နိုင်ငံသား သတင်းစာဆရာ ဆိုတာ မိမိပိုက်ဆံ နဲ့ မိမိ တိုင်းပြည် လူမျိုး အကျိုးအတွက် သတင်းမီဒီယာ လုပ်ငန်းကိုလုပ်ကိုင်သူဖြစ်တယ်။ မိမိစုံစမ်းလေ့လာသိရှိရတာတွေကို စာသား ဓါတ်ပုံ ဗီဒီယို တွေ နဲ့ အွန်လိုင်းမှာ တင်ပြနေမှု က အာဏာရှင်တွေနဲ့  ထိပ်တိုက်ရင်ဆိုင်လာရတဲ့အခါ အန္တရာယ်လဲရှိနိုင်ပါသေးတယ်။
မူလစာမျက်နှာ
Saturday, July 26, 2014
သွေးအေးမနေသင့်တော့ပါ
သွေးအေးမနေသင့်တော့ပါ
================
ယနေ့လူငယ်မောင်မယ်တို့သည် သတင်းနည်းပညာ တိုးတက်လာသည်နှင့် အမျှ ပြည်ပနိုင်ငံများမှ မယဉ်ကျေးသော တွေးခေါ်ယူဆမှုများစွာတို့သည် အလွယ်တကူဝင်ရောက်၍ မြန်နှုန်းမြင့်စွာ ကူးစက်လျက်ရှိပေသည်။ နိုင်ငံခြားကဆိုလျှင် ကောင်း၏ဟုယူဆလာကြလေသည်။ ထို့အတူ ပြင်ပဝတ်စားဆင်ယင်ထုံးဖွဲ့မှုမှာလည်း နိုင်ငံခြားသားများ အတိုင်းဝတ်စားလျှင် ခေတ်မီသည်ဟု အလွယ်တကူ လက်ခံလိုက်ကြပြန်ပါသည်။ ထိုကဲ့သို့ အလွက်တကုလက်ခံလိုက်ကြခြင်းမှာ အဘယ့်ကြောင့်ပါနည်း။ ကိုယ်ခံအားနည်းသော ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးတို့သည် အလွယ်ကတူ ဝင်ရောက်နိုင်ကြ၏။ ထိုနည်းတူပင် နိုင်ငံချစ်စိတ် ယဉ်ကျေးမှုချစ်စိတ် ဘာသာချစ်စိတ် အားနည်းနေကြသောကြောင့်ဖြစ်သည်။ လူငယ်မောင်မယ်တို့သည် အဘယ့်ကြောင့် အမျိုး ဘာသာသာသနာ ချစ်စိတ်နည်းပါးလာခဲ့ရသနည်း မေးရပြန်သော် သားသမီးမကောင်း မိဘခေါင်း တပည့်မကောင်း ဆရာ့ခေါင်း၊ မြန်မာစကားပုံအတိုင်း မတီးဘဲ အလိုလိုမြည်ဟီးနေပေလိမ့်မည်။
မိဘများ ဆရာများ ဘုန်းတော်ကြီးများမှာ “ယခုခေတ်လူငယ်တွေ တယ်…ပြောရဆိုရခက်သကို၊ တယ်..မိုက်ရိုင်းသကို”ဟု ညည်းတွားနေရုံဖြင့် ထိုလူငယ်မောင်မယ်များ လိမ္မာယဉ်ကျေးလာမည်မဟုတ်ပေ၊ ပို၍ဆိုးလာဖွယ်သာရှိ၏။
မိဘတွေသားသမီးတွေကိုတကယ်ချစ်ကြရဲ့လား
============================
knowledge Age)ဟူသော ပညာခေတ်မှ မိဘများသည် မိမိ၏ သားသမီးများကို ပညာတတ်ကြီးဖြစ်ရန်ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် သူ့ထက်ငါ ကျူရှင်ဘော်ဒါဆောင်များသို့ ငွေကုန်ကြေးကျ အမြောက်အများသုံး၍ ခေတ်မီအတန်းအောင် ဂုဏ်ထူးထွက်ရေးအတွက် အလုအယက် မနားမနေဆောက်ရွက်ကြ၏။ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများသို့ကား အရေးအကြီးသလိုလို မလိုအပ်သလိုလို ပြုမူနေကြပြန်ပါသည်။ သို့သော် ပညာခေတ်မှ ပညာတတ်လူငယ်များကို မိုက်ရိုင်းတယ်၊ ယဉ်ကျေးမှုမရှိဘူးဟု ခေတ်ကို အပြစ်တင်သလိုလို စနစ်ကိုအပြစ်တင်သလိုလို ဝေဖန်သယောင်ယောင်၊ ညည်းညူသယောင်ယောင် မကြာမကြာကြားနေရသည်ကား နားနှင့်မဆန့်အောင်ပင်။ လူငယ်များ ပညာတတ်သောကြောင့် ပို၍မိုက်ရုင်းခြင်းပေလော့၊ မိဘများစဉ်းစားစေချင်ပါသည်။
