-----------------------------------------------------------------------------
ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားနဲ့
အနောက်တိုင်း နိုင်ငံတွေအကြား တင်းမာမှုတွေ ဖြစ်နေပါတယ်။

Kiev မြို့တွင်းမှာ ကားမောင်းချီတက်သွားတဲ့ ယူကရိန်း ဆန္ဒပြသူတွေ (Credit: AFP)
ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ ခေါင်းဆောင်အပြောင်းအလဲကို
ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev က လက်နက်ကိုင်
တော်လှန်မှုကြီးလို့ တင်စားခေါ်ဝေါ်လိုက်ပါတယ်။
Kiev မြို့တွင်းမှာ ကားမောင်းချီတက်သွားတဲ့ ယူကရိန်း ဆန္ဒပြသူတွေ (Credit: AFP)
ခုလောလောဆယ် ယူကရိန်းနိုင်ငံမှာ တက်လာတဲ့ ယာယီအစိုးရအတွင်းက လူတွေနဲ့ အဆက်အသွယ်ပြုချင်စရာ ကောင်းတဲ့လူတွေ မရှိဘူးလို့ ပြောလိုက်သလို တက်လာတဲ့ ယာယီအစိုးရဟာ တရားဝင်ရဲ့လားဆိုပြီးတော့လည်း ရုရှားဝန်ကြီးချုပ်က မေးခွန်းထုတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ အစိုးရအပြောင်းအလဲဟာ ရုရှားအစိုးရနဲ့ ရုရှားပြည်သူအတွက် တကယ့်ကို ခြိမ်းခြောက်မှု တစ်ခုလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် အကြောင်းစုံသိရအောင် ယူကရိန်းနိုင်ငံမှာ အမှုထမ်းဆောင်နေတဲ့ ရုရှားနိုင်ငံ သံအမတ်ကို ပြန်လည်ဆင့်ခေါ်ထားပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကလည်း ယူကရိန်းနိုင်ငံရေးမှာ ရုရှားအနေနဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေမလုပ်ဖို့ အမေရိကန်လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice က ပြောဆိုထားပါတယ်။
ခုလောလောဆယ် ရာထူးကနေ ဖြုတ်ချခံလိုက်ရတဲ့ ယူကရိန်းသမ္မတဟောင်း Victor Yanukovych ကို ရဲတွေက ဖမ်းဝရမ်းထုတ်ထားပါတယ်။
ဆန္ဒပြမှုအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး သူ့ကို ဖမ်းဖို့ အလိုရှိနေတာဖြစ်ပါတယ်။
ထောက်ခံသူတွေများတဲ့ Crimea မြို့မှာ သမ္မတဟောင်း ဗစ်တာကို နောက်ဆုံးတွေ့ခဲ့ရတဲ့အကြောင်း အေဘီစီသတင်းထောက် Phillip Williams က Kiev မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
No comments :
Post a Comment