Thursday, July 31, 2014

စစ်တပ်က ရိုက်နှက်စစ်လို့ ရွာလုံးကျွတ် ထွက်ပြေး

****************************
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာရွာ အနီးမှာ အစိုးရ တပ်မတော် အရာရှိ လုပ် ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရွာအုပ်ချုပ် ရေးမှူးတွေ ရပ်မိ ရပ်ဖ တွေ ကို စစ်တပ်ဖက် က ခေါ်ယူပြီး ရိုက်နှက် စစ်ဆေးနေတာ ကြောင့် ရွာလုံးကျွတ် နီးပါး တရုတ်နယ် ထဲကို ထွက်ပြေ့း တိမ်းရှောင် နေကြပါတယ်။

အိမ်ခြေ ၁၀ဝ ကျော်လောက် ရှိ ပြီး လူ ၅၀ဝ လောက် နေထိုင်တဲ့ နောင်မတား ရွာဟာ နမ့်ခမ်းမြို့နဲ ၂ မိုင်လောက် ဝေးပြီး တရုတ် နယ်စပ်မှာ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် နေ့က မြန်မာ တရုတ် နယ်စပ် နန့်ခမ်းမြို့ အနီး နောင်မတာ ရွာအဝင်မှာ တပ်စွဲ ထားတဲ တပ်ခွဲမှူး ဗိုလ်ကြီး ဝင်းသူရထွန်း နဲ့ တပ်ကြပ်ကြီး တစ်ယောက်တို့ လုပ်ကြံ သတ်ဖြတ် ခံ ရပြီးတဲ့ နောက်မှာ ခေါ်ယူ စစ်ဆေး ခဲ့တာပါ။

နောက်တစ်နေ့ ဇူလိုင် ၃၀ ရက်ကလည်း ရွာက အုပ်ချုပ် ရေးမှူးတွေ ကို ထပ်မံ ခေါ်ယူပြီး ရိုက် နှက် စစ်ဆေးခဲ့လို့ ရွာခံတွေ ကြောက်လန့် ထွက်ပြေးကြတာလို့ နောင်မတာရွာ အနီးက စိုင်းစံအိုက် က ဘီဘီစီကို ပြောပါတယ်

ရွာသားတွေက ခြေလျင်ရော၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ပါ ထွက်ပြေးကြတယ်လို့ သူက ပြောပါတယ်။

ထပ်ပြီး ခေါ်စစ် ခံရသူ ၅ယောက် စလုံးလည်း ပြန်လွှတ်ပြီး နောက်ပိုင်း တရုပ် ဘက်ကို ထွက်ပြေး သွားတယ်လို့ စိုင်းစံအိုက်က ပြောပါတယ်။

မြန်မာ စစ်တပ် ဖက်ကတော့ ဒီသတင်း နဲ ပတ်သက်လို့ တရားဝင် မထုတ်ပြန်သေး ပါဘူး။

အခုတော့ နောင်မတာမှာ အခြေစိုက်ထားတဲ့ တပ်စခန်းက စစ်အင်အား အပြင် တခြားဒေသက လာတဲ့ စစ်အင်အား ၃၀ဝ လောက် ရောက်နေပြီး ရွာအဝင် အထွက်လမ်း နဲ့ ရွာပတ်ဝန်းကျင် တရုတ်နယ်စပ် တလျှောက် လုံခြုံရေးယူတယ်လို့ သိရပါတယ်။

နောင်မတာရွာဟာ အရင်က SSA တပ်ရင်း ၇၀၁ အခြေချ သွားတဲ ရွာဖြစ်ပြီး မနှစ်ကမှ တပ်ဖက်က ပြန်သိမ်း ထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


 ထွက်ပြေး နေကြတဲ့ နောင်မတာ ရွာသားများ (ဓါတ်ပုံ ရှမ်းသံတော်ဆင့်)

အိန္ဒိယ မြေပြိုမှု ၂၃ ဦးသေ၊ ၁၅၀ ခန့် ပျောက်ဆုံးနေဆဲ

********************************
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကျေးရွာတစ်ရွာ မြေပြိုကျမှုမှာ ခုချိန်အထိ သေဆုံးသူ ၂၃ ယောက် ရှိနေပြီ ဖြစ်ပြီး ကယ်ဆယ်ရေး သမားတွေက အသက်ရှင်နေသူတွေကို ညလုံးပေါက် ဆက်လက် ရှာဖွေနေခဲ့ပါတယ်။
ဒါပေမယ့် မိုးက ဆက်တိုက် ရွာနေတဲ့အတွက် အသက်ရှင်နေနိုင်သူတွေကို ဆက်လက် ရှာဖွေရာမှာ အဟန့်အတား ဖြစ်နေပါတယ်။
မုတ်သုံမိုး သည်းထန်လို့ ဗုဒ္ဓဟူးနေ့က တောင်ပြိုကျခဲ့တဲ့အတွက် Pune ခရိုင်အတွင်းက Malin ရွာ နစ်မြုပ်သွားခဲ့တာပါ။
ဘယ်လောက်ထိ ပျက်စီးတယ် ဆိုတာ သိရအောင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Rajnath Singh က အဲဒီနေရာကို ကိုယ်တိုင်သွားခဲ့ပါတယ်။
ပျောက်နေဆဲ လူပေါင်း ၁၅၀ လောက် ရှိနေပြီး သူတို့ဟာ ရွံ့နွံတွေ ဒါမှမဟုတ် အပျက်အစီးတွေအောက်မှာ ရှိနေနိုင်တယ်လို့ ယူဆရပါတယ်။
အဲဒီဒေသမှာ သစ်ခုတ်လှဲမှု အကြီးအကျယ် ဖြစ်နေခဲ့လို့ မြေပြိုကျတဲ့ အန္တရာယ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်သော နည်း(၆) နည်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(အိပ်မပျော်သူများအတွက် နည်းလမ်းကောင်းများ)
၁။ နံနက်ခင်း သင်၏ခန္ဓာကိုယ်၏ သဘာဝနာရီ ကို လေ့ကျင့်ပေးရမည်။ နေ့ စဉ်နံနက်တိုင်း အိပ်ယာမှ ထချိန် တစ်သတ်မှတ်တည်း ဖြစ်ပါက သင့် ခန္ဓာကိုယ်၏ဇီဝနာရီ biological clock နှင့်အလွန်သဟဇာတ ကိုက်ညီ မည်ဖြစ် ပါသည်။ ထို့ကြောင့် ညဥ့် အချိန်မှာ အိပ်စက်ရန်အတွက်ဖြစ်ပြီး နံ နက် ၇ နာရီမှ အိပ်ယာမှထ၊ ချိန်၊ နှိုး ချိန်ဟု ဇီဝ နာရီက ညွှန်ကြားဘိသကဲ့သို့ ဖြစ်မည်။
၂။ နေ့လည် လှုပ်ရှားမှုများက အားကစားဆန် ရမည်။ သိပ်အားကစားမဆန်လိုလျှင် နေ့လည်စာ စားချိန် အားလပ်ချိန် (lunch break)၌ခေတ္တ လမ်းလျှောက်ခြင်း၊ အသားညှပ် ပေါင်မုန့် (သို့) စားစရာ တစ်ခုခု ဝယ်ရန် အတွက် စက်ဘီးစီးထွက် ခြင်း၊ စသည်တို့က သင်၏ အိပ်ပျော်ချိန်ကို ၄၂ မိနစ်အထိပင် တိုးမြှင့်သွားစေ နိုင်ပါသည်။
၃။ အလုပ်ချိန်အပြီး ညဥ့်အချိန် သိပ်နောကျသည်အထိ အလုပ်မလုပ်ပါနှင့်။ အလုပ်ခွင် တစ်ခုမှ ရုံးဝန်ထမ်းထက် ဝက်ခန့်မှာ အိမ်သို့ အလုပ်ယူသွားတတ်ကြသည်ဟုဩစ တြေးလျနိုင်ငံမှ သုတေသန ပြုချက် က ဆိုထား၏။ အိပ်ယာ မဝင်မှီ ကွန်ပြူတာ မော်နီတာမှ အလင်းရောင်ကို မြင်ရခြင်း ကပင် သင်၏ အိပ်ချိန်နာရီကို ၃ နာရီ ခန့် နောက်သို့ ရွှေ့ပစ်လိုက်နိုင်၏။
၎။ ညစာစားချိန် ကိုဘိုဟိုက်ဒြိတ် (ကစီဓာတ်)ကိုစားပါ။ သုတေသနပြုချက်များအရ အိပ်ယာမဝင်မှီ၎ နာရီခန့် ကာဘိုဟိုက်ဒြတ်များစွာ ပါဝင်သော အစားအစာကို စားခြင်းဖြင့် အိပ်မောကျချိန်ကို ပိုမိုနီးကပ်လာ စေနိုင်ကြောင်းတွေ့ရှိကြရ၏။
၅။ အိပ်ယာဝင်ချိန် အေးမြအောင်ပြုလုပ်ပါ။ သင်၏အိပ် ခန်းအတွင်းမှ အပူချိန်ကို လျော့ချခြင်း က သင်၏ ခန္ဓာကိုယ်အား အိပ်ချိန်ရောက်ပြီဟု အချက်ပေးသကဲ့သို့ဖြစ်စေသည်။
၆။အိပ်ရာမ၀င်မီ ၅ နာရီအတွင်း ကော်ဖီသောက်သုံးခြင်း လက်ဖက်ရည်သောက်ခြင်း (လက်ဖက်စားသုံးခြင်း )များကိုရှောင်ကြဉ်ပါ။ ဖြစ်နိုင်ရင် အိပ်ခါနည်း နို့ပူပူလေးတစ်ခွက်ကို သောက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။
ref: - health digest

အမျိုးသမီးများ၏ ရယ်စရာကောင်းသော အလေ့အထလေးများ


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျန်းမာရေး
ဟာသကမ္ဘာ
၁။ ကျွန်မတို့အမျိုးသမီးတွေက နိုးစက်ပေးရင် လိုတာထက်ပိုပြီး (၁၀)မိနစ်စောပေးလေ့ရှိကြတယ်။ (၁၀)မိနစ်စောပေးတာကလည်း နိုးစက်မြည်ရင် ပြန်ပိတ်ပြီး (၁၀)မိနစ်အိပ်ဖို့လေ။
၂။ ကျွန်မတို့ မျက်တောင်ကော့တဲ့အခါ ပါးစပ်ကသူ့အလိုလိုပွင့်လာပါတယ်။ ဒီလို mood ထည့်ပြီးပါးစပ်ဟောင်းလောင်းနဲ့ မျက်တောင်ကော့နေတော့လည်း ကိုယ့်ပုံကရယ်စရာကောင်းနေပြန်ရော။ ဒါနဲ့ပွင့်နေတဲ့ပါးစပ်ကလေးကို အာရုံစိုက်ပြီးပြန်ပိတ်လိုက်တဲ့အခါ မျက်တောင်ကော့ဆေးတွေ ပွကုန်ပါလေရော။
၃။ အမျိုးသမီးတွေကဖုန်းဆိုရင် လက်ကိုင်အိပ်ထဲပစ်ထည့်လိုက်တာပဲ။ ဖုန်းသံမြည်လာပြီဆိုတဲ့အခါမှ ပျာယာတွေခပ်ပြီး လက်ကိုင်အိပ်ကြီးထဲ မွှေနှောက်ရှာဖွေပါတော့တယ်။
၎။ အမျိုးသမီးတွေရဲ့ လက်ကိုင်အိပ်ထဲကိုဖွင့်ကြည့်ရင် အသုံးအဆောင်ပစ္စည်းများစွာ ထည့်ထားတာကိုတွေ့ရမှာပါ။ ဒါတွေကိုအလေးခံပြီးထည့်ထားတာ အသုံးလိုလို့လားဆိုတော့လည်းမဟုတ်ပါဘူး။ တစ်ချိန်ကျရင် အသုံးများဝင်မလားဆိုပြီးထည့်ထားခြင်းဖြစ်ပါတယ်။
၅။ အမျိုးသမီးတွေကထားတတ်သိုတတ်တဲ့နေရာမှာအလွန်ကျွမ်းကျင်ကြပါတယ်။ ခက်တာကထားတဲ့နေရာကိုမေ့နေခြင်းပါပဲ။
၆။ မျက်မှန်ကိုခေါင်းပေါ်တင်ထားပြီး မျက်မှန်ပျောက်လို့ လိုက်ရှာနေတတ်တာအမျိုးသမီးတွေပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၇။ မှန်ကြည့်တဲ့အချိန်အခါတိုင်း စဉ်းစားနေမိတတ်ကြတာကတော့ ဒီလိုမျက်နှာပုံစံအနေအထားလေးနဲ့ ဓာတ်ပုံရိုက်ရင် သိပ်လှမှာပဲတဲ့။
၈။ လောလောလောလောနဲ့ သော့ကိုကောက်ကိုင်ပြီး ကိုင်ထားတဲ့သော့ကို ပျောက်တယ်ထင်ပြီး လိုက်ရှာနေတတ်တာဟာလည်း အမျိုးသမီးတွေပါ။
၉။ အမျိုးသမီးတွေရဲ့ ရေချိုးခန်းတိုင်းမှာတူတဲ့အချက်ကလေးတစ်ခုရှိတယ်။ အဲဒါကတော့ ခေါင်းလျှော်ရည် နဲ့ ကွန်ဒီရှင်နာ (conditioner) ကိုတံဆိပ်နှစ်မျိုးသုံးမျိုးဝယ်ထားကြတာပါပဲ။
၁၀။ အမျိုးသမီးတွေကအိမ်ပြင်ထွက်တော့မယ်ဆိုတာနဲ့ အပြေးအလွှားမှန်သွားကြည့်ရပါတယ်။
၁၁။ အမျိုးသမီးတွေရဲ့ အဝတ်ဘီရိုထဲကို ကြည့်လိုက်မယ်ဆိုရင် အဝတ်အစားများစွာနဲ့ ပြည့်နက်နေပါတယ်။ ဒါပေမယ့် အပြင်ထွက်တော့မယ်ဆိုရင် ဝတ်စရာရှာမတွေ့ကြပါဘူး။
၁၂။ အမျိုးသမီးတွေ အလှကြိုက်ချက်ကတော့ အိပ်ယာမဝင်ခင် ခေါင်းဖြီးလိုက်ပါသေးတယ်။
၁၃။ အမျိုးသမီးတွေ သန့်စင်ခန်းသွားမယ်ဆိုရင် အဖော်စပ်ပြီးတူတူသွားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အတင်းလေးဘာလေးပြောရအောင်လို့ပေါ့။
၁၄။ အမျိုးသမီးတွေအတွက်တော့ ဘီယာတွေအားလုံးကအရသာတူတူပါပဲ။
၁၅။ အမျိုးသမီးတွေကအိမ်နားကဈေးဆိုင်ကိုသွားတာဖြစ်ဖြစ်၊ အမှိုက်ပြစ်တာပဲဖြစ်ဖြစ် အိမ်ပြင်ထွက်ပြီဆိုတာနဲ့အလှပြင်၊ မိတ်ကပ်လိမ်းပြီးမှ ထွက်လေ့ရှိပါတယ်။
၁၆။ အမျိုးသမီးတွေကသူ့ချစ်သူကို “ရပါတယ်” “အဆင်ပြေပါတယ်” “ဘာမှမဖြစ်ပါဘူး” စသဖြင့်ပြောလာတယ်ဆိုရင် အမှန်တကယ်ကတစ်ခုခုဖြစ်နေလို့ပါပဲ။
၁၇။ ကျွန်မတို့တွေကခရီးတစ်ခုသွားရင် ရှည်ရှည်ဝေးဝေးကွေ့ဝိုက်ပြီးသွားတတ်ကြတယ်။ နီးနီးနားလမ်းတွေ၊ ဖြတ်လမ်းတွေကနေသွားရမှာမဝံ့ရဲလို့ပါ။
၁၈။ ကျွန်မတို့တွေကကိုယ်ချစ်တဲ့လူကို ကိုယ်ငိုနေတာမြင်စေချင်ကြပြီး ကိုယ့်ကိုထွေးပွေ့ထားစေချင်ပါတယ်။
၁၉။ ဖျော်ဖြေရေးအစီအစဉ်တွေကြည့်ပြီး အမျိုးသားတွေက လက်တွေ့ဘဝပင်ပန်းတာတွေကနေ ခဏတာလွတ်မြောက်ဖို့ အပန်းဖြေကြပါတယ်။ အမျိုးသမီးတွေကတော့ ဒီဖျော်ဖြေရေးတွေထဲမှာ လက်တွေ့ကိုယ့်ဘဝနဲ့တိုက်ဆိုင်တာတွေကို ရှာဖွေပြီးခံစားတတ်ကြပါတယ်။
၂၀။ ကျွန်မတို့အမျိုးသမီးတွေအားလုံးကပိုးကောင်၊ ပင့်ကူ။ ပိုးဟပ်နဲ့ ကြွက်တွေကိုကြောက်ကြပါတယ်။
၂၁။ အမျိုးသမီးတွေက (၃)ရက်ကြာမယ့် ခရီးတစ်ခုအတွက် အဝတ်အစား (၇)စုံ ပြင်ဆင်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာဝတ်ရမလဲဆိုတာစဉ်းစားရွေးချယ်ရအောင်လို့ပါ။
The Express Times မှ ကူးယူပါသည်။

