စကော့တလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ဓနသဟာယနိုင်ငံများ
အားကစားပြိုင်ပွဲရဲ့ ရေကူးပွဲစဉ်မှာ သြစတြေးလျ အမျိုးသမီးအသင်းက
ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ကြာသပတေးနေ့မှာ ယှဉ်ပြိုင်တဲ့
အမျိုးသမီး မီတာ(၁၀၀)(၄)ယောက် လက်ဆင့်ကမ်း အလွတ်ကူးပြိုင်ပွဲမှာ
သြစတြေးလျအသင်းက (၃)မိနစ်(၃၀.၉၈)စက္ကန့်နဲ့ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာ
ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့(၅)နှစ်က အီတလီနိုင်ငံ၊ ရောမမြို့မှာ ကျင်းပတဲ့
ကမ္ဘာ့ချန်ပီယံရှစ် ရေကူးပြိုင်ပွဲမှာ နယ်သာလန်အသင်း တင်ထားတဲ့
(၃)မိနစ်(၃၁.၇၂)စက္ကန့်စံချိန်ကို ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိတ်ကမ်းဘဲလ်၊ ရှလန်ဂါတို့လို ၂၀၁၂ လန်ဒန်အိုလံပစ် ချန်ပီယံကစားသမားတွေ
ပါဝင်တဲ့ သြစတြေးလျအသင်းဟာ ၂၀၁၄ခုနှစ်အတွင်း မီတာ(၁၀၀) အလွတ်ကူး
ထိပ်တန်း(၉)ဦး စာရင်းမှာ ပါဝင်နေသူတွေနဲ့ ဖွဲ့စည်းထားပါတယ်။
နိုင်ငံသား သတင်းစာဆရာ ဆိုတာ မိမိပိုက်ဆံ နဲ့ မိမိ တိုင်းပြည် လူမျိုး အကျိုးအတွက် သတင်းမီဒီယာ လုပ်ငန်းကိုလုပ်ကိုင်သူဖြစ်တယ်။ မိမိစုံစမ်းလေ့လာသိရှိရတာတွေကို စာသား ဓါတ်ပုံ ဗီဒီယို တွေ နဲ့ အွန်လိုင်းမှာ တင်ပြနေမှု က အာဏာရှင်တွေနဲ့  ထိပ်တိုက်ရင်ဆိုင်လာရတဲ့အခါ အန္တရာယ်လဲရှိနိုင်ပါသေးတယ်။
မူလစာမျက်နှာ
Sunday, July 27, 2014
အားကစားသတင်း › ဓနသဟာယပြိုင်ပွဲမှာ သြစတြေးလျ အမျိုးသမီး ရေကူးအသင်း စံချိန်သစ် တင်နိုင်ခဲ့တဲ့ သတင်း
Labels:
အားကစား
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment