ဗိုလ်ချုပ်ကြီးသန်းရွှေသည် ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကို
၁၉၉၂ခုနှစ်တွင် ဖြုတ်ချကာ အာဏာထပ်ဆင့်သိမ်းခဲ့သူ စစ်အာဏာရှင် တစ်ဦးဖြစ်သည်။
ဗိုလ်ချုပ်ကြီးသန်းရွှေသည် တပ်မတော်တွင် ၄င်း၏အာဏာတည်မြဲရေးအတွက် တပ်မတော်အရာရှိ
များ၏ ကိုယ်ကျင့်တရားကို စတင်ဖျက်ဆီးခဲ့သည်။ သူ၏သစ္စာခံကြမည့် စစ်ဗိုလ်ချုပ်များကို တပ်မတော်ရာထူးကြီးများအပ်နှင်းခဲ့သည်။
သစ္စာခံဗိုလ်ချုပ်များသည် အာဏာနှင့် လုပ်ပိုင်ခွင့်တို့ ကိုဓနဥစ္စာ ငွေကြေးတို့ ဖြင့်
အရောင်းအ၀ယ်ပြုကာ ချမ်းသာကြွယ်ဝလာခဲ့ကြသည်။
တရားမ၀င် ၀င်ငွေများဖြစ်သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေက
ဤလုပ်ရပ်များကို မသိသယောင်ပြုကာ လစ်လျှု ရှုခဲ့ ရာ မြန်မာတပ်မတော်အတွင်း
အာဏာနှင့် လုပ်ပိုင်ခွင့်ကို ဈေးကွင်တင်ရောင်းချသူ စစ်ဗိုလ်ချုပ်များပေါများလာသည်။
နိုင်ငံတော်စီးပွားရေးလုပ်ငန်းများကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းအသွင်ဖြင့် ၀င်ရောက်
လုပ်ကိုင်ခဲ့ရာ မြန်မာတပ်မတော်သည် တောင်သူလယ်သမားတို့ ၏ လယ်ယာမြေတို့ ကို
လက်နက်အားကိုးဖြင့် အဓ္ဒမသိမ်းယူကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်ခြင်း၊
ခရိုနီခေါ်ဝိသမစီးပွားရေးသမားများကိုမွေးထုတ်ခဲ့ကာ နိုင်ငံတော်ပိုင်သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊
ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်စေခဲ့ခြင်း၊
အိမ်နီးချင်း တရုတ်နိုင်ငံ၏ စစ်ရေးဘဏ္ဍာရေး၊နိုင်ငံရေးအထောက်အပံ့ကိုခံယူခဲ့ရာမှ တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့ မြန်မာနိုင်ငံတွင် ၀င်ရောက်အခြေချလုပ်ကိုင်မှုများကို
ခွင့်ပြုခဲ့ရာ ငွေကြေးအကျိုးအမြတ်တစ်ခုတည်းသာ ကြည့်ရှုခဲ့ကြသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့ ကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် လွန်စွာ အထိနာခဲ့ရသည်။
တိုင်းပြည်ကို မိမိအတ္တ အတွက် ဖျက်ဆီးခဲ့သော စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေသည်
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အတင်းအဓ္ဒမ ပြဌာန်းကာ အောင်မြင်စွာ ဆုတ်ခွာသွားပြီဖြစ်သည်။
သူနှင့် သူ၏မိသားစုသည် နိုင်ငံသားများပိုင်ဆိုင်သည့် မြန်မာနိုင်ငံတော်ဘဏ္ဍာငွေ အမြောက် အများကို
ခိုးဝှက်ခဲ့ကြသည်မှာ ဒေါ်လာသန်းပေါင်းများစွာ ရှိခဲ့ကြောင်း သိရှိထားရသည်။
ယခု၎င်းနေထိုင်သော အိမ်သည်သူနှင့်သူ၏မိသားစုပိုင်အိမ်ဖြစ်သည်လား။
နိုင်ငံတော်ပိုင်ဖြစ်သည်လားပင် ရှင်းရှင်းလင်းလင်း ဖော်မပြနိုင်အောင်
နိုင်ငံတော်ဘဏ္ဍာမှန်သမျှ ကိုယ်ကျိုးနှင့်ရောနှောသုံးစွဲခဲ့သူ တစ်ယောက်ဖြစ်သည်။
နိုင်ငံတော်၏ ရေမြေ သယံဇာတများကို အကြွင်းမဲ့အာဏာဖြင့်တစ်ဦးတည်းစိတ်ကြိုက်ချယ်လှယ်ခဲ့ခြင်း၊
တပ်မတော်၏ ဂုဏ်သိက္ခာ ကို ဖျက်ဆီးခဲ့ခြင်း၊ တပ်မတော်သားတို့ ၏ ကိုယ်ကျင့်တရား
များကို ဖျက်ဆီးခဲ့ခြင်း၊တို့ ကို သူစစ်အာဏာရှင် အဖြစ်အုပ်စိုးနေစဉ် အတွင်း
စနစ်တကျ စီစဉ် အကွက်ချလုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်သည်။

No comments :
Post a Comment