အော်ရီဒူးဆင်းကတ် ရန်ကုန်မြို့တွင် ကြိုတင်ရောင်းချ

31.7.2014

 မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီက ဆင်းကတ်တွေကို ရန်ကုန်မြို့မှာ ဒီနေ့ ၅၀၀၀ ကျပ်နဲ့ ကြိုတင်ရောင်းချနေပါတယ်။

ဇူလိုင် ၂၉ ရက်နေ့က မန္တလေးနဲ့ နေပြည်တော်မှာ ဆင်းကတ်တခု ကျပ် ၁၅၀၀ စတင်ရောင်းချပေးခဲ့ပြီးနောက် ဒီနေ့ ရန်ကုန်မြို့မှာ ရောင်းချနေတာပါ။

အော်ရီဒူး ဖုန်းအချင်းချင်း မိနစ် ၉၀၀ နဲ့ မက်ဆေ့ခ်ျအစောင် ၉၀၀၊ အခြားဖုန်းတွေကို မိနစ် ၉၀၊ မက်ဆေ့ခ်ျအစောင် ၉၀ အခမဲ့ ပြောနိုင်မှာဖြစ်သလို အင်တာနက်ဖုန်းနဲ့ 20 MB ပမာဏ အခမဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။

CITIZEN JOURNALIST


Posted by Myat Kyaw · July 30, 2014 at 1:24am
About

CITIZEN JOURNALIST is a social action platform that connects people from all walks of life,
non profits organizations and corporate organizations to bring in a positive change in the society
with the help of actions in the form of campaigns, petitions.

Mission

CITIZEN JOURNALIST, "Power of One"
Empowering every individual, with information and education.

Description

CITIZEN JOURNALIST will work 3-Way. Social development (NGO),
Social awareness (Communication/Citizen Journalist) and Human Skill Development
(Education,Learning, Activism,Awareness and Skill)

Common man and woman will get to voice their opinions on issues they believe in,
take specific actions thus triggering a change.

Non-Profit Organizations and Non-Government Organizations will be able to showcase
their efforts, enroll new members, create their volunteer base and raise donations.

Corporate Organizations will get to create a brand image of their product by aligning
with a particular cause, encourage employee participation in supporting worthy social
causes and at the same time fulfilling their corporate social responsibility (CSR) objectives.

In brief its an endeavor to bring together all these individuals and entities to work
towards a common goal of achieving social awareness thereby bringing a desired impact.

Basic Info


 Products 

We have Publicity tool as Campaign films,
Documentary films and through our popular weekly magazine
CITIZEN JOURNALIST online and through this interactive website.

Individuals and Organizations can post in their views in the form of
Press Release FREE of cost.

မိုင်းပေါ်ဈေးမီးလောင် ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံး


ဂျူလိုင်လ ၃၁ ရက် ၂၀၁၄

 သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ မိုင်းပေါ်ဈေး ယမန်နေ့က မီးလောင်ကျွမ်းခဲ့ရာ ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံးကြောင်း ဒေသတွင်းသတင်းအရ သိရှိရ သည်။

“မီးလောင်တဲ့အချိန်က မနက်စောစော ၄ နာရီခွဲလောက်။ ခေါက်ဆွဲဆိုင်က လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ပြီး လောင်တယ်လို့ အာဏာပိုင်တွေက ပြောတယ်။ ဈေးရဲ့သုံးပုံနှစ်ပုံလောက် မီးထဲပါသွား တယ်” ဟု မိုင်းပေါ်ဒေသခံ စိုင်းကျော်က ပြောပါသည်။

ယမန်နေ့(ဂျူလိုင်လ ၃၀ ရက်) နံနက် ၄:၃၀ နာရီက မီးစတင်လောင်ကျွမ်းရာ မူစယ်မီးသတ်ဖွဲ့၊ ပန်ဆိုင်းမီးသတ်ဖွဲ့နှင့် မိုင်းပေါ်ဒေသခံများ ဝိုင်းဝန်းငြိမ်းသတ်ကြသဖြင့် နံနက် ၅:၄၅ နာရီခန့် တွင် မီးညွန့်ကျိုး၍ ၇:၁၅ နာရီခန့်မှ မီးငြိမ်းသွားခဲ့ကြောင်း၊ ခေါက်ဆွဲဆိုင်ပိုင်ရှင်မှာ ဒေါ်မာထု ဖြစ်ကြောင်း ဆို၏။

စားသောက်ဆိုင်၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ မီးဖိုချောင်သုံးပစ္စည်းအရောင်ဆိုင်၊ လယ်ယာ သုံးပစ္စည်းနှင့် ပိုးသတ်ဆေးအရောင်းဆိုင်− ၁၃၇ ခန်း လောင်ကျွမ်းကြောင်း၊ စုစုပေါင်းတန်ဖိုး ခန့်မှန်းချေ ကျပ်သိန်း ၈၀ ထက်မနည်း ဆုံးရှုံးကြောင်း စိုင်းကျော်က ဆိုပါသည်။

“လူနေအိမ်တွေကို ကူးစက်လောင်ကျွမ်းတာတော့ မရှိဘူး။ ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူး။ လယ်ယာတွေမှာသုံးတဲ့ သီးနှံဖြန်းဆေး၊ ပိုးသတ်ဆေးအနံ့တွေ၊ ဂတ်စ်နံ့တွေ၊ ခြင်ဖျန်းဆေးနံ့ တွေ စူးစူးရှရှ ပျံ့လွှင့်နေတယ်” ဟု ဈေးသည် ပါ့ဆွယ်ကလည်း ပြောပါသည်။

မူစယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ မိုင်းပေါ်ကျေးရွာသည် ဦးကိန်မိုင် ဦးဆောင်သည့် မိုင်းပေါ်ပြည်သူ့စစ် ထိန်းချုပ်ရာဒေသ ဖြစ်သည်။

မွေခေါဝ်
သျှမ်းသံတော်ဆင့်

အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့်ပတ်သက်၍ ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်


======================================================
ကျောက်ဆည်၊ ဇူလိုင် ၃၀- မန္တ လေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့၊ နည်းပညာ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများက ဦးဆောင်၍ အမျိုးသား ပညာရေးဥပဒေမူကြမ်း နှင့်ပတ်သက် ၍ ဆန္ဒထုတ်ဖော်မှုကို ဇူလိုင် ၃ဝရက် နံနက် ၁ဝနာရီ က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်သည့် ကျောင်း သား၊ ကျောင်းသူများသည် ကျောက် ဆည်နည်းပညာတက္ကသိုလ်ရှေ့မှ စ တင်ပြီး အမျိုးသား ပညာရေး ဥပဒေ မူကြမ်းအား အလိုမရှိ၊ မတရားထုတ် ပြန်ထားသော ကျောင်းစည်းကမ်းများ ရုပ်သိမ်းပေး၊ ကျောင်းသား ထုအခွင့် အရေးရရှိရေး ဆိုင်းဘုတ်များ ကိုင် ဆောင်ကြွေးကြော်သံများဖြင့် ကြွေး ကြော်ကာ ကျောက်ဆည်ခရိုင်တရား ရုံးအနောက် ဘက်လမ်းမှ အထက(၁) လမ်း၊ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် တရားရုံး တောင်ဘက်လမ်းအတိုင်း စီတန်းလှည့်လည်ကာ နံနက် ၁၁နာ ရီတွင် သမဂ္ဂသီချင်းသံပြိုင်သီဆို၍ ဆန္ဒထုတ်ဖော်မှု ရပ်နားခဲ့သည်။
'' အမျိုးသားပညာရေးဥပဒေ မူကြမ်းဟာ မတ်လမှာ ရေးဆွဲတယ် ၊ ပြည်သူ့ လွှတ်တော် ကို တင်သွင်းပြီး အတည်ပြုခဲ့တယ်၊ ဒီဥပဒေကြမ်း အရ ပညာရေးဟာ ဝန်ကြီးဌာန တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေ တဲ့အတွက် ဗဟိုချုပ်ကိုင်မှုအောက် မှာ တည်နေတာကိုတွေ့ရတယ်၊ တိုင်း ရင်းသားဘာသာ စကားတွေကိုလဲ လျစ်လျူရှုထားတာတွေ့ရတယ်၊ ပ ညာရေး လွတ်လပ်ခွင့်တွေကို ထိန်း ချုပ်ထားတယ်၊ ကျောင်းသားသမဂ္ဂ နဲ့ အခြားအသင်း အဖွဲ့တွေ ကိုလဲ အ သိအမှတ်ပြု ရေး ဆွဲထားတာမရှိဘူး၊ ကျောင်း သား နဲ့ ပြည်သူ ကိုအခြေခံပြီး ရေးဆွဲတာမဟုတ်လို့ အခုလိုဆန္ဒထုတ် ဖော်ခဲ့ ရတာပါ'' ဟု ကျောက်ဆည် နည်းပညာ တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ကျောင်းသားထု အခွင့်အ ရေးဆောင်ရွက်နေ သူ ကိုထွန်းအောင် ခြိမ့်က ပြောသည်။
''ကျွန်တော်တို့ကတော့ ဒီမှာ ၁ဝယောက်လောက်နဲ့ အင်အားလာ ဖြည့်ပေးတာ အမျိုးသားပညာရေးဥပ ဒေမူကြမ်းကို ကျွန်တော် တို့ အားလုံး မလိုလားဘူး ၊ ကျောင်းသားထုအားလုံး တစ်သွေးတည်း၊ တစ်သား တည်းရှိ နေပါ တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ် လွင် စေချင် လို့ အခုလိုအင် အားဖြည့်ပူးပေါင်းပါဝင်ခဲ့ရတာပါ''ဟု စစ်ကိုင်း ခရိုင်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်း ထက်စိုး ကပြောသည်။
ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် ကျောက်ဆည်မြို့ ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ဝန်းရံပေး ခဲ့ကြပြီး ကျောက် ဆည် ကွန်ပျူတာ တက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်၊ မန္တလေးရတနာပုံတက္က သိုလ်၊ စစ်ကိုင်း နည်းပညာ တက္က သိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူ အင်အား ၅ဝခန့် ပူးပေါင်း ပါဝင်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
LN
‪#‎Democracytoday‬

Wednesday, July 30, 2014

မြန်မာ့ဒီမိုကရေစီရေးတွင်ပါဝင်ရမည့်ပြ ည်ပရောက်မြန်မာများ၏အခန်းကဏ္ဍ


The Role of Burmese Diaspora in  the Burmese Democracy Movement
 
ကိုယ်ထီးကိုယ့်နန်းနဲ့နေခဲ့ကြတဲ့ဗမာတို့ဟာအင်္ဂလိပ်လက်အောက်ရောက်ခဲ့ရပြီးသူတပါးကျွန်ဖြစ်ခဲ့ရဘူးပါတယ်၊အင်္ဂလိပ်နယ်ချဲ့ဟာဗမာတွေလူညွန့်တုံးစေလိုတဲ့ရည်ရွယ်ချက်ဖြင့်စနစ်တကျစီမံချက်များချမှတ်အကောင်အထည်ဖေါ်ခဲ့ပါတယ်၊သာဓကအားဖြင့်မြန်မာတွေရဲ့ဇာတိသွေးဇာတိမာန်ချိုးနှိမ်သည့်အနေဖြင့်ဗမာ့ထီးနန်းကိုအပြီးအပိုင်ချေမှုန်းပြီဗမာနိုင်ငံကိုအိန္ဒိယနိုင်ငံရဲ့ပြည်နယ်တခုအဖြစ်သွတ်သွင်းပြီးကျွန်ပြုအုပ်ချုပ်ခဲ့ပါတယ်၊အင်္ဂလိပ်နယ်ချဲ့ရဲ့လူညွန့်တုံးရေးပေါ်လစီကြောင့်အဲ
ဒီတုံးကကုလားတရုတ်တွေဟာအဂ်လိပ်ကျွန်၊ဗမာတွေကကုလားတရုတ်ထက်တဆင့်နိမ့်တဲ့သဘောက်ဘဝကိုကျရောက်ခဲ့ရပါတယ်၊အဲဒီလိုရောက်ခဲ့ရတာကိုဗမာမျိုးချစ်တွေအကြီးအကျယ်မခံမရပ်နိုင်လို့နည်းပေါင်းစုံသုံးပြီးတိုက်ပွဲဝင်ခဲ့ကြတယ်၊ကိုလိုနီထမ်းပိုးအောက်ကဗမာပြည်သားတွေညီညီညွတ်ညွတ်ရုန်းထွက်ကြဖို့အတွက်ကိုလိုနီပညာရေးစနစ်ကိုဆန့်ကျင်တဲ့ပထမကျောင်းသားသပိတ်မှာတက္ကသိုလ်ကျောင်းသားများရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြတဲ့အတွက်နယ်ချဲ့ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများအထိကျယ်ပြန့်သွားပါတယ်၊အဲဒီကမှတဆင့်၁၉၄၈ခုနှစ်မှာဗမာ့ပြည်လွတ်လပ်ရေးရသည်အထိအောင်မြင်ခဲ့ပါတယ်။
ဗမာပြည်သူတွေဟာလွတ်လပ်ရေးရဲ့အသီးအပွင့်ကိုကာလတိုတောင်းစွပဲခံစားခဲ့ရပါတယ်၊၁၉၆၂ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ဗမာစစ်အာဏာရှင်များလက်အောင်ကိုကျရောက်ခဲ့ရပါတယ်၊ပြည်သူတွေတရားဝင်တင်မြှောက်ထားတဲ့ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်တဲ့ဒိမိုကရေစီအစိုးရထံမှအာဏာသိမ်းယူတုံးက၊ဗိုလ်ချုပ်ကြီးနေဝင်းကတိုင်းပြည်ဂျောက်ထဲမကျခင်အချိန်မီကယ်တင်လိုက်ရပါတယ်လို့ပြောကြားခဲ့ပါတယ်၊အခုလက်တွေ့ပြန်လည်ကြည့်တဲ့အခါမှာသူပြောသလိုမဟုတ်ပဲဗမာပြည်သူတရပ်လုံးဟာဘယ်တုံးကမှမမြော်လင့်ခဲ့တဲ့လူ့ငရဲဖြစ်တဲ့အသူရာနက်တဲ့ဂျောက်ထဲရောက်နေတာကိုတွေ့ရပါတော့တယ်၊မည်သို့ပင်ပြည်သူတွေကိုချော့တမျိုး၊ချောက်တမျိုးဖြင့်လိမ်လည်လှည့်ပြားစေကာမူခေတ်အဆက်ဆက်မှာအတိုးတက်ဆုံးအထက်မြက်ဆုံးနေရာမှာရှိကြတဲ့ကျောင်းသားများဟာစစ်အာဏာရှင်တွေရဲ့ရက်စက်ယုတ်မာတဲ့အတွင်းစိတ်သ
ဘောကိုအရင်ဆုံးခွဲခြမ်းစိတ်ဖြာပြီးသိကြပါတယ်၊အဲဒါကြောင့်မဆလတပါတီစစ်အာဏာရှင်အစိုးရကို၈၈၈၈လူထုအရေးတော်ပုံမှာဦးဆောင်ဖြုတ်ချပြခဲ့ပါတယ်၊အခုဆိုရင်၈၈၈၈လူထုအရေးတော်ပုံကြီးဆင်နွှဲခဲ့တာ(၂၅)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ၊မဆလတပါတီအာဏာရှင်အစိုးရကိုအောင်မြင်စွာဖြုတ်ချခဲ့နိုင်တာမှန်သော်လဲ၊စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်မချေမှုန်းနိင်ပါ၊ပြည်သူတွေလိုလားချီတက်နေတဲ့စစ်မှန်တဲံဒီမိုကရေစီပန်းတိုင်ကိုမရောက်သေးပါဘူး၊အလွန်ကောက်ကျစ်ပြီးပရိယယ်များလှတဲ့စစ်အာဏာရှင်များဟာလူကြားကောင်းပြီးအများလက်ခံနိုင်မည်စကားလုံးများအမြဲရွေးချယ်အသုံးပြုခဲ့သလို၊သူ့ခေတ်နှင့်သူ့အခါလျှောက်လူကြိုက်များတဲ့အမည်များကိုလဲရွေးချယ်အသုံးပြုလေ့ရှိပါတယ်၊ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစဉ်တုံးကကမ္ဘာ့နိုင်ငံအသီးသီးမှာဆိုရှယ်လစ်စနစ်အလွန်ခေတ်စားပါတယ်၊အဲဒါကြောင့်ဆိုရှယ်လစ်စနစ်ကိုမြန်မာ့နည်းမြန်မာ့ဟန်နဲ့ချီတက်မယ်လို့ကမ္ဘာကိုကြေငြာခဲ့တယ်၊တကယ်လက်တွေ့မှာတော့မဆလတပါတီအာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့တာပါ၊တိုင်းပြည်ကိုကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်အောင်(၂၆)နှစ်အတွင်းပို့ဆောင်ခဲ့လို့ဦးနေဝင်းခေါင်းဆောင်တဲ့မဆလအစိုးရကို၈၈၈၈အရေးတော်ပုံကြီးကဖြုတ်ချခဲ့တာပါ၊ဒါပေမဲ့စစ်အာဏာရှင်များဟာလူထုကတရားဝင်ရွေးချယ်တင်မြှောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအာဏာလွှဲပေးခြင်းမပြုခဲ့ပါဘူး၊အကြောင်းအမျိုးမျိုးပြပြီး၊အမည်အမျိုးမျိုးပြောင်းလဲမှည့်ခေါ်ထားတဲ့စစ်အာဏာစနစ်ဟာယနေ့တိုင်ဗမာနိုင်ငံမှာရှိနေဆဲပါပဲဆိုတာကိုဗမာပြည်သူလူထုတရပ်လုံးအထူးသတိထားသတိရကြဖို့လိုပါတယ်။
ဗမာစစ်အာဏာရှင်များဟာမိမိတို့လက်ဝယ်ကိုမတရားရောက်ရှိနေတဲ့အာဏာကိုကြာနိုင်သမျှကြာအောင်ဆုတ်ကိုင်ထားလိုတာမို့နည်းပေါင်းစုံသုံးပြီးကြိုးပမ်းလာခဲ့တာယနေ့အထိပါပဲ၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြည်သူလူထုရဲ့ဆန္ဒမပါပဲနှစ်ပေါင်းများစွာအချိန်ယူပြီးစိတ်တိုင်ကျရေးဆွဲခဲ့တယ်၊၂၀၀၈ခုနှစ်မှာပြည်သူလူထုဟာနာဂစ်လေမှုန်တိုင်းဒဏ်ကြောင့်အလူးအလဲဒုက္ခပေါင်းစုံကိုခံစားနေရတုံးမှာကလိမ်ကကျစ်နည်းများသုံးပြီးအတည်ပြုခဲ့ပါတယ်၊အဲဒိနာဂစ်အခြေခံဥပဒေကြီးကိုအသုံးပြုပြီး၂၀၁၀ခုနှစ်မှာရွေးကောက်ပွဲကျင်းပခဲ့တာကြောင့်သမ္မတကြီးဦးသန်းစိန်ခေါင်းဆောင်တဲ့ဒီမိုကရေစီစနစ်ကိုလက်ခံကျင့်သုံးပါမယ်လို့ကမ္ဘာကိုကြေငြာထားတဲ့လက်ရှိအစိုးရဆိုတာပေါ်ထွက်လာခဲ့တာပါ၊အခုလက်ရှိအရေခွံလစစ်ဗိုလ်ချုပ်များရဲ့ခေါင်းဆောင်သမ္မတကြီးဦးသိန်းစိန်ကလဲကမ္ဘာ့သမိုင်းမှာမကြုံတွေ့ခဲ့ရဘူးသေးတဲ့ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက်လိုအပ်တဲ့ပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်နေပါတယ်လို့ကမ္ဘာကိုကြေငြာခဲ့ပြန်ပါတယ်၊အပြောကတော့မစားရဝခမန်းပါပဲ၊စိန်နားကပ်ကြီးပန်ရမလိုဆိုတဲ့သီချင်းလိုပါပဲ၊
မြန်မာ့နည်းမြန်မာ့ဟန်နဲ့လွန်ခဲ့တဲ့(၂၅)နှစ်တုံးကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့်ဗမာနိုင်ငံကိုကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိအောင်သက်သေထူခဲ့သလိုအခုလဲသမ္မတကြီးဦးသိန်းစိန်နှင့်သမ္မတလူကြမ်းအဖွဲ့သားများကတိုင်းပြည်နဲ့လူမျိုးကိုဘယ်လိုဒုက္ခပေးအုံးမယ်ဆိုတာကိုမကြာမီလာတော့မဲ့သမိုင်းဖြစ်စဉ်ပိတ်ကားကြိးပေါ်မှာတွေ့မြင်ရတော့မှာပါ၊မျက်မမြင်အများအပြားကိုအခြားမျက်မမြင်တဦးကခေါင်းဆောင်မယ်ဆိုရင်သူတို့အားလုံးဂျောက်ထဲကျပြီးဒုက္ခရောက်ကြမှာသေချာပါတယ်၊ဗမာပြည်သူအားလုံးကိုလိုအပ်တဲ့အသိပညာ၊အတတ်ပညာတပ်ဆင်ပေးဖို့အရေးကြီးလှတဲ့အလှဲ့အပြောင်းအချိန်ကာလကိုရောက်ရှိနေ့ပြီ၊အဲဒီပြည်သူတွေအတွက်လိုအပ်တဲ့အသိပညာ၊အတတ်ပညာတွေတပ်ဆင်ပေးရမဲ့အဓိကတာဝန်ကြီးဟာ၈၈မျိုးဆက်များရဲ့ပုခုံးပေါ်ကိုရောက်ရှိလို့လာပါပြီ၊ဆရာကြီးဗန်းမော်တင်အောင်ရဲ့စကားကိုသုံးရမယ်ဆိုရင်၊အခုလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေတ်ကြီးကပေးအပ်လိုက်တဲ့ကြီးမာလှတဲ့တာဝန်ကြီးကို၈၈မျိုးဆက်များဘယ်နည်းဘယ်ပုံဖြင့်ဆက်လက်ဆောင်ရွက်မလဲဆိုတာကိုယ္ခုကျင်းပတဲ့၈၈မျိုးဆက်များညီလာခံကြီးမှာဆွေးနွေးညှိနှုင်းအဖြေရှာနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပ်ါတယ်။
 
ဗမာစစ်အာဏာရှင်စနစ်ကြောင့်ထွက်ပေါ်လာတဲ့အကျိုးဆက်များကတော…
 
၁။စစ်အာဏာရှင်ကြီးများ၊သူတို့ရဲကမိသားစုဝင်များ၊ဆွေမျိုးများနှင့်သူတို့ကိုပံ့ပိုးပေးတဲ့ခရိုနီများဟာထားစရာနေရာမရှိ
အောင်ချမ်းသာနေကြပါတယ်၊
၂။သန်း(၆၀)သောပြည်သူများကတော့၊စားစရာမရှိတဲ့အခြေအနေဆိုးအဆင့်ကိုရောက်နေပါတယ်၊
၃။၂၀၀၈နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာဗမာနိုင်ငံကိုတိုးတက်ဖွံ့ဖြိုးတဲ့၊တရားဥပဒေစိုးမိုးတဲ့၊ဲငြိမ်းချမ်းတဲ့၊ဗမာအပါအ
ဝင်လူမျိုးစုအားလုံးအခွင့်အလမ်းတူညီစွာခံစားရတဲ့၊ဒီမိုကရေစီနိုင်ငံကြီးအဖြစ်တည်ဆောက်ရေးလမ်းတွင်ပိတ်ဆို့နေပါ်
တယ်၊
အထက်ပါအကျိုးဆက်များကတော့လက်ရှိကြုံတွေ့ရတဲ့အကျိးဆက်အများအပြားထဲကအထင်ရှားဆုံးတို့ကိုဖေါ်ပြထားခြင်းဖြစ်ပါတယ်။
၈၈မျိုးဆက်များလျှေက်လှမ်းရမည့်ရှေ့လုပ်ငန်းစဉ်များအတွက်ကနေဒါနိုင်ငံကိုအခြေခံတဲ့၊ကြုံခဲ့ရတဲ့နောင်တွင်ရှောင်ရမည့်
ပျော့ကွက်၊ဟာကွက်နှင့်ဆောင်ရမည့်အကြံပြုချက်များ…
 
၂၅-နှစ်အတွင်းကြုံတွေ့ခဲ့ရတဲ့၊နောင်တွင်ရှောင်ရှားသင့်၊ပြုပြင်သင့်တဲ့ပျော့ကွက်ဟာကွက်များ….
 
၁။ကနေဒါနိုင်ငံပြည်နယ်အသီးသီးတွင်ပြန်ကျဲတည်ရှိနေတဲံအဖွဲ့အစည်းများ၊တနိုင်ငံလုံးအတိုင်းအတာဖြင့်စုပေါင်းဆောင်ရွက်ရာတွင်အလွန်အားနည်းခြင်း
၂။ဗမာအဖွဲ့အစည်းများနှင့်လူမျိုးစုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရေးတွင်အလွန်အားနည်းခြင်း
၃။ဗမာနိုင်ငံကိုကိုယ်စားပြုတဲ့လှုပ်ရှားမှုများ(ဥပမာကနေဒါနိုင်ငံအစိုးရနှင့်ဆက်သွယ်ရေနှင့်ဗမာနိုင်ငံနှင့်ကနေဒါနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက်လှုပ်ရှားများ)
 
၈၈မျိုးဆက်များ၏ရှေ့လုပ်ငန်းများအတွက်အကြံပြုချက်များ..
 
၁။မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများဆောင်ရွက်နေပြီဖြစ်သောကြောင့်ပြည်ပရောက်မြန်မာများဘာမှလှုပ်
ရှာစရာမလိုတော့ဟုယူဆနေကြသူများရှိနေပါတယ်၊မှားယွင်းတဲ့အတွေးအခေါ်ဖြစ်ပါသည်၊
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများက၊တောင်းဆိုနေသည့်အချက်မှာ၊ဒီမိုကရေစီတိုက်ပွဲဝင်အင်အားစုများ(ပြည်ပရောက်
၈၈မျိုးဆက်များနှင့်ပြည်တွင်း၈၈မျိုးဆက်များဟနိချက်ညီညီပူးပေါင်းဆောင်ရွက်ရန်အထူးလိုအပ်နေတဲ့အချိန်ဖြစ်သော
ကြောင့်၊ပြည်ပရောက်မြန်မာများယ္ခင်ကထက်ပိုမိုလှုပ်ရှားကြဖို့အထူးလိုအပ်ပါတယ်)၊အဲဒီလိုအပ်ချက်ပြည့်ဝစွာအကောင်အထည်ဖေါ်နိုင်ရေးကိုအသိရှိရှိဖြင့်ပူးပေါင်းဆောင်ရွက်ရန်
၂။ဗမာအပါအဝင်လူမျိုးစုအားလုံးပူးပေါင်းဆောင်ရွက်ရေးကိုပြည်တွင်းရောပြည်ပတွင်ပါတွန်းအားပေးဆောင်ရွက်ရန်
၃။ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းကြောင်းတွင်ပိတဆို့နေတဲ့၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုပြည်သူလူထု၏စုစည်းညီညွတ်မှုအင်အားအပြည့်အဝရယူပြီးအမြန်နိုင်ဆုံးစုပေါင်းဆောင်ရွက်ရန်
၎။ပြည်ပရောက်မြန်မာများ၊မိမိတို့ရောက်ရှိနေထိုင်ရာနိုင်ငံအလိုက်၊တနိုင်ငံလုံးကိုကိုယ်စားပြုတဲ့(ဖယ်ဒရယ်အမျိုးအစား)အဖွဲ့အစည်းမျာနှင့်၊ဗမာအပါအဝင်လူမျိုးစုအားလုံးစုပေါင်းဆွေးနွေးနိုင်တဲ့ဖိုရွန်များဖွဲ့စည်းရန်၊လူမျိုးစုများအားလုံး
စုပေါင်းပါဝင်ဆွေးနွေးခြင်း၊အဖွဲ့အစည်းများအလိုက်၊တဦးချင်းအလိုက်အပြန်အလှန်ကူညီခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းများအားကောင်းလာရေးဆောင်ရွက်ရန်
၂၅နှစ်မြောက်၈၈မျိုးဆက်များညီလာခံအတွက်ဆွေးနွေးတင်ပြရန်အချက်အလက်များမြောက်များစွာရှိပါတယ်၊ဤကားအတိုချုံးတင်ပြရင်းမြန်မာပြည်သူအားလုံးမျှော်မှမ်းထားတဲ့စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်သို့စည်းကမ်းရှိစွာ၊ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရင်းချီတက်ကြပါစို့…
ဦးသန်းအောင်
ကိုအော်ဒီနေတာ( Coordinator)
မြန်မာကနေဒီယန်ကွန်ယက်(BurmeseCanadian Network)
ကနေဒါနိုင်ငံ။
Tel:780 439 7555, Cell:780 953 9877
Email:thanaung1994@gmail.com
SKYPE ID: minngyee
၂၀၁၃ခု-ဇွန်လ(၂၈)ရက်။

ဝမ်ကောင်းဈေးက ပျံကျဈေးသည်တွေရင်ဆိုင်နေရတဲ့ နေရာပျောက်မှု


တာချီလိတ်မြို့က ၀မ်ကောင်းမြို့မ ဈေးက ပျံကျ ဈေးသည်တွေရဲ့ ဈေးဆိုင်နေရာ ပြန်ရရေး အခြေအနေဟာ အခုထိ မသေချာ မရေရာ ဖြစ်နေရတယ်။ 



ဝမ်ကောင်းဈေးမှာ နှစ်ပေါင်း ၂၀ လောက် ပျံကျဈေးသည် အဖြစ်နဲ့ ပျံကျဈေးသည် မှတ်ပုံတင်နဲ့ တကွ နေရာချထား ပေးတဲ့ နေရာမှာ ဈေးရောင်းလာခဲ့ကြတာတာ ၂၀၁၂ ခုနှစ်က အဆင့်မြင့် ဈေး ပြန်
ဆောက်မယ်ဆိုပြီး လုပ်လိုက်တာ နေရာ ပျောက်သွားကြရတယ်လို့ ဦးလှခင်က ရှင်းပြတယ်။ 

အဲဒီတုန်းက အရပ်ထုံးစံအတိုင်း အစည်းအဝေး ခေါ်တယ်။ အဲဒီတုန်းက စည်ပင်နဲ့ ကုမ္ပဏီအပါအဝင် ဈေး အ တွင်းတန်း က ဈေးသည်တွေပဲ ခေါ်ခဲ့ပြီး အပြင်တန်းက ဈေးသည်တွေကို အစည်းအဝေးတောင် မခေါ်ခဲဘူးတဲ့။ 

အဲဒီအစည်းအဝေးအရ အတွင်းတန်းက ဆိုင်ခန်း ၁ဝ ပေပတ်လည်ဆိုရင် ထိုင်းဘတ်ငွေ ၁ သိန်း ၃ သောင်း ( မြန်မာကျပ်ငွေ သိန်း၎ဝ ဝန်းကျင်) ၊ ၁၂ ပေx ၁ဝ ပေ ဆိုရင် ဘတ်ငွေ ၇ သိန်းနဲ့ အခန်းချပေးဖို့ သဘောတူ တယ်ဆိုတဲ့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလိုအခြေအနေကို အပြင်တန်းဈေးသည်တွေက မသိလိုက်ခဲ့ရဘူးလို့ ဦးလှခင်က ပြောတယ်။ 

ဒါနဲ့ အပြင်တန်းဈေးသည် ၂ဝဝ လောက် လက်မှတ်ထိုးပြီး အဆင့်ဆင့် တင်ပြတော့မှ အတွင်းတန်း၊ အပြင် တန်း ပါတဲ့ အစည်းအဝေး ခေါ်ခဲ့တယ်။ အဲဒီကနေ ဈေးဆောက်တာ အားလုံး သဘောတူတဲ့အကြောင်း၊ 
ဆောက်လုပ် ပြီးစီးသွားရင်အားလုံးကိုနေရာတကျ ပြန်လည်နေရာချပေးမယ်၊ နေရာချ ထားရေး 
ကော်မတီထဲမှာလည်း အပြင် တန်းက ဈေးသည်ကိုယ်စားလည်ပါရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ 

ဒါနဲ့ ဈေးလည်း ဆက်ဆောက်ဖြစ်တာ ဈေးက အတော်လေး ပြီးလု ပြီးခင်ဖြစ်နေပြီ။ ဈေးဆောက်တဲ့ ကုမ္ပဏီက ဆိုင်ခန်းတွေကို ပြန်ရောင်းချနေပြီ။ 



ဒါပေမယ့် ပျံကျ အပြင်တန်းက ဈေးသည် တွေရဲ့ နေရာပြန်ရရေးက ဘယ် လိုမှ မသေချာတော့ သမ္မတ အပါအဝင် အဆင့်ဆင့်ကို ဈေးသူ ဈေးသားတွေက စာတင်ကြတယ်။ 

အခုထိ တုံ့ပြန်လာမှု တစုံတရာမရသေးဘူးလို့ ဈေးသည်တွေက ပြောပြကြတယ်။ ပျံကျဈေးသည်တွေရဲ့ အနာဂတ်က မရေရာသေးတဲ့အခြေအနေပါဘဲ။  

အခြေခံ လူတန်းစားတွေရဲ့ နေ့စဉ်ဘဝ ရုန်းကန်ခွင့် ရနေတဲ့ နေရာလေးပျောက်နေတာကြောင့် သူတို့နဲ့ သူတို့ မိသားစုတွေ ဘယ်လို အခက်အခဲတွေ ရှိနေ ကြမယ်ဆိုတာ သက်ဆိုင်ရာ လူကြီးတွေက စာနာ နားလည် သင့်ကြတယ်လို့လည်း ပျံကျ ဈေးသည်တဦးက ပြောပါတယ်။




ဝမ်ကောင်းဈေးမှာ

ဝမ်ကောင်းဈေးမှာ နှစ်ပေါင်း ၂၀ လောက် ပျံကျဈေးသည် အဖြစ်နဲ့ ပျံကျဈေးသည် မှတ်ပုံတင်နဲ့ တကွ နေရာချထား ပေးတဲ့ နေရာမှာ ဈေးရောင်းလာခဲ့ကြတာတာ ၂၀၁၂ ခုနှစ်က အဆင့်မြင့် ဈေး ပြန်
ဆောက်မယ်ဆိုပြီး လုပ်လိုက်တာ နေရာ ပျောက်သွားကြရတယ်လို့ ဦးလှခင်က ရှင်းပြတယ်။ 

အဲဒီတုန်းက အရပ်ထုံးစံအတိုင်း အစည်းအဝေး ခေါ်တယ်။ အဲဒီတုန်းက စည်ပင်နဲ့ ကုမ္ပဏီအပါအဝင် ဈေး အ တွင်းတန်း က ဈေးသည်တွေပဲ ခေါ်ခဲ့ပြီး အပြင်တန်းက ဈေးသည်တွေကို အစည်းအဝေးတောင် မခေါ်ခဲဘူးတဲ့။ 

အဲဒီအစည်းအဝေးအရ အတွင်းတန်းက ဆိုင်ခန်း ၁ဝ ပေပတ်လည်ဆိုရင် ထိုင်းဘတ်ငွေ ၁ သိန်း ၃ သောင်း ( မြန်မာကျပ်ငွေ သိန်း၎ဝ ဝန်းကျင်) ၊ ၁၂ ပေx ၁ဝ ပေ ဆိုရင် ဘတ်ငွေ ၇ သိန်းနဲ့ အခန်းချပေးဖို့ သဘောတူ တယ်ဆိုတဲ့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလိုအခြေအနေကို အပြင်တန်းဈေးသည်တွေက မသိလိုက်ခဲ့ရဘူးလို့ ဦးလှခင်က ပြောတယ်။ 

ဒါနဲ့ အပြင်တန်းဈေးသည် ၂ဝဝ လောက် လက်မှတ်ထိုးပြီး အဆင့်ဆင့် တင်ပြတော့မှ အတွင်းတန်း၊ အပြင် တန်း ပါတဲ့ အစည်းအဝေး ခေါ်ခဲ့တယ်။ အဲဒီကနေ ဈေးဆောက်တာ အားလုံး သဘောတူတဲ့အကြောင်း၊ 
ဆောက်လုပ် ပြီးစီးသွားရင်အားလုံးကိုနေရာတကျ ပြန်လည်နေရာချပေးမယ်၊ နေရာချ ထားရေး 
ကော်မတီထဲမှာလည်း အပြင် တန်းက ဈေးသည်ကိုယ်စားလည်ပါရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ 

ဒါနဲ့ ဈေးလည်း ဆက်ဆောက်ဖြစ်တာ ဈေးက အတော်လေး ပြီးလု ပြီးခင်ဖြစ်နေပြီ။ ဈေးဆောက်တဲ့ ကုမ္ပဏီက ဆိုင်ခန်းတွေကို ပြန်ရောင်းချနေပြီ။

ဝမ်ကောင်းဈေးက ပျံကျဈေးသည်တွေရင်ဆိုင်နေရတဲ့ နေရာပျောက်မှု

တာချီလိတ်မြို့က ၀မ်ကောင်းမြို့မ ဈေးက ပျံကျ ဈေးသည်တွေရဲ့ ဈေးဆိုင်နေရာ ပြန်ရရေး အခြေအနေဟာ အခုထိ မသေချာ မရေရာ ဖြစ်နေရတယ်။

ဦးရဲထွဋ်နဲ့ ဒေါက်တာ သန်းအောင်တို့ ဝန်ကြီးတွေဖြစ်လာမယ်

သမ္မတ လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က အမိန့်အစာအရ ပြန်ကြားရေးဝန်ကြီးနဲ့ ကျန်းမာရေး ဝန်ကြီးတွေကို ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်ပြီး လစ်လပ်နေတဲ့ ဝန်ကြီးတွေ နေရာမှာ လက်ရှိ ဒု ဝန်ကြီး ၂ ဦးကို အစားထိုး ခန့်အပ်ဖို့ လွှတ်တော်ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့ အဆိုပြု လိုက်ပါတယ်။
လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို ပြန်ကြားရေး ၀န်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်ရန် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့လိုက်ပြီး ကျန်းမာရေး ၀န်ကြီးအဖြစ် ဒုဝန်ကြီး ဒေါက်တာသန်းအောင်ကို အဆိုပြုထားတယ်လို့ လွှတ်တော်သတင်းရပ်ကွက်က ဆိုပါတယ်။ 

ဒါကြောင့် လွှတ်တော်က အတည်ပြုပေးလိုက်မယ်ဆိုရင် ဦးရဲထွဋ်ဟာ ပြန်ကြားရေးဝန်ကြီးဖြစ်လာဖို့ ရှိသလို ဒေါက်တာ သန်းအောင်လည်း ကျန်းမာရေး ဝန်ကြီးဖြစ်လာဖို့ ရှိပါတယ်။ 

အခုလို ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီး ၂ ဦးကို ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်တဲ့သတင်းကတော့ ရန်ကုန်မြို့က လူမှု အသိုင်းအဝိုင်းကြားမှာတော့ တီးတိုးဝေဖန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

 

သရုပ်ဆောင်နေတဲ့ မော်ဒယ် မေဧကရီထူး


သရုပ်ဆောင်နေတဲ့ မော်ဒယ် မေဧကရီထူး


ဓာတ်ပုံမော်ဒယ်လ်လောကမှာ ခဏတာ ကျင်လည်ခဲ့ပြီး သရုပ်ဆောင်မှုပိုင်းကို ကူးပြောင်းလာတဲ့ မေဧကရီထူးက သရုပ်ဆောင်အလုပ်ဟာ ခက်ခဲတယ်လို့ အလင်းဂျာနယ်သို့ ပြောပါတယ်။

“အခုလောလောဆယ် အနုပညာ လှုပ်ရှားမှုတွေမှာ အပြိုင်ဇာတ်ရုပ် နေရာကနေ ပါဝင်ဖြစ်နေပါတယ်။
သရုပ်ဆောင်အလုပ်က ကျရာဇာတ်ရုပ်ကို ပီပြင်အောင် လုပ်ရတာဆိုတော့ မော်ဒယ်လ်ထက်စာရင် ပိုပြီး ခက်ခဲပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ ကမ်းလှမ်းမှုတွေလည်း ရှိပါတယ်။ လက်မခံဖြစ်သေးတာပါ။ အနုပညာ ၀မ်းစာနဲ့ ပတ်သက်ပြီး အများကြီး ကြိုးစားရဦးမှာပါ။
ရှေ့က စီနီယာတွေကလည်း အားပေး လက်တွဲခေါ်ယူပါတယ်” လို့ သရုပ်ဆောင် မေဧကရီထူးက ပြောပါတယ်။

ပထမဆုံး ပါဝင်ဖြစ်တဲ့ ဇာတ်ကားကတော့ အာအီးရှီတယ်ရို ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ဖြစ်ပါတယ်။
 နောက်ထပ် ပါဝင်ထားတဲ့ နှင်းဆီတရေးနိုး ဇာတ်ကားကလည်း ထွက်ထားပြီး၊ လာဗန်ဒါ ဗီဒီယို ထုတ်လုပ်ရေးနဲ့လည်း ကားတွေ အများကြီး ရိုက်သွားဖို့ရှိပါတယ်။
အက်ရှင် အကြမ်းစားမျိုးလည်း မဟုတ်၊ ဒရာမာ အရမ်းလည်း မဆန်တဲ့ ဖန်စီပုံစံလေးတွေနဲ့လိုက်ပြီး အေးဆေးတဲ့ ဇာတ်ရုပ်လေးတွေကို သရုပ်ဆောင်ချင်ပါတယ်။
တက်သစ်စ အနုပညာရှင် တယောက်ဖြစ်တဲ့အတွက် ပရိသတ်လက်ခံနိုင်အောင် ဒီထက်အများကြီး ပိုကြိုးစားသွားမှာပါ။
 ပရိသတ်ကြီးကလည်း အနုပညာ ခရီးလမ်းမှာ အောင်မြင်အောင် အားပေးကြပါလို့ သရုပ်ဆောင် မေဧကရီထူးက ပြောပါတယ်။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9w14P8o0MlGEPvCUW-kHIsN2xf8R39KVThKEtiYyBCy8ysku4_Hv3duPFWSLkn3Tsw7V76L-DHJBEzo06lKbaRb-6R8pqPYzo-VhdhVhMRV_sAnqTw7uS-hO1nOkA8sE09NtgrI1IGaWM/s1600/10516796_1500081470225043_7248779550707721929_n.jpg

Menopause (2) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)

 သွေးမဆုံးခင်ဖြစ်တာတွေဟာ လူ့သဘာဝ ဖြစ်ကိုဖြစ်ရတဲ့ ပြောင်းလဲဖြစ်စဉ် ဖြစ်တယ်။ ရောဂါ မဟုတ်ပါ။ ဒါ့ကြောင့် ဆေးကုဘို့ လူတိုင်းတော့ မလိုတတ်ပါ။ လိုသူတွေမှာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ လိုအပ်ကြတယ်။ တကယ်သွေးမဆုံးခင် ရာသီ ဖေါက်ပြန်တယ်။ လမမှန်၊ ရက်မမှန် ဖြစ်တာ များတယ်။ အမျိုးသမီးတယောက် ဘယ်တော့ သွေးဆုံးမလဲကို အကြမ်းပြောရရင် မိခင်နဲ့ အတော်တူတာများပါတယ်။

Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင်တယ်။

• ကိုယ်ဝန်တား Oral pills စားဆေး၊ Patch ကပ်ခွါဆေး၊ Spray ဖြန်းဆေးတွေ သုံးနိုင်တယ်။ တားဆေးပေးရတဲ့ ရည်ရွယ်ချက်က Irregular vaginal bleeding ရာသီ မမှန်တာအတွက် ဖြစ်တယ်။
• Transdermal hormone အရေပြားအောက် ထားရတဲ့ဆေးကို တချို့က ပိုကြိုက်တယ် အသဲကို မထိခိုက်လို့ ပြောတာ ဖြစ်တယ်။
• ဆရာဝန်ကနေ စမ်းသပ်စစ်ဆေးပြီး တခြား သွေးဆင်းစေတဲ့အကြောင်း မရှိတာ သေခြာပြီးမှ ဒီဆေးပေးရတယ်။
• (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ဆေးတွေ၊ Vaginal estrogen ring ကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြားတွေ အမျိုးမျိုးရှိတယ်။
• Vaginal moisturizing agents ဆိုတာတွေက ဟော်မုန်း မဟုတ်ဘဲ ဗဂျိုင်းနားကို စိုစွပ်မှုရစေအောင် သုံးနိုင်တယ်။ K-Y Silk-E Vaginal Moisturizer or KY Liquibeads တွေ ဖြစ်တယ်။ ခင်ပွန်းနဲ့ အတူနေဘို့ အတွက် အသုံးဝင်တယ်။ အပျိုကြီးတွေအတွက်လဲ အကျိုးရှိတာပါဘဲ။ ဒီနေရာမှာ ခြောက်သွေ့နေရင် မကောင်းဘူး။
• Selective serotonin reuptake inhibitors (SSRIs) အုပ်စုဝင် Antidepressant စိတ်မကျဆေး သုံးနိုင်တယ်။ ဥပမာ Venlafaxine (Effexor), Fluoxetine (Prozac), Sertraline (Zoloft), Paroxetine (Paxil), Citalopram (Celexa) တွေ ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးရှိမယ်။ Decreased libido လိင်စိတ်နည်းမယ်၊ Sexual dysfunction လိင်ဆက်ဆံတာမှာ အခက်အခဲ ရှိနိုင်တယ်။
• တခြားဆေးတွေလဲ အသုံးကျနိုင်တယ်။ ဥပမာ Gabapentin (Neurontin) အတက်သက်သာဆေး၊ Clonidine (Catapres) သွေးကျဆေး။
• တချို့က Bioidentical hormone ကိုသုံးတာကို စိတ်ဝင်စားမှု ပိုလာနေတယ်။ ဓါတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ ဟော်မုန်း အတုဖြစ်တယ်။ တရားဝင် အသိအမှတ် မပြုသေးပါ။

Alternative medical therapies ကျွန်တော်တို့လို သမားရိုးကျ ဆရာဝန်တွေသုံးနည်း မဟုတ်တာတွေလဲ သုံးကြတယ်။
• Phytoestrogens, Isoflavones အပင်တွေကနေရတဲ့ Plant estrogens တွေပါတာမျိုး သုံးနိုင်တယ်။ Isoflavones ဓါတ်ပေါင်းဟာ Soy ပဲပုပ်မှာ ပါတယ်။ အဆတော့ အင်မတန်နည်းတယ် Estradiol တကယ့် အီစထိုဂျင်ရဲ့ တထောင်ပုံ တပုံ၊ တသိန်းပုံတပုံသာ ပါတယ်။ Chick peas ကုလားပဲ နဲ့ Lentils ပဲနီလေးတွေမှာလဲ ပါတယ်။
• Vitamin E ဗီတာမင် အီး ကိုလဲ သုံးနိုင်တယ်။
• Himalaya ကနေထုတ်တဲ့ Menosan ဆေးမှာ Herbal ingredients (ဟာဗယ်) ဆေးတွေ ပါတယ်။
• ပေါ်ပြူလာဖြစ်နေတဲ့ နောက်တမျိုးကတော့ Mexican yam ကနေထုတ်တဲ့ Tibolone လို့ ခေါ်တယ်။

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု
၁။ Benificial အကျိုးများစေမဲ့ဆေး
(က) Oestrogens (အီစထိုဂျင်) မ-ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုမှာ Oestrogens ဆေးပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ စနစ်တကျလေ့လာမှု ၂ ခုမှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလဲ နည်းစေတယ်။ Urogenital symptoms ဆီးလမ်း-မွေးလမ်း လက္ခဏာတွေကို ပိုမိုကောင်းမွန်စေတယ်။ စနစ်တကျလေ့လာမှု ၁ ခုမှာ စိတ်ဓါတ်ကျတာကို သက်သာစေတယ်။ ကွက်ကျား-လေ့လာမှု ၄ ခုမှာ Quality of life လူနေမှုတန်ဘိုး ရေတို ကောင်းမွန်စေတယ်။
(ခ) Progestogens (ပရိုဂျက်စတိုဂျင်) ဟော်မုန်း၊
စနစ်တကျလေ့လာမှု ၁ ခုနဲ့ ကွက်ကျား-လေ့လာမှု ၆ ခုမှာ Progestogens ပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သက်သာစေတယ်။ တခြားပိုကောင်းတာ မတွေ့ရဘူး။
(ဂ) Tibolone (တီဘိုလုံး) ဟော်မုန်း၊
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Vasomotor symptoms လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vasomotor symptoms လက္ခဏာတွေကို သက်သာစေတာမှာ Oestrogen/Progestogen ပေးတာထက် မညံ့ဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Vaginal dryness မွေးလမ်းကြောင်း ခြောက်သွေ့တာကို သက်သာစေရာမှာလဲ သိသာတဲ့ ကွာခြားချက် ၄၈ ပတ်အကြာမှာ မတွေ့ရဘူး။ လေ့လာမှုတခုမှာ Sexual satisfaction လိင်ကိစ္စ ကျေနပ်မှုမှာ Oestradiol + Noresthisterone ပေးတာထက် ပိုကောင်းတယ်လို့ မတွေ့ရဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Sexual fantasies and arousability လိင်ပိုင်းဆိုင်ရာ ဆန်းပြားမှုနဲ့ နိုးထမှုတွေမှာ ဆေးမပေးသူတွေထက် ၃ လ အကြာမှာ ပိုကောင်းတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Tibolone ပေးတာဟာ Conjugated Oestrogen ပေးတာထက် Sexual desire လိင်စိတ်ဖြစ်ပေါ်တာ နဲ့ Coital frequency လိင်ဆက်ဆံမှု အကြိမ် ပိုသာတာ တွေ့ရတယ်။

၂။ Likely to be beneficial အကျိုးရှိမယ်လို့ထင်ရတာ
ကွက်ကျား-လေ့လာမှု ၁ ခုမှာ Phyto-Oestrogens ပါတဲ့ Soy protein ပေးတာဟာ မပေးသူတွေထက် လက္ခဏာ ခံစားရတာ သက်သာတယ်။ ဒါပေမဲ့ ၆ ပတ်အကြာမှာ လက္ခဏာပေါ်တဲ့ အကြိမ်ရေ အနည်းဘူး။

Phyto-Oestrogens ဆိုတာ လူတွေစားတဲ့ အစားအစာထဲမှာ ပါနေတဲ့ မ-ဟော်မုန်း (အီစထိုဂျင်) ကိုခေါ်တယ်။ ကနေဒါ သုတေသန တခုအဆိုအရ Nuts အစေ့အဆံတွေ၊ Oilseeds အစေ့အဆံတွေကရတဲ့ဆီ၊ Soy products ပဲပုပ်၊ Cereals ပြောင်း-ပြောင်းနှံ၊ Breads ပေါင်မုံ့၊ Legumes ပဲတောင့်ရှည် နဲ့ Meat အသားတွေမှာ ပါတယ်။ Flax seed ဗီသွာ (နှမ်းကြတ်) နဲ့ Oilseeds စေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ Soybeans ပဲပုပ် နဲ့ Tofu တို့ဟူးတို့က ဒုတိယ လိုက်တယ်။

၃။ Unknown effectiveness ဘာလို့ ထိရောက်မှုရှိတယ်ဆိုတာ ပြောမရတာ
- Antidepressants စိတ်မကျဆေးတွေ
- Clonidine သွေးတိုးဆေး၊
- Testosterone ကျား-ဟော်မုန်း၊

Dr. တင့်ဆွေ

Menopause (1) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁)

----------------------------------------------------------

 ဆရာရှင့် ကျမအသက် ၄၇ ပြည့်တော့မှာပါ။ ကျမမှာ သားသမီးသုံးယောက်ရှိပါတယ်ဆရာ။ ကျမအသက် ၃၆ နှစ်မှာ သားအိမ်တွင်းမှာ အဖုလေးတွေ့လို့ သားအိမ်ထုတ်ခဲ့ပါတယ်။ ရာသီသွေးဆင်းတိုင်း ဆိုးဆိုးဝါးဝါးနာကျင်ကိုက်ခဲနေတာမို့ OG ပြရင်း အဖုလေးတွေ့တယ်ဆိုလို့ပါ။ သားသမီးလဲသုံးယောက်ရှိပြီးသားမို့ သားအိမ်က ကိုယ်ဝန်ဆောင်ဖို့ကလွဲရင် မရှိလဲရတဲ့ အပိုပစ္စည်းဖြစ်တဲ့အတွက် ထုတ်ချင်လဲရတယ်ဆိုလို့ပါ။ ဒါကြောင့် ကျမ သားအိမ်ထုတ်ဖို့ သဘောတူခဲ့ပါတယ်ဆရာ။ အဲဒီအချိန်က ကျမအသက်ငယ်သေးတယ်ဆိုပြီး သားအိမ်ကိုသာထုတ်ခဲ့ပြီး မျိုးဥအိမ်နဲ့ သားအိမ်ခေါင်းကိုတော့ ချန်ထားခဲ့တယ်ပြောပါတယ်။ ဒါပေမဲ့ နောက်တနှစ် အသက် ၃၇ နှစ်မှာ အရည်အိတ်ထပ်ဖြစ်လို့ အဲဒီဆရာမကြီးနဲ့ပဲ ပြန်ပြပြီး အကုန်ဖယ်ရှားလိုက်ရပါတယ်ဆရာ။ အစပိုင်းတုန်းက ကျမသဘောပေါက်တာက သားအိမ်ထုတ်ထားရင် သွေးဆုံးကိုင်တဲ့ ဝေဒနာမခံစားရဘူးလို့ပဲ သဘောပေါက်တာပါ။ OG ကလဲ ဒါနဲ့ပတ်သတ်ပြီး မဆွေးနွေးခဲ့ပါဘူးရှင်။ နောက်ပိုင်းကျမ စာတွေဖတ်ရင်းနဲ့ သိလာတာက သားအိမ်ထုတ်ထားတဲ့သူဟာ သာမာန်လူထက် ပိုပြီး သွေးဆုံးကိုင်တဲ့ဝေဒနာကို ခံစားရတယ်ဆိုတာပါ ဟုတ်ပါသလားရှင်။ သားအိမ်ထုတ်ပြီးနောက်ပိုင်းမှာ ခေါင်းညာဘက်တခြမ်းကိုက်တဲ့ဝေဒနာဖြစ်ပါတယ်။ ဦးနှောက် CT ရိုက်ပြီးစစ်တော့ ဘာမှမဖြစ်ဘူးပြောပါတယ်ရှင် ခေါင်းအနောက်ညာဘက်က အပ်နဲ့ထိုးခံရသလိုစူးပြီးနာတာ ကျီးပေါင်းဖြစ်တယ်လဲ ပြောပါတယ်။ အခု ကျမအသက် ၄၇ မှာ အစားအသောက်စားချင်စိတ်မရှိတာ ညဘက်နှစ်နှစ်ချိုက်ချိုက်အိပ်မပျော်တာ ဘယ်လောက်ပဲညည့်နက်မှအိပ်ပါစေ မနက်လေးနာရီဆိုနိုးနေတာ နေ့လည်ဘက်လဲ တခါတရံ အိပ်ရေးပျက်လွန်းမှ ခဏလေးအိပ်ပျော်တာတွေ ဖြစ်ပါတယ်။ နားတွေက လေထွက်သလိုအူလာပြီး တစုံတခုဆို စိတ်အားငယ်လာတယ် မျက်ရည်လွယ်လာတယ်ဆရာ။ ချွေးတအားထွက်ရင် လူကနုံးချိပင်ပန်းသလိုခံစားရပြီး အပူဒဏ်လဲမခံနိုင်ပါဘူး။ စိတ်ရှုပ်တဲ့ဒဏ်တွေမခံနိုင်တော့ပဲ တယောက်ထဲ အေးအေးဆေးဆေးနေချင်စိတ်သာ ဖြစ်လာတယ် ပင်ပင်ပန်းပန်းလဲ ဘာတခုမှမလုပ်နိုင်တော့ဘူး။ အဲဒါ သွေးဆုံးကိုင်တဲ့လက္ခဏာလို့ ပြောပါတယ်ရှင်၊ ဟုတ်ပါသလားဆရာ။ သားအိမ်ထုတ်ထားတဲ့သူတယောက်ဟာ သွေးဆုံးကိုင်ရင် ဘယ်လိုသိနိုင်ပါသလဲရှင်။ သူများထက်ပိုခံစားရတယ်ဆိုတာရော ဟုတ်ပါသလား ဘယ်လိုပိုခံစားရသလဲ သားအိမ်ထုတ်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေလဲ၊ ဘာတွေဖြစ်လာနိုင်လဲ ကျမသိချင်တာပါရှင်။

မြန်မာတွေက သွေးဆုံး-သားဆုံးလို့ တွဲသုံးတယ်။ သူများတွေကတော့ သွေးဆုံးချိန်နဲ့ သွေးဆုံးခါနီးလို့ တွဲရေးတယ်။ သွေးဆုံးတာဆိုတာ အမျိုးသမီးတယောက်မှာ ရာသက်ပန် ရာသီမလာတော့တာဖြစ်တယ်။ ဘဝမှာ တကယ့် အချိုးအကွေ့တခု ဖြစ်တယ်။ ရောဂါရလာတာ မဟုတ်ပါ။ ရာသီသွေးဆင်းတာလဲ မမှန်တော့သလို လစဉ် မျိုးဥထွက်တာလဲ ပုံမှန်မဟုတ်တော့ပါ။ ကြားရက်မှာ သွေးဆင်းမယ်။ မျိုးဥကလည်း တချို့လမှာထွက်မယ်။ တခါတလေမထွက်လာတော့ပါ။

ဒါပေမဲ့ နေကောင်းထိုင်သာရှိမှုမှာတော့ သက်ရောက်မှုကြီး ဖြစ်စေတယ်။ မိန်းမဘဝမှာ ဆုလာဘ်ရသလိုဖြစ်လာတယ်လို့ ယူတတ်ရင် ယူဆနိုင်တယ်။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေးအသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။ မျက်နှာနီမြန်းတာ၊ ညချွေးထွက်တာ စတဲ့အသစ်ဖြစ်လာတွေ ခံစားရမှာဖြစ်ပေမဲ့ လစဉ်ဆိုတာ ပူစရာမလိုတော့ဘူး။ ရင့်ကျက်-ပြည့်စုံလာပြီ။ နှလုံးရောဂါ၊ အရိုးရောဂါတို့လို ဖြစ်လာနိုင်စရာတွေကိုလဲ ကျန်းမာရေး အသိရှိရှိနဲ့ ကာကွယ်နိုင်ပါတယ်။

ဘာလို့ဖြစ်လာသလဲ။ အသက်ကြောင့်ပါ။ ကလေးမရနိုင်တော့ဘူး။ မျိုးဥအိမ်ကနေ အပျိုဖြစ်ကတည်းက လုပ်ပေးနေခဲ့၊ ထုတ်ပေးနေခဲ့တာမှန်သမျှ လျှော့ချလိုက်ပြီ။ အသက်ကြောင့် မဟုတ်ဘဲ မျိုးဥအိမ် နှစ်ဖက်လုံး ထုတ်ရတာ၊ ကင်ဆာဆေး ပေးတာ၊ တင်ပါးဆုံနေရာကို ဓါတ်ကင်တာတွေ ကနေလဲ စောပြီး သွေးဆုံးနိုင်ပါတယ်။ သားအိမ်ထုတ်ရပေမဲ့ မျိုးဥအိမ် ချန်ထားရင် ဟော်မုန်းတန်ခိုးတွေ ဆက်ရှိနေပါအုံးမယ်။ ရာသီသွေးမလာတော့ဘူး။ ကလေးလဲမရနိုင်တော့ဘူး။

သွေးဆုံးချိန်ဟာ မြန်မာတွေက ၄၅ နှစ်လို့ နုတ်ကျိုးနေတယ်။ ပျမ်းမျှ ၅၁ နှစ်ဖြစ်တယ်။ ၄ဝ ကတည်းကဆုံးသူနဲ့ ၆ဝ ကျမှ ဆုံးသူတွေလဲ ရှိပါတယ်။ ဆရာဝန်တွေ ဘယ်လောက်တော်နေနေ အမျိုးသမီးလူနာ ဘယ်တော့ သွေးဆုံးမယ်၊ ဘာတွေ ဖြစ်လာမယ်ဆိုတာ မှန်းလို့ မရပါ။ ၁၂ လတာဆက်တိုက် ရာသီ မလာတာကိုမှ သွေးဆုံးအမျိုးသမီးစာရင်းထဲ ထည့်ပါမယ်။ သွေးဆုံးဆိုတာ တဖြေးဖြေးဖြစ်လာတယ်။ အဲလို မူမမှန် ဖြစ်လာနေချိန်ကို သွေးမဆုံးခင်ဖြစ်တာတွေလို့ ခေါ်တယ်။ ဒီအတောအတွင်းလဲ ကလေး ရနိုင်သေးတယ်။

ဖြစ်တာတွေက တယောက်နဲ့တယောက်မတူပါ။ တချို့မှာ ပြောင်းသွား၊ ရပ်သွားမှန်းမသိ ဖြစ်တယ်။ တချို့ကြ ခံလိုက်ရတာလို့ ပြောတယ်။ ရာသီရက် တိုလာတာ၊ တလနဲ့တလ ပိုခြာလာတာ၊ ဆင်းတာက နည်းလာတာ၊ တချို့ ပိုများတာတွေ ဖြစ်နိုင်တယ်။ ဒါတွေဖြစ်တိုင်း ဆေးကုဘို့မလိုပါ။ ဆရာဝန်ပြရင်တော့ ပိုကောင်းပါတယ်။ သဘာဝနည်းနဲ့ မဟုတ်ဘဲ မျိုးဥအိမ်ကို ဆေးပေး၊ ခွဲစိတ်၊ ဓါတ်ကင်နည်းနဲ့လုပ်လို့ သွေးဆုံးတာမျိုးက ရုတ်တရက်ကြီးခံရတယ်။

မျက်နှာနီမြန်းတာကို အဖြစ်ကြရဆုံးဘဲ။ ပူနွေးတာ ခံစားရမယ်။ မျက်နှာ၊ လည်ပင်း၊ လက်မောင်း၊ ကျော၊ ရင်ပတ်တွေမှာ နီရဲရဲဖြစ်မယ်။ ချွေးပိုထွက်မယ်၊ အိပ်ရေးပျက်နိုင်တယ်။ ချမ်းနိုင်တယ်။ မီးယပ်ချမ်းလို့ ပြောကြတာထဲ ဒါလဲ ပါမလားဘဲ။ ၁ဝ-၃ဝ စက္ကန့်ကြာနိုင်တယ်။ အေးတဲ့နေရာ၊ ပန်ကာ၊ သာမန်လေ့ကျင့်ခန်းလုပ်တာ၊ အပူအစပ်လျှော့စားတာ၊ စိတ်ဖိအား လျှော့တာတွေ လုပ်သင့်တယ်။

လင်-မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ ချောဆီဆေးကို သုံးနိုင်ပါတယ်။ လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။

ဘယ်လိုအပြောင်းကနေ ပြဿနာရှိရှိ ဆရာဝန်နဲ့ညှိပါ။ ဟော်မုန်းဆေး ပေးမလား၊ မပေးဘူးလား ချိန်ဆမယ်။ ဟော်မုန်း အစားထိုးကုသနည်း ခေါ်တယ်။ နောက်တနည်းက ဟော်မုန်းနဲနဲသာပါတဲ့ ကိုယ်ဝန် တားဆေးပေးနိုင်တယ်။ စိတ်ကျဆေး၊ သွေးကျဆေး၊ မွေးလမ်းထဲထည့်ရတဲ့ (အီစထိုဂျင်) ဟော်မုန်းဆေးတွေလဲ ပေးနိုင်တယ်။ (ဘိုင်အိုအိုင်ဒန်တီကယ်) ဟော်မုန်းပေးနည်းလဲ ရှိတယ်။

သွေးဆုံးသူတွေအတွက် စိုးရိမ်စရာတွေက နှလုံးရောဂါ နဲ့ အရိုး မသန်မာမှုတွေ ဖြစ်တယ်။ ကျန်းမာနေဘို့ရာ ဆေးစစ်ပါ။ သွေးဖိအား၊ (ကိုလက်စထော)၊ ဆီးချိုတွေ စစ်ပါ။ ရင်သားကင်ဆာအတွက် (မင်မိုဂရမ်) ရိုက်ပါ။ သားအိမ်ကင်ဆာအတွက် (ပက်ပ် တက်စ်) လုပ်ပါ။ အစာအာဟာရ၊ ကိုယ်လက်လှုတ်ရှားမှု နဲ့ စိတ်ဖြေလျှော့နည်းတွေ ဖြည့်ပေးပါ။

သွေးဆုံးတာနဲ့ (ဘေဆို-မိုတာ) လက္ခဏာတွေဖြစ်တဲ့ ညချွေးထွက်မယ်၊ ခြေဖဝါး-လက်ဖဝါး-ကိုယ်ခန္ဓာ ချွေးထွက်မယ်၊ အိပ်လို့မကောင်း ဖြစ်မယ်။ ဒီလိုဖြစ်တာတွေကို (ဘေဆို-မိုတာ) လက္ခဏာတွေလို့ ခေါ်တယ်။ အမျိုးသမီး ၈၅% မှာ ဖြစ်ကြတယ်။ စိတ်ပိုင်းသက်ရောက်မှုတွေကလည်း အတော်သိသိသာသာ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်များမယ်၊ စိတ်တိုမယ်၊ အားယုတ်မယ်၊ အာရုံစိုက်ရတာ ခက်ခဲမယ်။

ဘယ်လို အဆင်ပြေအောင်လုပ်မလဲ -
(၁) ယေဘုယျ
• အဝတ်အစား အေးတာရွေးဝတ်ပါ။
• ပန်ကာ၊ (ဝါတာ-ကူလာ)၊ လေအေးစက် သုံးပါ။
• အေးတဲ့ရေ၊ ဖျော်ရည်၊ အစားအသောက်ရွေးစားပါ။ (ကေဖင်း) ပါတာ လျှော့စားပါ။ အရက် လျှော့သောက်ပါ။ အပူးအစပ် လျှော့စားပါ။ အဆီ လျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ။
• လေ့ကျင့်ခန်းလုပ်လို့ သက်သာတာရော၊ မထူးတာပါရှိတယ်။
• ယောဂလုပ်ပါ။ အနှိပ်ခံပါ။ တရားထိုင်ပါ။ အထူးရေချိုးနည်းလုပ်ပါ။ ကိုယ်အလေးချိန်ချပါ။
• ဗီတာမင် ဘီ ၆ သောက်ပေးတာ တချို့မှာ သက်သာတယ်။
• ဗီတာမင် (အီး) ကတော့ နည်းနည်း အကျိုးရှိတယ်။

(၂) ဆေးသုံးနည်း
• Estrogen Replacement Therapy (အီစထိုဂျင်) အစားထိုးပေးနည်း ၈ဝ-၉ဝ% သက်သာစေတယ်။
• Progesterone transdermal cream (20 grams/day) (ပရိုဂျက်စတင်) လိမ်းဆေး
• (SSRIs) အကျိုးရှိတာတွေ့ရတယ်။ ဥပမာ Venlafaxine (Effexor) 12.5 mg ကို တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 75 mg ကို ညအိပ်ရာဝင်သောက်ပါ။ Paroxetine (Paxil CR) 12.5 to 25 mg ကို တနေ့ ၄ ကြိမ်သောက်ပါ။ Gabapentin (Neurontin) 300 mg ကို တနေ့ ၃ ကြိမ်။ Aldomet 250 mg ကို တနေ့ ၂ ကြိမ်။

(၃) (ဟာဘယ်လ်) ဆေးတွေ
• Black Cohosh နဲ့ Soy ပဲပုတ် အကျိုးရှိတာတွေ့ရတယ်။ ဒါပေမဲ့
• Dong Quai, Evening Primrose Oil နဲ့ Red Clover တွေက မထူးတာတွေ့ရတယ်။

Dr. တင့်ဆွေ

ကျန်းမာစေရန် ရောင်စုံစားပါ

----------------------------------------
  သင်ရဲ့ ထမင်း ပန်းကန်ထဲမှာ သက်တံရောင် အစားအစာတွေ ရှိနေတာဟာ နုပျို ကျန်းမာ စေတာကြောင့် သင့်ပန်းကန်ထဲမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ အပြာရောင်ရှိတဲ့ အစားအသောက်တွေ ပါဝင် သင့်ပါတယ်။

အနီရောင်

အရသာရှိတဲ့ အနီရောင် အစားအသောက် တွေကို စားပေးတဲ့အခါ အနီရောင် အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်တွေမှာ အင်သိုဆိုင်ယာနင် ပါဝင်နေတာ ကြောင့် ဆဲလ်တွေရဲ့ ထိခိုက် ပျက်စီးမှုကို အကာအကွယ် ပေးနိုင်ပါတယ်။ အနီရောင်ရှိတဲ့ အစားအစာတွေကတော့ စတော်ဘယ်ရီသီး၊ အနီရောင် ပန်းသီးနဲ့ ငရုတ်သီး အနီ၊ သလဲစေ့ စတာတွေပဲ ဖြစ်ကြပါတယ်။ ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကိုလည်း ကျန်းမာစေပါတယ်။

လိမ္မော်ရောင်နှင့် အဝါရောင်

ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့လို အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ အစား အစာတွေကို စားပေးရင် အမြင်အာရုံကို ကောင်းမွန်စေပြီး ခုခံစွမ်းအား စနစ်ကို တိုးမြင့်စေပါတယ်။ အဝါရောင် အသီးအနှံတွေထဲမှာ ပါဝင်တဲ့ ဘီတာ ကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါမှာ ဗီတာမင်အေ အဖြစ် ပြောင်းသွားတာကြောင့် ကင်ဆာ ရောဂါနဲ့ နှလုံးရောဂါ အန္တရာယ်ကို လျော့ကျ စေပါတယ်။ ဒါ့အပြင် ချဉ်တဲ့ အသီးအနှံတွေမှာ ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ်လည်း ပါဝင်နေတာကြောင့် ဖရီးရယ်ဒီ ကယ်တွေကို ကင်းဝေးစေပြီး ခုခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ်။

အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်

အစိမ်းရောင်

အစိမ်းရောင် အစားအစာထဲမှာ ပါတဲ့ ကလိုရိုဖီးတွေဟာ သွေးဆဲလ် ထုတ်လုပ်မှု အားကောင်း စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစိမ်းရောင် အစားအစာ တွေထဲမှာ လူတင်ဓာတ် ပါဝင်တာကြောင့် အတွင်းတိမ်ရောဂါ အန္တရာယ်နဲ့ အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးတာကို လျော့ကျ စေနိုင်ပါတယ်။ အစိမ်းရောင် အစား အစာတွေ ကတော့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ရွက်လိပ်ဂေါ်ဖီထုပ် စတာတွေပဲ ဖြစ်ကြပါတယ်။ အဖြူရောင် သစ်တော်သီး၊ အခွံမာသီးနဲ့ သီဟိုဠ်စေ့လို အစေ့အဆန်တွေမှာ အန်သို ဆိုင်ယာနင်တွေ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စထရော ပမာဏကို လျော့ကျ စေပါတယ်။

အဖြူရောင်

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ထဲမှာလည်း ကွာဆီတင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျ စေကာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေပါတယ်။ ပဲပိစပ်၊ အဖြူရောင်ပဲ၊ ဘာလီစေ့နဲ့ ထမင်းတွေဟာလည်း သင်စားသင့်တဲ့ အဖြူရောင် အစားအစာတွေပဲ ဖြစ်ကြပါတယ်။

ကြယ်စင်
မြ၀တီ

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

 ---------------------------------------------------------------


ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။


ချောကလက်က မျက်စိအမြင်ကို ပိုမိုကောင်းစေသည်

၂၀၁၀ ပြည့်နှစ်တွင် ဗြိတိသျှလေ့လာသူများက အရွယ်ရောက်သူ လူငယ်များကို ချောကလက် အမည်းနှင့် အဖြူတစ်ခုခုကို စားခိုင်းကြသည်။ ထို့နောက်သူတို့၏ မျက်စိအမြင်ကို စမ်းသပ်ကြသည်။ပြန်လာကြပြီး အခြားချောကလက်အမျိုး
အစားကိုစား၍ စမ်းသပ်မှုကို ပြန်လုပ်ကြသည်။ ချောကလက်အဖြူနှင့် ယှဉ်လျှင်ချောကလက်အမည်းများက စမ်းသပ်ချက်
ရလဒ် အမှတ်များ ပိုမိုမြင့်နေသည်ကိုလေ့လာသူများ တွေ့ရှိကြသည်။မျက်စိအမြင်အပေါ် ချောကလက်၏ အကျိုးသက်ရောက်မှုက အသက်ပိုကြီးသော အရွယ်ရောက်သူများတွင် ပိုမိုကြီးမားနိုင်သည်ဟု စာရေးဆရာများက ထင်မြင်ချက်ပေးကြသည်။

အကြံပေးချက် 

သင် ချောကလက်တောင့် တစ်တောင့် ၀ယ်တော့မည်ဆိုလျှင် ကိုးကိုး ၇၂ ရာခိုင်နှုန်းနီးပါးရှိသော
ချောကလက်ကို ရွေးချယ်ပါ။ တစ်နေ့လျှင်ချောကလက် အောင်စတစ်ဝက် (သို့)ချောကလက်အများစု၏ ၂ လက်မ ပတ်လည်ခန့် စားပါ။

ချောကလက်က သင့်၏အသားအရေကိုကာကွယ်သည်

၂၀၀၆ ခုနှစ်တွင် ဂျာမန်လေ့လာမှုတစ်ခုက မည်းနက်သော ချောကလက်ထဲမှဖလေဘွန်နဲလ်သည်အရေပြားကိုUVအလင်း၏အန္တရာယ်မှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဗြိတိန်မှ ၂၀၀၉ခုနှစ် လေ့လာမှုတစ်ခုက အလားတူရလဒ်ကို တွေ့ရှိခဲ့သည်။ သို့သော် သင်၏အရေပြားကို ကာကွယ်ရန် လိုအပ်သောဖလေဘွန်နဲလ်အဆင့်ကစံချိန်မီ ချောကလက်အများစုတွင်
 တွေ့ရသောဖလေဘွန်နဲလ်၏အဆင့်ထက်ပိုမိုမြင့်မားသည်ကိုသတိပြုမိကြသည်။ လေ့လာမှုတွင် အသုံးပြုသော ဖလေဘွန်နဲလ်မြင့်သည့် အထူးသီးသန့် ချောကလက်က သွေးလည်ပတ်မှုနှင့် အရေပြားစိုစွတ်မှုကို မြှင့်တင်ပြီး၊ အ
သားအရေကိုပိုမိုကျန်းမာ၍ကြည့်ကောင်းအောင် လုပ်ပေးသည်။

အကြံပေးချက် -

ချောကလက်တောင့်ကို ရွေးချယ်သောအခါ ဖြစ်နိုင်သမျှ ပါဝင်ပစ္စည်းအနည်းဆုံး ချောကလက်ကိုရှာပါ။ သကြားများသော ချောကလက်ကို မလိုချင်ပါနှင့်။ ကိုကိုး အများဆုံး ချောကလက်ကိုရှာပါ။

ချောကလက်က သင်၏နှလုံးကိုအကူအညီပေးသည်

၂၀၁၁ ခုနှစ်တွင် ဗြိတိသျှဆေးဘက်ဆိုင်ရာ ဂျာနယ်ထဲ၌ ဖော်ပြခဲ့သော အဆင့်မြင့် လေ့လာစစ်ဆေးမှု တစ်ခုကချောကလက် စားသုံးခြင်းသည် နှလုံးသွေးကြောရောဂါအမျိုးမျိုးဖြစ်နိုင်မှု အန္တရာယ်ကို ၃ ပုံ၊ ၁ ပုံ လျှော့ချကြောင်း တွေ့ရှိသည်။
သီးခြားလေ့လာမှုများက ချောကလက်သည် သွေးတိုးနှုန်းကို လျှော့ချနိုင်ပြီး သွေးကြောကျန်းမာရေးကို
 မြှင့်တင်နိုင်၍ သွေးသကြားကို ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရှိသည်။

အကြံပေးချက် 

ကျန်းမာရေး အပိုဆုများကို လိုချင်ပါသလား။ ချယ်ရီ၊ ဗာဒမ်သို့မဟုတ် ချင်း ပါရှိသော ချောကလက်အမည်း အနည်းငယ်ကို စားပါ။ ကျန်းမာရေးညီညွတ်သော အခြားပါဝင်ပစ္စည်းပေါင်းစပ်ထားသော ချောကလက်မှ အာနိသင်ပေါင်းစုံကို သင် ရရှိလိမ့်မည်။

• မင်းသုတ
Ref: 5 Surprising Reasons To Eat More Chocolate
By Megankempston

ယူကရိန်းကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုဖြစ်


-----------------------------------------------------------------------------

ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​မငြိမ်မသက်မှုတွေနဲ့ ​ပတ်သက်ပြီး ​ရုရှားနဲ့ ​အနောက်တိုင်း ​နိုင်ငံတွေအကြား ​တင်းမာမှုတွေ ​ဖြစ်နေပါတယ်။

Kiev မြို့တွင်းမှာ ကားမောင်းချီတက်သွားတဲ့ ယူကရိန်း ဆန္ဒပြသူတွေ (Credit: AFP)
ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ခေါင်းဆောင်အပြောင်းအလဲကို ​ရုရှားနိုင်ငံ ​ဝန်ကြီးချုပ် ​Dmitry ​Medvedev ​က ​လက်နက်ကိုင် ​တော်လှန်မှုကြီးလို့ ​တင်စားခေါ်ဝေါ်လိုက်ပါတယ်။
ခုလောလောဆယ် ​ယူကရိန်းနိုင်ငံမှာ ​တက်လာတဲ့ ​ယာယီအစိုးရအတွင်းက ​လူတွေနဲ့ ​အဆက်အသွယ်ပြုချင်စရာ ​ကောင်းတဲ့လူတွေ ​မရှိဘူးလို့ ​ပြောလိုက်သလို ​တက်လာတဲ့ ​ယာယီအစိုးရဟာ ​တရားဝင်ရဲ့လားဆိုပြီးတော့လည်း ​ရုရှားဝန်ကြီးချုပ်က ​မေးခွန်းထုတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ​ဖြစ်နေတဲ့ ​အစိုးရအပြောင်းအလဲဟာ ​ရုရှားအစိုးရနဲ့ ​ရုရှားပြည်သူအတွက် ​တကယ့်ကို ​ခြိမ်းခြောက်မှု ​တစ်ခုလို ​ဖြစ်နေတယ်လို့လည်း ​ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် ​အကြောင်းစုံသိရအောင် ​ယူကရိန်းနိုင်ငံမှာ ​အမှုထမ်းဆောင်နေတဲ့ ​ရုရှားနိုင်ငံ ​သံအမတ်ကို ​ပြန်လည်ဆင့်ခေါ်ထားပြီ ​ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကလည်း ​ယူကရိန်းနိုင်ငံရေးမှာ ​ရုရှားအနေနဲ့ ​စစ်ရေးအရ ​ဝင်ရောက်စွက်ဖက်မှုတွေမလုပ်ဖို့ ​အမေရိကန်လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ​Susan ​Rice ​က ​ပြောဆိုထားပါတယ်။
ခုလောလောဆယ် ​ရာထူးကနေ ​ဖြုတ်ချခံလိုက်ရတဲ့ ​ယူကရိန်းသမ္မတဟောင်း ​Victor ​Yanukovych ​ကို ​ရဲတွေက ​ဖမ်းဝရမ်းထုတ်ထားပါတယ်။
ဆန္ဒပြမှုအတွင်း ​ဖြစ်ပေါ်ခဲ့တဲ့ ​ပစ်ခတ်မှုတွေနဲ့ ​ပတ်သက်ပြီး ​သူ့ကို ​ဖမ်းဖို့ ​အလိုရှိနေတာဖြစ်ပါတယ်။
ထောက်ခံသူတွေများတဲ့ ​Crimea ​မြို့မှာ ​သမ္မတဟောင်း ​ဗစ်တာကို ​နောက်ဆုံးတွေ့ခဲ့ရတဲ့အကြောင်း ​အေဘီစီသတင်းထောက် ​Phillip ​Williams ​က ​Kiev ​မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

                                                                                         ABC Radio Australia

Sexy Model အဖြစ် နှင့် သာ ရပ်တည် သွား မည် ဟု ဖွင့်ဟ လာ သည့် မော်ဒယ် ဇာဇာထက်

Sexy Model အဖြစ် နှင့် သာ ရပ်တည် သွား မည် ဟု ဖွင့်ဟ လာ သည့် မော်ဒယ် ဇာဇာထက် က Sexy Post များဖြင့် နိုင်ငံ တကာ ပရော် ဖက်ရှင် နယ် မော်ဒယ် ဖြစ် ကြိုးစား သွားမည် ဖြစ် ကြောင်း နှင့် Sexy Dance များကို လည်း စိတ်ဝင် စား ကြောင်း ပြော သည်။

ဇာက Sexy Dance ကို စိတ်ဝင်စားတယ်။ Sexy Dance ကိုလည်း နည်း နည်း သင်ထား တာ ဆို တော့ ဒါကို ကူညီပေး ပါ။ ရိုက်ပေးပါဆိုရင်တော့ ရိုက်ပေးပါတယ်။ Dance သီးသန့် တော့ မဟုတ်ဘူး။ ဇာက လည်း Sexy Post နဲ့ ထိုး ဖောက်ချင်တာပေါ့။ ဇာလုပ်တဲ့ Sexy Post ဆိုရင် နိုင်ငံခြားက လူတွေကလည်း လက်ခံတယ်။ စင်ကာပူဆို တော်တော် လက်ခံတယ်။ ဇာလုပ်တဲ့ Art နည်းနည်း Sexy ကျတယ်။ မြန်မာ အမြင်နဲ့ ရိုင်းချင်ရိုင်းမယ်။ ကိုယ့်ရဲ့ ကိုယ်လုံး ကိုယ်ပေါက်နဲ့ မြန်မာ အမျိုးသမီး တစ်ယောက် ရဲ့ Sexy ကို နိုင်ငံ တ ကာ ကို ပြချင်တာပေါ့။ စင်ကာပူဆိုရင် သူတို့နိုင်ငံထုတ် မဂ္ဂဇင်းတွေ မှာ Cover ရိုက်ရတယ် ဆိုတော့ ၀မ်း သာ ပါတယ်။ ဇာကတော့ Sexy Model အနေနဲ့ပဲ ရပ်တည်သွားမယ်။ ပရော်ဖက်ရှင်နယ်အထိကို၊ နိုင်ငံ တ ကာ အထိကို ထိုးဖောက်နိုင်တဲ့ အထိ ကြိုးစား ပါ့မယ်။ တစ်ခါ တလေ ကျ တော့လည်း စိတ်ဓာတ် ကျ တယ်။ Impression အရမ်းဒေါင်း တယ်။ ဒီလိုမျိုး လုပ်နေရ တာတွေကိုလေ။ တချို့ကပြောတယ်၊ Sexy Post ရိုက် တယ် ပေါ့။ မြန်မာပြည်မှာက အမြင်မရှိကြဘူး။ ဇာဇာထက်က Sexy Post ပုံ ရိုက်တယ်။ ဇာဇာထက်ကို ခေါ်လို့ ရချင်ရမယ်။ မရချင်မရဘူး။ Sexy Post ရိုက်တာနဲ့ ပျက်စီးနေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အနုပညာ ကို လက်ခံ လာ အောင် လုပ်တယ်။ ပေါ်ပြူလာဖြစ်ချင်လို့မဟုတ်ဘူး။ ကိုယ်နဲ့ လိုက်လို့ လုပ်ဖြစ်တာ။ အဲဒီ လမ်း ကြောင်း ပေါ် မှာ ကိုယ့်ကို လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့သူ လည်းရှိတယ်။ ဇာက Facebook မှာ ဓာတ်ပုံတော့ သိပ် မ တင် ဖြစ်ပါဘူး။ Sexy ပုံတင်တာ များ သွားရင် မြန်မာပုံလေးတွေ ပြောင်း တင်တယ်။ တင်ပြီးသွားရင်လည်း Comment ကို မဖတ် ဘူး။ Website တွေမှာတော့ တင်တယ်။ ဇာ့ ကို Website တင်မယ်၊ ဘယ် လောက် ပေးမလဲ၊ ရိုက်ပေးမယ်။ သူတို့ဘက်ကလည်း အဲဒီလို ပုံလေးတွေ ရိုက်မယ်။ ငါးသိန်း ပေးမယ်။ အဲဒါဆို လက်ခံ တယ်။ အတိုင်းအတာအရေအတွက်နဲ့ ရိုက်ပေးပါတယ်။ သူများတွေ ကတော့ မသိဘူး။ ဇာကတော့ Sexy ပုံတွေ ကို ရောင်းစားတယ်။ ခန္ဓာ ကိုယ်ရှိတုန်း သူတို့ငှားတဲ့ အချိန် အထိပေါ့နော်။ ဒါဆို ကိုယ်လည်း အပြောခံရ တာ တန် တယ်။ ပေါက်လည်း ပေါက်တယ်။ Sexy Post ရိုက်တယ်ဆိုပေမယ့် စိတ်က မတန်ပါ ဘူး။ အားလုံးကို ယဉ် ယဉ်ကျေးကျေး နဲ့ ဆက်ဆံပါတယ်””ဟု ဇာဇာထက်က ပြော သည်။

ဇာဇာထက်သည် Sexy Model အဖြစ် သီးသန့််ရပ် တည်နေပြီး Two Pic ၀တ်စုံနှင့် ရိုက်ကူးရန် ဒေါ်လာတစ်ထောင်ဖြင့် လက်ခံထားကြောင်း ပြောပြသည်။

Credit to:The Messenger News Journal


 

မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်း

 
လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

အထက်ပါ နည်းလမ်းတွေကို အသုံးပြုတာကြောင့် သင်၏ ဝက်ခြံကို ပျောက်ကင်းစေနိုင် ပါတယ်။


ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )

လိုင်ဇာမှာ တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

 တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့  ၁၆ ဖွဲ့ နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော်တို့ရဲ့ အစည်းအဝေးကို ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဒီနေ့  ကျင်းပကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ သဘောတူထားတဲ့အချက် ၁၀ ချက်ပါ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရော RCSS အဖွဲ့တို့ကပါ သဘောတူကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ကို အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ ညှိနှိုင်းရေးလုပ်ပိုင်ခွင့် အပ်နှင်းကြတယ်လို့ သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ့် အခြေခံသဘောတရားအပေါ်မူတည်ပြီး အစိုးရနဲ့ စေ့စပ်ဆွေးနွေးသွားမှာဖြစ်သလို၊ အဲဒီကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာအောင် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ABSDF အဖွဲ့ ကလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်အတိုင်း သဘောတူပါဝင်မှာဖြစ်တယ်လို့ ABSDF ဥက္ကဌ ကိုသံခဲက RFA ကိုပြောပါတယ်။

ဒီဆွေးနွေးပွဲကို NCCT အဖွဲ့ဝင်မဟုတ်တဲ့ အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ကြားရာမှာ UWSP ဝပြည် သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအဖွဲ့ နဲ့ နာဂအဖွဲ့ကိုလည်း ဖိတ်ကြားခဲ့ပေမဲ့ အဲဒီအဖွဲ့တွေ မတက်ရောက်ကြဘူးလို့ သိရပါတယ်။

အခုထိပ်သီးညီလာခံကနေရရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေရဲ့ ဘုံသဘောတူညီချက်အရ တိုင်းရင်းသားအဖွဲ့ တွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ NCCT အဖွဲ့ နဲ့  အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီတို့ အခုလာမယ့် သြဂုတ်လထဲမှာတွေ့ ဆုံကြမှာဖြစ်ပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့်ကာလနဲ့  နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မယ့်ကာလကိုတော့ တိတိကျကျပြောဆိုဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

RFA Burmese

ရခိုင်အရေး ပွင့်လင်းမှုရှိဖို့ အနောက်တိုင်းသံတွေ ဆော်သြ



----------------------------------------------------------
 ရခိုင်ပြည်နယ်မှာ ဘယ်လို အစီအစဉ်မျိုးပဲ လုပ်လုပ် အနာဂတ်မှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ နားလည်းမှု လွဲမှား တာတွေကို အကာကွယ် ပေးနိုင်ဖို့ အတွက် အစိုးရ အနေနဲ့ရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ လူမှုအဖွဲ့အစည်း တွေကို လက်လှမ်းမှီအောင်၊ ပွင့်လင်းမြင်သာမှုနဲ့ ထိတွေ့ဆက်ဆံ အကူအညီပေးဖို့အတွက် ရန်ကုန်အမေရိကန်သံရုံးက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိန်သံအမတ်ကြီး Andrew Patrick တို့ဟာ ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့က ခရီးထွက်ခဲ့ပြီး အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန် - ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိန်သံအမတ်ကြီး Andrew Patrick တို့ ပူးတွဲပါဝင်တဲ့ သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာသမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီတို့နဲ့အတူ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ လေ့လာရေးခရီး ထွက်ခဲ့ကြတယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရ Jamie Ravetz က အခုလို ပြောပါတယ်။

“သံအမတ်ကြီးတို့အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နဲ့ အနီးတ၀ိုက်ကိုသွားပြီး အစိုးရတာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံ မြို့မိ မြို့ဖတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ IDP ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ပကတိ အခြေအနေကို လေ့လာခဲ့ပါတယ်။”

သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဒေသခံတွေရဲ့ စိုးရိမ်မကင်း ဖြစ်ရတာတွေနဲ့ ရေရှည်ဦးစားပေးရမယ့် လုပ်ငန်းတွေကိုလည်း မေးမြန်းခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သံရုံးအနေနဲ့ ရခိုင်ပြည်နယ်က လူထုအတွက် ပါးလိုတဲ့ အမှာစကားကို ပြောခွင့်ရသူ Jamie Ravetz က အခုလို အလေးအနက် ပြောဆိုလိုက်ပါတယ်။

“ရခိုင်ပြည်နယ်မှာ ဘယ်လိုအစီအစဉ်မျိုးကိုပဲလုပ်လုပ် အသိုင်းအ၀ိုင်း နှစ်ခုအကြား  အနာဂတ်မှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ နားလည်မှု လွဲမှားတာတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် အစိုးရအနေနဲ့ကော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ အောက်ခြေ လူမှုအဖွဲ့အစည်းတွေကို ပိုပြီး ထိထိရောက်ရောက် လက်လှမ်းမှီအောင် ပွင့်လင်းမြင်သာမှုနဲ့ ကူညီသွားဖို့ တိုက်တွန်းလိုတယ်လို့ ပြတ်ပြတ်သားသား အမှာစကား ပါးလိုပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေ အရေးကိုပါ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ထောင်ဂဏန်းရှိတဲ့ ရိုဟင်ဂျာမူဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်။ နောက်ထပ် လူဦးရေသောင်းဂဏန်းဟာလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိတဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ စခန်းတွေမှာ နေထိုင်ကြရတယ်လို့ ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေ အများအပြား ရှိနေတာကြောင့် ရခိုင်ပြည်နယ်အစိုးရကနေ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ ဒီလိုခွင့်ပြုလိုက်တဲ့အပေါ် MSF ကတော့ သတိနဲ့ကြိုဆိုကြောင်း သူတို့အနေနဲ့ လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း MSF အဖွဲ့ရဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ပြန်လည် ခွင့်ပြုလိုက်တဲ့အပေါ် ဒေသခံတွေက မကျေမနပ်ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင်လ ၂၉ ရက်နေ့က တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်တဲ့ အချိန်အခါ ဖြစ်ပေါ်နေခြင်းနဲ့ လက်ရှိ နိုင်ငံတကာ မျက်နှာစာမှာ လွန်ကဲစွာ ဝေဖန်သုံးသပ်ခံနေရခြင်းနဲ့အတူ ဆိုးရွားတဲ့ မကောင်းတဲ့ပုံရိပ်တွေကို ဖော်ဆောင်ခံနေရတာတွေကို ထင်သာမြင်သာရှိအောင် မဖြစ်မနေ အရေးကြီးတဲ့ အချိန်အခါဖြစ်လို့ ဒီလိုထုတ်ပြန်ဖိတ်ခေါ်ရခြင်း ဖြစ်တဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့များရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေအတွက်လည်း ရခိုင်ပြည်နယ်အစိုးရက လုံးဝ တာဝန်ယူတဲ့အကြောင်း အဲ့ဒီတောင်းပန်စာမှာ ဖော်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/western-diplomats-rakhine-trip/1968037.html

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IjExWsO1VJerxfXdDopES-VUiZiso_0HIP6SzOSzFCVqQt9n8gu8X1iZuD7Hi6E9sr_IujnQBER9f6TWTUHYqG5l-wHq6X6GOmqtyKc3l5JUN8D5iHFh29_xYdZyaD8a2zjtvnxr9lk/s1600/4.jpg
စစ်တွေမြို့ ဘောဒူဘမူဆလင်ဒုက္ခသည်စခန်းကို အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အမေရိကန်သံတမန်တွေ သွားရောက်စဉ် (၈ စက်တင်ဘာ ၂၀၁၂)




ဝေဖန်ကန့်ကွက်မှု တွေရှိတဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွတ်တော်မှာ အတည်ပြု (ရုပ်/သံ)

 ဝေဖန်ကန့်ကွက်မှု တွေရှိတဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ဇူလိုင်လ ၃၀ ရက်နေ့ ပြည်ထောင်စု လွတ်တော်မှာ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက နေပြည်တော်ကနေ ပေးပို့ထားတာပါ။ ရိုက်ကူး အောင်ကြီး၊ တည်းဖြတ် နေဖြိုးဝင်း DVB TV - 30.07.2014

လိုင်ဇာမှာ တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ဆက်လက်ကျင်းပ
 တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့  ၁၆ ဖွဲ့ နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော်တို့ရဲ့ အစည်းအဝေးကို ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဒီနေ့  ကျင်းပကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ သဘောတူထားတဲ့အချက် ၁၀ ချက်ပါ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရော RCSS အဖွဲ့တို့ကပါ သဘောတူကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ကို အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ ညှိနှိုင်းရေးလုပ်ပိုင်ခွင့် အပ်နှင်းကြတယ်လို့ သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ့် အခြေခံသဘောတရားအပေါ်မူတည်ပြီး အစိုးရနဲ့ စေ့စပ်ဆွေးနွေးသွားမှာဖြစ်သလို၊ အဲဒီကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်လာအောင် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ABSDF အဖွဲ့ ကလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်အတိုင်း သဘောတူပါဝင်မှာဖြစ်တယ်လို့ ABSDF ဥက္ကဌ ကိုသံခဲက RFA ကိုပြောပါတယ်။

ဒီဆွေးနွေးပွဲကို NCCT အဖွဲ့ဝင်မဟုတ်တဲ့ အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ကြားရာမှာ UWSP ဝပြည် သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအဖွဲ့ နဲ့ နာဂအဖွဲ့ကိုလည်း ဖိတ်ကြားခဲ့ပေမဲ့ အဲဒီအဖွဲ့တွေ မတက်ရောက်ကြဘူးလို့ သိရပါတယ်။

အခုထိပ်သီးညီလာခံကနေရရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေရဲ့ ဘုံသဘောတူညီချက်အရ တိုင်းရင်းသားအဖွဲ့ တွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ NCCT အဖွဲ့ နဲ့  အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီတို့ အခုလာမယ့် သြဂုတ်လထဲမှာတွေ့ ဆုံကြမှာဖြစ်ပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့်ကာလနဲ့  နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မယ့်ကာလကိုတော့ တိတိကျကျပြောဆိုဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi72l-LQkOO0k8oFAxnhCYP3My3ZzcBre_GXUB66pvcqrwH7r7hSk7CPoAer_USTvCO2gOmMxaVVI49eAX51lhoxdMbIQct9MUZGVwnPzbVZ4CICpYEoGPnicwTZus-kctVUMKJ91ym2YU/s1600/7.jpg