Friday, November 7, 2014

မြန်မာ့တပ်မတော် ဆိုတာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်သူဖြစ်စေဖို့ 



မြန်မာနိုင်ငံမှာ အလွတ်သတင်းထောက် ကိုပါကြီး ကိစ္စ နဲ့ ပတ်သက်ပြီး
 မြန်မာ့ တပ် မတော် အပေါ် ပြည်သူတွေ ရဲ့  အမြင်တိမ်းစောင်းမှု တစ်ခု
ထပ်တိုးလာပြန်ပါတယ်။

မြန်မာ တပ် မ တော် ဟာ ကိုပါကြီး လို ဖြစ် စဉ် မျိုး တွေ
ကို နယ် စပ် ဒေသ နေ တိုင်း ရင်းသား လူမျိုး တွေ အ ပေါ်
ကို လည်း ကျုး လွန် နေ တယ် လို့ ကြားသိ လာရတာ ပါတယ်။


အဲဒါ ဟုတ် ရဲ့ လား။

တကယ့်  အဖြစ် မှန် ကို သိ နိုင် ဖို့ ဆို တာ ခံခဲ့ ရသူ တွေ
ရဲ့ တိ ကျ သေ ချာ တဲ့ ထုတ် ဖော် ချက် တွေက
ထင် ရှား တဲ့ သက် သေ ဖြစ် မှာပါ။

ရဲ ဘော် အ ပေါင်း နဲ့ တကွ အရာ ရှိ အရာခံ အကြပ်
တပ် သား အ ပေါင်း တို့  ခင် ဗျား---

အန္ဒိယ နဲ့ တရုတ် လို နိုင် ငံ နှစ် ခု အကြား မှာ တည်ရှိနေတဲ့
 ကျ နော်တို့  မြန် မာ နိုင် ငံ ဟာ အင် အား တောင့် တင်း ပြီး စွမ်း
ရည် ထက် မြက် တဲ့ တပ် မ တော် တစ် ရပ် ကို မဖြစ် မ နေ
တည် ဆောက် ထား ဖို့ လို အပ် ပါ တယ်။

ဒီ အတွက် လို အပ် တဲ့ ငွေ ကြေး ဘတ် ဂျက် ကလည်း
တိုင်း ပြည့် ဘဏ္ဍာ ထဲက ထုတ် ကြ ရ မှာပါ ဘဲ။
လို အပ် လာ ရင် တနိုင် ငံ လုံး ရဲ့ အမျိုးသား ဝင် ငွေ
စုစု ပေါင်းကို တောင် ကာ ကွယ် ရေး အတွက် အသုံး
ပြုကြ ရမှာ ပါဘဲ။

အသက် ကို ရင်း ပြီး နိုင် ငံ တာ ဝန် ကို ထမ်း တာ လည်း
နိုင် ငံ ဝန် ထမ်း တွေ ထဲမှာ
တပ် မ တော် သား တွေ ဘဲ ရှိ တာ မို့  ရဲ ဘော်တို့ ရဲ့
ခံစား ပိုင် ခွင့် ဟာ လည်း တခြား ဝန် ထမ်း တွေ ထက်
ပို ရှိ သင့် ပါ တယ်။

တိုင်း ပြည် ရဲ့ မြေ တလက္မ မှ တပါးသူ လက် ကို မပါ ဖို့ 
ပြည် သူ ပြည်သား တွေ ရဲ့ အသက် အိုး အိမ် စည်း စိမ်
လုံခြုံ စွာ ကာ ကွယ် စောင့် ရှောက် ပေး ဖို့  ဟာ တပ် မ
တော် နဲ့ တပ် မ တော် သား တိုင်း အ လေး အန က်
သစ္စာ ခံယူ ထား တဲ့ အဓိဌာန် ပါ။

ဒါ ပေ မယ့် မကြာလှ တဲ့ ကာလ က

*တရုတ် က ရှမ်းပြည် နယ် နမ့် ခမ်း မြို့ နယ် ထဲ က မြေ တချို့ ကို ရယူ သွားတာ။

**မြန် မာ နိုင် ငံသား ကျေး ဇူး ရှင် တောင် သူ
လယ် သမား တွေ လို့  ကျ နော် တို့  တသက်
မှတ် ယူ ခဲ့သူ တို့ ရဲ့ လုပ် ကိုင် စား သောက် နေ တဲ့
လယ် ယာ မြေ တွေ ကို အဓမ္မ သိမ်း ယူ မှု မှာ
မြန် မာ တပ် မ တော် ပါ ဝင် ပတ် သက် ခဲ့ ရတာ။


***ပြည် ထောင် စု တိုင်း ရင်း သား ညီ အကို တွေ ရဲ့
ယဉ် ကျေးမှု ဓလေ့ ထုံးစံ နဲ့ တန်း တူညီမျှ မှု ကို
အသိ အမှတ် မပြု လို တဲ့ နိုင် ငံ ရေး စနက် မှာ
တပ် မ တော် ကို ချ အသုံးခံ ရတာ တွေ ဟာ---


တပ် မ တော် အ နေ နဲ့ တကယ့်  သူ တာ ဝန် ယူ
ထမ်း ဆောင် ရမယ့်  နိုင် ငံ နဲ့ ပြည်သူ လူထု ရဲ့
လုံခြုံ ရေး ကို စောင့် ရှောက် ရ မယ့် အစား
နိုင် ငံ အုပ် ချုပ် ရေး  ယန္တ ရားထဲ  ပါ ဝင် ပတ် သက် နေ
မှု ပါ ဘဲ။

အုပ်ချုပ် ရေး ယန္တ ရား ဆို တာ နိုင် ငံ ရေး သမား တွေ
နဲ့ စီမံ ခန့် ခွဲ ရေး ဌာန က အခြား နိုင် ငံ ဝန် ထမ်း တွေ
လုပ် ကြ ရ မယ့် အလုပ် ပါ။

စစ်သား ဆို တာ သေ နတ် ကိုင် ပြီး ငါ့ ပြည် ငါ့ မြေ
ငါ့ နိုင် ငံသား တို့ ကို ကာကွယ် စောင့် ရှောက် သူ ပါ။


ရဲ ဘော် အ ပေါင်း နှင့် တကွ တပ် မ တော် မှ အရာ ရှိ
အရာ ခံ အကြပ် တပ် သား အ ပေါ င်း တို့  ခင် ဗျား---

နိုင် ငံအုပ် ချုပ် ရေး နဲ့ စီမံ ခန့် ခွဲ ရေး ကို နိုင် ငံ ရေး
သမား တွေ နဲ့ ဗျု ရို က ရက် တွေ လက်ထဲ ထားခဲ့ ပါ။
တပ် မ တော် ဟာ သူ့  ရဲ့ အ ရေး ကြီးဆုံး တာ ဝန်
ဖြစ် တဲ့ နိုင် ငံ တော် ပိုင် ရေ မြေ လေ ကို
ကာကွယ် စောင့် ရှောက် ရေး နဲ့ ပြည် သူ တို့ ရဲ့
အသက် စည်းစိမ် လုံခြုံ ရေး
အတွက် ကို သာ ဦးထိပ် ထားဖို့  
ဘား တိုက် ပြန်ကြပါ စို့ လို့ ကျနော် တိုက်တွန်းရေးသားလိုက်ပါတယ်။



မြတ် ကျော်

No comments :

Post a Comment