"မိမိသားသမီးများကို မိမိကိုယ်တိုင်က လိမ္မာယဉ်ကျေးအောင် စနစ်တကျသင်ပေးခဲ့ပါရဲ့လား၊ ထိုထို ယဉ်ကျေးလိမ္မာသင်တန်းများကို လိုလိုချင်ချင်လိုက်ပို့ပေးခဲ့ပါရဲ့လား၊" တွေးတောစေချင်ပါသည်။
သတင်းမီဒီယာ၊ တီဗီဖန်သားပြင်နှင့် အင်တာနက်၊သတင်းဂျာနယ်များမှ ကမ္ဘာ့ပညာတတ်များ၏ စစ်ပွဲများ၊ အလိမ်အကောက်များ၊ အရှက်တရားကင်းမဲ့သော ဝတ်စားဆင်ယင်ထုံးဖွဲ့များနှင့် ခေတ်မီတိုးတက်နေသော ယနေ့ခေတ်မှ သားကောင်းသမီးကောင်းများကို ပညာတတ်လူမိုက် လူဆိုး ယဉ်ကျေးမှုမရှိသောသူများ မဖြစ်အောင် ဗုဒ္ဓ ဓမ္မယဉ်ကျေးလိမ္မာသင်တန်းများသို့ ပို့ပေးဖို့ အဘယ့်ကြောင့်ဝန်လေးနေကြသနည်း၊ သားသမီးများကို ချစ်သည်ဆိုရုံနှင့်မပြီး ချစ်တတ်ဖို့လည်း လိုပေသည်၊ လူငယ်မောင်မယ်များကို တိုင်းချစ်ပြည်ချစ် ပညာတက် လူလိမ္မာများဖြစ်ဖို့ ဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာသတန်းသို့ မဖြစ်မနေပို့ပေးကြပါ။(သင်တန်းကြေးမလို)
ဆရာ ဆရာမများသို့ အထူးမေတ္တာရပ်ခံချက်
=========================
ယနေ့ခေတ်သည် ကျူရှင်သင်တန်းများ ခေတ်စားလာသည်နှင့်အမျှ မိဘများနှင့် ကျောင်းသား ကျောင်းသူများမှာ ကျူရှင်မတက်လျှင်ပင် စာမတက်တော့သည့်အလား စာမေးပွဲမအောင်တော့သည့်အလား အထင်ရောက်၍ ကျူရှင်ကျောင်းလောက် ဘယ်သင်တန်းမှ အရေးမကြီးတော့ပါ၊ ထိုသို့အထင်ရောက်အောင် လုပ်နေသည့်သူများလည်း ရှိမည်မှာ မလွဲပါချေ၊ အချို့ဆိုလျှင် အတန်းတင်စာမေးပွဲပြီးလျှင်ပြီးချင်း အတန်းငယ်လေးများပါ မကျန် ကျူရှင် စတက်နေရလေပြီ၊ ထို့ကြောင့်ကျောင်းသားလူငယ်များမှာ နွေရာသီ ရက်တို ဗုဒ္ဓဓမ္မ ယဉ်ကျေးလိမ္မာ သင်တန်းများသို့ တက်ရောက်ချင်ပါလျှက် ကျူရှင်၏ ဖိအားကြောင့် မတက်ရောက်နိုင်ကြပါ။ တကယ်ဆိုလျှင် ကျောင်းသား လူငယ်မောင်မယ်များ အမျိုးဘာသာနှင့် မိမိနိုင်ငံယဉ်ကျေးမှုများကို ချစ်တတ်အောင် ဆရာ ဆရာမများက တာဝန်တစ်ရပ်အနေနှင့် တတပ်တအား ပါဝင်သင့်သည်မဟုတ်ပါလား၊ ဘာသာရေး အမျိုးသားရေး စိတ်မဝင်စားသေးသော လူငယ်များကို စိတ်ဝင်စားအောင်၊ စိတ်ဝင်စားသူကို ပို၍စိတ်ဝင်စားအောင်၊ ကျောင်းသားကျောင်းသူများအပေါ် ဆရာ ဆရာမများက ပိုလို့သြဇာညောင်းသောကြောင့် ဆရာ ဆရာများပါဝင်လာလျှင် ကျောင်းသားကျောင်းသူများ လည်း အလိုလိုပါဝင်လာပါလိမ့်မည်။ အကယ်၍ မဖြစ်မနေ ကျူရှင်သင်မည်ဆိုပါကလည်း မိမိတို့၏ လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာသင်တန်းတက်ရမည့် အခွင့်အရေးကို ငဲ့ညှာ၍ စာသင်ချိန်များကို ညှိနှိုင်းစေချင်ပါသည်။
Labels:
လူမှုရေး
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment