Friday, August 8, 2014

စာနယ်ဇင်းလောက နာမည်ဖျက်မည့်အရေခြုံသတင်းသမား များဝင်ရောက်နေ

နိုင်လင်း၊ ရန်ကုန်၊ သြဂုတ်-၈

စာနယ်ဇင်းလောကနာမည်ပျက်စေရန် ရည်ရွယ်၍ အရေခြုံသတင်း
သမားများစာနယ်ဇင်းလောကအတွင်း ထိုးဖောက်ဝင်ရောက်လာမှု
များရှိနေ၍ မီဒီယာလောကသားများအနေဖြင့်ကျင့်ဝတ်ကိုတိကျစွာ
လိုက်နာကာအရေခြုံသတင်းသမားများနှင့် ကွဲပြားစွာပြုမူဆောင်ရွက်
ရန်လိုအပ်ကြောင်းနှင့် အဆိုပါအရေခြုံ သတင်းသမားများကိုလည်း
ကျင့်ဝတ်နှင့်ညီသောသတင်း သမားများဖြစ်လာစေရေးစည်းရုံးနိုင်ရန်
လိုအပ်ကြောင်းမြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေး
မှူးဦးကျော်မင်းဆွေက သြဂုတ် ၈ ရက်၌ စံတော်ချိန်သို့ပြောဆိုခဲ့သည်။

"အရေးကြီးတာကစတုတ္ထမဏ္ဍိုင်တာဝန်ထမ်းတဲ့အခါ စတုတ္ထမဏ္ဍိုင်ဆို
တာမဏ္ဍိုင်သုံးခုစလုံးဟာနိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားနဲ့သွေဖည်
  နေပြီး ဥပဒေကြောင်းနဲ့မညီဘူး၊ လွဲတာ၊ ချော်တာတွေဖြစ်နေပြီဆိုရင်
ကျွန်တော်တို့က ပြည်သူလူထုနဲ့ နိုင်ငံတော် တစ်ရပ်လုံးကိုယ်စားဝေဖန်
  ထောက်ပြ အကြံပြုရမယ့်လူတွေဖြစ်တဲ့အတွက် ကျန်တဲ့မဏ္ဍိုင်အားလုံး
နဲ့ ပြည်သူတွေရဲ့ယုံကြည်လေးစားမှုရဖို့လိုတယ်။ အဲ့ဒီလိုယုံကြည်လေး
စားမှုရဖို့ဆိုရင် ကျွန်တော်တို့က တန်ဖိုးမြှင့်တင်မှရမယ်။ တန်ဖိုးမြှင့်
ဖို့ဆိုရင် ကျွန်တော်တို့က စာနယ်ဇင်းအတတ်ပညာ သေသေချာချာကျ
ကျနနတတ်ဖို့ရယ်၊ ကျင့်ဝတ်စောင့်ထိန်းလိုက်နာဖို့ရယ်အဲဒီနှစ်ချက်အဓိ
ကလိုအပ်ပါတယ်"ဟု ဦးကျော်မင်းဆွေက ပြောဆိုခဲ့ပါသည်။

လက်ရှိအချိန်တွင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများ၌သတင်း
မီဒီယာလောကနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ပျံ့နှံ့လျက်ရှိပြီး ပြီးခဲ့
သည့်ဇူလိုင် ၁၉ ရက်(အာဇာနည်နေ့) ကရန်ကုန်မြို့ရှိအာဇာနည်ဗိမာန်
၌ ဖြစ်ပွားခဲ့သည့်လုံခြုံရေးတာဝန်ကျ ကြက်ခြေနီတပ်ဖွဲ့ဝင်အနုပညာရှင်
တစ်ဦးနှင့် ရုပ်သံသတင်းထောက်တစ်ဦးတို့ အချင်းများခဲ့မှုနှင့် အူရီဒူး
ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲ၌ အဆိုပါကုမ္ပဏီမှ ပေးအပ်သည့်လက်
ဆောင်ပစ္စည်းများ လက်ခံရယူခဲ့သည့်သတင်းသမားများနှင့်ပတ်သက်၍
ဝေဖန်မှုများမှာ သတင်းမီဒီယာနှင့်ပတ်သက်၍ လူသိများထင်ရှားခဲ့သည့်
လတ်တလောဖြစ်ရပ်များဖြစ်သည်။
"အဲ့ဒီလူတွေနဲ့ ကွဲပြားအောင်နေဖို့ဆို
တာထက် ကျွန်တော်တို့ဘက်ကိုပါလာအောင် ကျင့်ဝတ်နဲ့ညီတဲ့ ဂျာနယ်
လစ်တွေဖြစ်လာအောင် စည်းရုံးဆွဲဆောင်ဖို့မီဒီယာလောကသားအားလုံး
က ကျင့်ဝတ်ကိုတစ်နေ့တခြား များများလိုက်နာလေလေသူတို့ကိုယ့်ဘက်
ပါလာလေလေပေါ့။အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါကိုအထူးပြုပြောနေရ
ခြင်းဖြစ်ပါတယ်"ဟု ၎င်းကထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ )အနေဖြင့်လည်း မီဒီယာကျင့်
ဝတ်များနှင့် ပတ်သက်၍ဟောပြောပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်
လျက်ရှိသည့်အပြင် သတင်းဌာနများနှင့် ချိတ်ဆက်ကာ ဆွေးနွေးဆောင်
ရွက်မှုများပြုလုပ်၍မီဒီယာကျင့်ဝတ်ပိုင်း စောင့်ထိန်းမှုများမြှင့်တင်နိုင် ရေး
အတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပုဂ္ဂလိကမီဒီယာများ၏ပိုမိုပူး
ပေါင်း ပါဝင်ဆောင်ရွက်မှုများရှိမှသာကောင်စီ၏လုပ်ဆောင်မှုများအောင်
မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းကပင်ဆက်လက်ပြောဆိုသည်။

"အရေခြုံဝင်လာတာတို့၊ တခြားလောကကနေ ဖျက်ဆီးဖို့ရောက်လာတာ
တို့ အဲ့ဒီလို စွပ်စွဲနေမယ့်အစား ကိုယ်ကိုယ်တိုင် တစ်ဦးချင်းစီကကျင့်ဝတ်
က ဘာရှိလဲဆိုတာသိအောင်လုပ်မယ်။ ကိုယ့်အတတ်ပညာ၊ အသက်မွေး
ဝမ်းကျောင်းအတတ်ပညာကို ကျွမ်းကျင်လာအောင်လုပ်မယ်ဆိုရင်မီဒီယာ
လောကပိုပြီးတော့ကောင်းလာနိုင်ပါတယ်"ဟု မြန်မာဂျာနယ်လစ်ကွန်ရက်
တွဲဖက်အတွင်းရေးမှူး(၂)ဦးသန်းဌေးက ၎င်းင်း၏အမြင်ကို ဖွင့်ဟခဲ့သည်။

ပင်မရေစီးကြောင်းပေါ်၌ တရားဝင် ရပ်တည်နေကြသည့် သတင်းဌာနများ
အနေဖြင့်ယင်းကဲ့သို့ရည်ရွယ်ချက်ရှိရှိဖြင့် မီဒီယာလောကကိုပျက်စီးစေရန်
ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေခြင်းမရှိ ဟုယူဆသော်လည်းတာဝန်ယူမှု၊
တာဝန်ခံမှုမရှိသည့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် တာဝန်ခံမှု
မရှိဘဲ ရေးသားဖြန့်ဝေသည့် လုပ်ဆောင်မှုများကိုမူမီဒီယာကျင့်ဝတ်နှင့်ပတ်
သက်၍ ထည့်သွင်းပြောဆိုလိုခြင်းမရှိကြောင်း ဦးသန်းဌေးကပင် ပြောဆိုခဲ့
သည်။

  မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် သမ္မတဦးသိန်းစိန်တို့တွေ့ဆုံ
စဉ်က သဘောတူညီမှုရရှိထားသည့်အတိုင်း မဏ္ဍိုင်ကြီးသုံးရပ်နှင့်မီဒီယာ
တွေ့ဆုံပွဲများ ပြုလုပ်ရန်အတွက်လတ်တလောအနေဖြင့် လက်ရှိ မီဒီယာ
အသင်းအဖွဲ့များဖြစ်သည့်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊မြန်မာ
ဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း စသည့်
အသင်းအဖွဲ့များကို အဓိက အခြေခံ၍ဖိတ်ကြားသွားမည်ဖြစ်ကာသီးခြား
တစ်ဦးချင်း ထည့်သွင်းစဉ်းစားမှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး
ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန်အတွက်မူသက်ဆိုင်
ရာသတင်းဌာနများမှ သတင်းထောက်များ၊အယ်ဒီတာများနှင့် ထုတ်ဝေ
သူများပါဝင်သည့် တွေ့ဆုံမှုများကို စီစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော်မင်း
ေ ဆွေက ရှင်းပြခဲ့သည်။
 စံတော်ချိန်

No comments :

Post a Comment