်ဆောင် ခဲ့သူတွေ ထဲက ခေါင်းဆောင် ၃ယောက်ကို၊ နယ်မြေခံ ရဲက ဝင်ဖမ်းလို့ ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး၊ ရဲ အလိုရှိတဲ့ တောင်သူ ၃ယောက် ကတော့ လွတ်မြောက် သွားတယ် လို့ သိရပါတယ်။

ဘီဘီစီ 
  မတ္တရာက တောင်သူတွေ