လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ရွေးချယ်ခံရသည့်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့တွင် လူထုဗဟိုပြုစီမံကိန်းအကြောင်း
မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို မြို့နယ်
အ.ထ.ကကျောင်းခန်းမ၌ သြဂုတ်လအတွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရပါတယ်။ အဲဒီဆွေးနွေးပွဲသို့
ရန်ကုန်တိုင်းဒေသကြီးရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူထုဗဟိုပြု
အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများအား
ဖိတ်ကြားသွားမည် ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတွင် ကျေးရွာလူထုအတွက်
စီမံကိန်းလုပ်ငန်းခွဲများအကြောင်း ရှင်းလင်းခြင်းနှင့် အစီအစဉ်အားလုံးကို
မြန်မာဘာသာ တစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန်ပေးမည့်
အစီအစဉ် ပါဝင်ခြင်းမရှိဘူးလို့လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊
လူထုဗဟိုပြု အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး
မိတ်ဘက်အဖွဲ့အစည်းများအနေဖြင့် ထန်းတပင်မြို့တွင် ကျင်းပမည့် လူထုဗဟိုပြု
စီမံကိန်းအကြောင်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်
စိတ်ပါဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ သြဂုတ်လ(၁)ရက်နေ့ထက်
နောက်မကျစေဘဲ ဆက်သွယ်ပါရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
ကြေညာထားတယ်လို့ သတင်းရရှိပါသည်။
နိုင်ငံသား သတင်းစာဆရာ ဆိုတာ မိမိပိုက်ဆံ နဲ့ မိမိ တိုင်းပြည် လူမျိုး အကျိုးအတွက် သတင်းမီဒီယာ လုပ်ငန်းကိုလုပ်ကိုင်သူဖြစ်တယ်။ မိမိစုံစမ်းလေ့လာသိရှိရတာတွေကို စာသား ဓါတ်ပုံ ဗီဒီယို တွေ နဲ့ အွန်လိုင်းမှာ တင်ပြနေမှု က အာဏာရှင်တွေနဲ့  ထိပ်တိုက်ရင်ဆိုင်လာရတဲ့အခါ အန္တရာယ်လဲရှိနိုင်ပါသေးတယ်။
မူလစာမျက်နှာ
Sunday, July 27, 2014
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment