Saturday, August 9, 2014


ချင်းမိုင်က အခန်းငှားနေသူများ|

ကိုရွှေအောင်- ရေးသည်

တစ်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ချင်းမိုင်လမ်းက ထိုင်းစားသောက်ဆိုင်
တစ်ဆိုင်မှာ မိသားစုသွားစားဖြစ်တော့ ဆိုင်နံဘေးက ဖုန်းငွေဖြည့်စက်
အပေါ်မှာ ဖုန်းငွေဖြည့်နည်းကို ဗမာလိုမတတ်တတတ်နဲ့ရေးပြီး ကပ်ထား
တာတွေ့ရပါတယ်။ ဆိုင်ကအကြော်ဆရာကလေးမလေးတွေကရှမ်းပြည်
နယ်က ကလေးမလေးတွေဆိုတာသိထားတော့ သူ တို့ အချင်းချင်း
အဆင်ပြေအောင်တတ်သလောက်မှတ်သလောက် အကူအညီပေးတဲ့
အနေနဲ့ကပ်ထားတာဖြစ်နိုင်တယ်လို့ အတွေးရောက်ပြီး အတူပါလာတဲ့ သမီးကိုဓာတ်ပုံရိုက်ခိုင်းထားလိုက်ပါတယ်။ စားသောက်ပြီး ကလေး
မလေးတွေကိုမေးကြည့်တော့ သူတို့ရေးပြီး ကပ်ထားပေးတာ ဒီလမ်းထဲက
စားသောက်ဆိုင်တော်များများမှာ ကြော်လှော်စားပွဲထိုး လုပ်ကိုင်နေကြတာ
ရှမ်း၊ ကချင်ဘက်က တိုင်းရင်းသားတွေများတော့ သူတို့ဖုန်းပိုက်ဆံထည့်
ရင် အဆင်ပြေအောင် လုပ်ပေးထားတာလို့ပြောပါတယ်။သူတို့ပြောမှ
 သတိထားလိုက်မိပါတယ်။ ချင်းမိုင်လမ်းထိပ်က ပင်လယ်စာဆိုင်မှာလည်း
တိုင်းရင်း သားကလေးတွေချည်းလိုလိုမို့အဲ့ဒီဆိုင် ရောက်ရင် ဆိုင်လူမကျ
တုန်းစကားပြောဖူးတာပဲ။

သူတို့အားလုံးကို ပင်လယ်စာဆိုင်ရှင်ကနေစရာပေးတစ်နေ့သုံးခါကျွေးပြီး 
 ဆိုင်သက်ပေါ် မူတည်လို့ဘတ် ၄၀၀၀ ကနေ ၆၀၀၀ ခန့်အထိ ပေးပါတယ်။ အခန်းခနဲ့ စားစရိတ်ပေါင်းတွက် ကြည့်ရင် အဆင်ပြေလောက်တဲ့အခြေ
အနေမို့သူတို့အဲ့ဒီဆိုင်မှာမြဲတာ တွေ့ရပါတယ်။ဒီမှာအခန်းအရေအတွက်
များများစားစားလုံလုံလောက်လောက်ရှိသလို အခန်းခတွေကလည်း
တစ်လ ဘတ် ၂၀၀၀ ခန့်ကနေ ဘတ်ကိုးထောင်၊တစ်သောင်းအထိရှိပါ
တယ်။ (အခန်းခတစ်လတစ်ခါပေးတဲ့အခါ အခန်းခ တစ်လ ၂၀၀၀
အပြင် ရေဖိုး၊ မီးဖိုး၊ အင်တာနက်ဖိုး ပေါင်းပေးရပါတယ်။ ရေဖိုးမီးဖိုးက
ကိုယ် သုံးသလောက်ကျသင့်ပြီး အင်တာနက်ဖိုးက တချို့မတောင်း၊တချို့
၁၀၀၊ တချို့ ၁၅၀ ခန့်ပေးရတာပါ။ တစ်ထပ်အခန်းတွဲ လေးတွေရှိသလို 
သုံး၊ လေးထပ်ကနေအထပ် ၂၀၊ ၂၅ထပ်ရှိတဲ့အခန်းတွဲတွေလည်းရှိပါ
တယ်။ မြန်မာပြည်ကဟိုတယ်ခန်းတွေလို အခန်းတွေ ငှားကြတာဖြစ်ပြီး
 တချို့လည်းတကယ်ပဲ ဟိုတယ်ဖွင့်တာ လူမာလာလို့ အခန်းငှားစားကြ
တာလည်းရှိပါတယ်။ ဗစမေအာနညအ လို့ခေါ်ဝေါ်သုံးစွဲကြပြီး
နိုင်ငံခြားသားတွေရောထိုင်းတွေပါငှားရမ်းနေ ထိုင်ကြပါတယ်။ နိုင်ငံခြား
သားတွေ က အထပ် ၂၀ ကျော်အဆောက်အအုံက အခန်းတွဲတွေ
 ငှားနေကြတာများပြီး အဲ့ဒီအခန်းတွေကဈေးလည်းကြီးပါတယ်။ ထိုင်း
တွေကသုံး၊ လေးထပ်အဆောက် အအုံအခန်းတွဲတွေ ခုနစ်ထပ်၊
ရှစ်ထပ် အဆောက်အအုံအခန်းတွဲတွေမှာအများဆုံး နေကြပါတယ်။

မြေညီထပ်အခန်းတွဲပဲဖြစ်ဖြစ်၊ သုံး၊ လေးထပ်အခန်းတွဲပဲဖြစ်ဖြစ်၊ အထပ်
၂၀၊ ၂၅ ထပ်ရှိတဲ့အခန်း တွဲပဲဖြစ်ဖြစ် အခန်းတိုင်းမှာ ခုတင်၊မွေ့ရာ၊
ဗီရို၊ မှန် တင်ခုံ၊ တီဗွီ၊ ပန်ကာ၊ အဲယားကွန်း၊စားပွဲ၊ ကုလားထိုင်၊
ရေခဲသေတ္တာစတဲ့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးထည့်ထား
ပေးပါတယ်။ထည့်ထားတဲ့ပစ္စည်းတွေက အဆောက်အအုံရဲ့
သက်တမ်းပေါ်လိုက်ပြီး အသစ် အဟောင်းကွဲ ပေမယ့် လူနှစ်ယောက်
ခန့်အသင့်တက်နေ လိုက်ရုံအဆင်ပြေအောင်လုပ်ပေးထားပါတယ်။
အခန်းတွဲပါ အဆောက်အအုံတွေမှာဆိုင်ကယ်၊ ကားရပ်ဖို့ပါကင်၊ 
အ၀တ်လျှော်ဖို့ပိုက်ဆံထည့်လျှော်လို့ရတဲ့ အ၀တ်လျှော်စက်၊ ရေသန့်
ဖြည့်တဲ့စက်နဲ့ ဖုန်းငွေဖြည့်စက်စတာတွေအားလုံးထားပေးထားပါ
တယ်။ ချင်းမိုင်မှာအဲ့ဒီလို အခန်းငှားတဲ့ အဆောက်အအုံတွေလျော့
သွားတယ်မရှိဘဲ အသစ်တိုးဆောက်နေတာပဲတွေ့နေရတာကြည့်ရင် အခန်းတွဲငှားစားတာတွက်ခြေကိုက်ပုံပါပဲ။ အခန်းတွဲငှားတဲ့အခါတချို့
အဆောက်အအုံတွေက ရက်ပိုင်းငှားသလိုတချို့ အဆောက်အအုံ
တွေကျ လပေးပဲငှားကြတာလည်းရှိပါတယ်။ ရက်ပိုင်းငှားရင် ဈေးပို
တောင်းပြီး လနဲ့ချီငှားရင် ဈေးလျှော့ပေးပါတယ်။ဆိုကြပါစို့။ အခန်း
တစ်ခန်း လပေးငှားရင် တစ်လဘတ် ၂၀၀၀ ပဲပေးရပြီး ရက်ပိုင်းငှား
ရင်တော့တစ်ရက်ကို ဘတ် ၂၀၀ လောက်ယူပါတယ်။(ဟိုတယ်မှာ
တစ်ရက်တည်းရင် ဈေးအနည်းဆုံးတောင်တစ်ရက်ဘတ် ၃၅၀၊ ၄၀၀
 လောက်ကျသင့်တာမို့ ချင်းမိုင်မြို့ခံနဲ့ ရင်းနှီးတဲ့အကြောင်းသိ
နိုင်ငံခြားသား တချို့ချင်းမိုင်လာလည်ရင် အခန်းငှားနေကြပါ
တယ်။)

လပေးငှားတဲ့အခါတချို့ အခန်းတွဲပိုင်ရှင်တွေက အခန်းခရဲ့ နှစ်ဆ
စပေါ်တင်မှ ငှားတာရှိသလို တချို့ကလည်းတစ်လစာပဲ ကြိုတင်ခိုင်း
တာမျိုးလည်းရှိပါတယ်။ ၅၀၀၊ ၁၀၀၀ လောက်ပဲပိုပေးထားဖို့ ပြောတဲ့
အခန်းတွဲပိုင်ရှင်လည်းရှိတော့ စပေါ်ငွေကတော့ ပိုင်ရှင်အပေါ်မူတည်
တယ်လို့ ဆိုရမှာပါ။ ပိုင်ရှင်ဆိုတာထက်ငှားရင်တော့ မန်နေဂျာနဲ့ပဲ
ပြောဆိုရတာပါ။ (နိုင်ငံခြားသားငှားရင် ပတ်စ်ပို့ပထမစာမျက်နှာ
မိတ္တူပေးထားရပါတယ်။)ရန်ကုန်မှာ တိုက်ခန်းငှားရင်ခြောက်လ၊ တစ်နှစ်
စာတစ်ခါတည်း ကြိုပေးရတာထက်စာ ရင် အခန်းခနှစ်ဆ
စပေါ်ပေးရဦးပေးပျော်ပါ တယ်။ အခန်းထဲ Full Furniture လို့ခေါ်တဲ့
အိမ်ထောင်ပရိဘောဂ အပြည့်အစုံလည်းထည့်ထားပေး
သေးဆိုတော့ ရန်ကုန်သားတွေက တော့အိုကေမှာ စိုပြည်တာပါပဲ။

အခန်းတွဲ စည်းကမ်းတွေကလည်း အမျိုးမျိုးပါ။ တချို့အခန်းတွဲတွေက 
 အဆောက်အအုံထဲ ဖိနပ်ပေးမစီးပါဘူး။ အ၀င်ဝမှာချွတ်စိတ်မချရင် 
ကိုယ့်ဖိနပ်ကိုယ် ကောက်ကိုင်
သွားရုံ၊ အများစုကတော့ ဖိနပ်ပေးစီး
ပါတယ်။ အခန်းတွဲအများ စုစည်းကမ်းကတော့ အချိန်မတော် ဆူဆူ
ပူပူမလုပ်ရဘူးဆိုတာပါတယ်။ အခန်းတွဲ သဘာဝအများစု နေကြတာ
ဆိုတော့ ညအချိန်မတော်ဒေါက်ဖိနပ် သံတဒေါက်ဒေါက်အပါအ၀င်
တစ်ခါတလေ ထွက်ပေါ်လာတတ်တဲ့ ဆူညံသံတချို့နာခံတတ်ရပါ
မယ်။ အများစုနေကြတာဖြစ်လို့နေတဲ့အများစုကလည်းလူပေါင်းစုံဖြစ်
ပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ကုမ္ပဏီဝန်ထမ်း၊ဈေးသည်ကအစ
နိုက်ကလပ်နဲ့ ရေချိုးခန်းက အပျော်မယ်တွေလည်းအခန်းတွဲ မှာငှား
နေကြတာပါ။ အဘိုးအိုတစ်ဦးတည်း အခန်းငှားနေတတ်သလို လက်
မထပ်ရသေးတဲ့ ချစ်သူစုံတွဲတွေ၊ အငယ်အနှောင်းတွေလည်း နေကြ
ပါတယ်။

အများစု နေတာဖြစ်လို့ အများစုရဲ့ မတူကွဲပြားတဲ့အမြင် တွေနဲ့မတူကွဲပြား တဲ့လုပ်ရပ်တွေကိုနားလည် ပေးဖို့လည်း အင်မတန်လိုအပ်ပါတယ်။
ပစ္စည်းပျောက်တတ်တဲ့ အခန်းတွဲတွေရှိသလို၊ စီစီတီဗွီကင်မရာတွေနေ
ရာမလပ်တပ်ထား တဲ့အခန်းတွဲတွေလည်းရှိပါတယ်။ များသောအားဖြင့်
တော့ လွတ်လွတ်လပ်လပ်နေလိုတဲ့ လူပျို လူလွတ်တွေအတွက်ချင်းမိုင်
ကအခန်းတွဲတွေက အဆင်ပြေပါတယ်။ တစ်ခုသတိပြုရမှာကတော့ 
အခန်းထဲထည့်ပေးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ့်ကြောင့်
ပျက်စီးရင်တော့ ပေးထားတဲ့စပေါ်ငွေဆုံးပြီဆိုတာပါပဲ။
 

No comments :

Post a Comment