Friday, March 1, 2013

မြေယာ မတရား သိမ်းဆည်းခံရမှုများမှတစ်ဆင့် ပေါ်ပေါက်လာသည့် ပြသနာများ

လက်ပန်းတောင် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်တယ်။

အခုတစ်ခါမအူပင်ပလောင်ကျေးရွာ အကြမ်းဖက်ဖြိုခွင်းမှု ထပ်ဖြစ်တယ်။

လက်ပန်းတောင်းတောင်အရေးအခင်းမှာ
ထိခိုက်ဒဏ်ရာ ရသူတွေ ဟာ ဗုဒ္ဒဘာသာဝင်ရဟန်းသံဃာတွေနဲ့ 
မြန်မာနိုင်ငံသား ဆင်းရဲနွမ်းပါးတဲ့ တောသူတောင်သားလယ်သမားတွေဖြစ်တယ်

 

မအူပင်ပလောင်ကျေးရွာ အရေးမှာထိခိုက်ဒဏ်ရာရကြတာဘယ်သူတွေလည်းကြည့်တော့
မန်မာနိုင်ငံသား ရဲတပ်ဖွဲ့ ဝင်တွေနဲ့  မြန်မာနိုင်ငံသား ဆင်းရဲနွမ်းပါးတဲ့ တောသူတောင်သားလယ်သမားတွေ ဘဲဖြစ် နေတာတွေ့ ရပြန်တယ်။

တောင်သူလယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ အကြား ဒီလိုဖြစ်စဉ်တွေပေါ်ပေါက်လာရခြင်းရဲ့ အဓိက အကြောင်းတရားကို ကျွန်တော်တို့ ရှာဖွေဖို့ လိုတယ်။

ကျွန်တော်အမြင်ကတော့ ပြသနာရဲ့ အဓိကအကြောင်းရင်းဟာ စစ်အစိုးရလက်ထက် မတရားမြေသိမ်းခံရမှုတွေ လို့ ယူဆတယ်။

အစိုးရ၊ လွှတ်တော်နဲ့ လောလောဆယ်နိုင်ငံကို ဦးဆောင်နေကြတဲ့ stakeholderတွေ အနေနဲ့ မြေယာကိစ္စကို နိုင်ငံတော်ရဲ့ အရေးကြီးဆုံးတာဝန်ယူဖြေရှင်းရမယ့် ကိစ္စတစ်ရပ်အဖြစ်ရှုမြင်ပြီး အလျင်အမြန်ဆောင်ရွက်ပေးစေချင်တယ်။