Friday, August 8, 2014

(၂၆)နှစ်မြောက်ရှစ်လေးလုံးနှစ်ပတ်လည်နေ့အမေရိကန်သံအမတ်ကြီး ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ သြဂုတ်-၈

  ရှစ်လေးလုံးအရေးတော်ပုံ၏ (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင်
  မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချယ်ကကြေ
ညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ယနေ့သည် မြန်မာနိုင်ငံ
  ပြုပြင်ပြောင်းလဲရေးအတွက် ရှစ်လေးလုံးနေ့က ချီတက်ဆန္ဒပြကြသူ
များ စွန့်လွှတ်စွန့်စားပြီး သွေးမြေကျခဲ့သည့်နေ့ ခေတ်သစ်မြန်မာ့သ
မိုင်း၏ ၀မ်းနည်းကြေကွဲဖွယ် ထိုနေ့၏ (၂၆)နှစ်မြောက်နှစ်ပတ်လည်
  နေ့ ဖြစ်ပါသည်။

"ပြီးခဲ့သည့်နှစ် နှစ်ပတ်လည် အခမ်းအနားသို့ ချီတက်ဆန္ဒပြခဲ့သူများ၊
ထိုနေ့ကသေဆုံးသူများ၏ မိသားစုဝင်များနှင့်အတူလက်ရှိအစိုးရအဖွဲ့
ဝင်များတက်ရောက်ခဲ့ကြသည့်အတွက်ထူးခြားသည့်အခမ်းအနားတစ်
ခု ဖြစ်ခဲ့ပါသည်။" "ယနေ့သည် ၀မ်းနည်းကြေကွဲဖွယ်နေ့တစ်နေ့ဖြစ်
ေ သော်လည်း မည်သည့် အခါမျှ ဤနေ့ကို မမေ့အပ်ကြောင်း၊ သို့မှသာ
သဘောထားကွဲလွဲမှု၏ အန္တရာယ်ကို အမှတ်ရစေပြီး လူ့အခွင့်အရေး၊
တရားမျှတမှု၊ လူသားအားလုံး၏ ဂုဏ်သိက္ခာကိုလေးစားတန်ဖိုးထား
သည့်ငြိမ်းချမ်းသောဒီမိုကရေစီတည်ဆောက်ရေး ရည်မှန်းချက်ကို
အကောင်အထည်ဖော်ရန်အရေးပါသည့်လုပ်ငန်းအဖြစ် မြန်မာနိုင်ငံ
၌တည်ရှိနေမည်ဖြစ်ပါကြောင်း" အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်
ချယ်က ထုတ် ပြန် ကြေညာခဲ့သည်။

No comments :

Post a Comment