အော်ရီဒူး(မြန်မာ)သည် ၄င်း၏ အရောင်း ကိုယ်စားလှယ်များနှင့်
မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက် စမ်းသပ် ခေါ်ဆိုမှုများကို ယမန်နေ့ တွင်
စတင်ပြုလုပ်လျက်ရှိပြီး သြဂုတ် ၁ ရက်မှစ၍ မြို့ကြီး သုံးမြို့ဖြစ်သော
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း
သတင်းထုတ် ပြန်ခဲ့သည်။
ကမ္ဘာအရပ်ရပ်ရှိ မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်းများ၏ လုပ်ထုံးများအတိုင်း ဝန်ဆောင်မှု များနှင့် မိုဘိုင်းလ်ဆက်သွယ်ရေး ကိရိယာများ၊ဖုန်းများကို လူထုထံသို့ စတင်မိတ်ဆက်ခြင်းမတိုင်မီ လူ အများကိုဖိတ်ခေါ်၍ ကွန်ရက်ကိုစမ်းသပ်စစ်ဆေးသည့်အနေဖြင့်
ခေါ်ဆိုမှုများပြုလုပ်ခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)၏အရောင်းဌာန ဆိုင်ရာညွှန်ကြားရေးမှူးဦးမြင့်ဇော် က ပြောသည်။
အော်ရီဒူး(မြန်မာ)မှ တာဝါ တိုင်တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးလျက်ရှိပြီး ဝန်ဆောင်မှု စတင်ပေးချိန်တွင် UMTS 900 လှိုင်းနှုန်းဖြင့် ကြည်လင်ပြတ်သား သည့်အသံ၊ အဆင့်မြင့်ကောင်းမွန် သည့်အသံအရည်သွေး၊အင်တာနက် မှ အချက်အလက်အမြန်အရယူနိုင် မည့်လိုင်းအားတို့ကို ရရှိနိုင်မည် ဖြစ်ကြောင်းသိရှိရပါသည်။

No comments :
Post a Comment