နိုင်ငံသား သတင်းစာဆရာ ဆိုတာ မိမိပိုက်ဆံ နဲ့ မိမိ တိုင်းပြည် လူမျိုး အကျိုးအတွက် သတင်းမီဒီယာ လုပ်ငန်းကိုလုပ်ကိုင်သူဖြစ်တယ်။ မိမိစုံစမ်းလေ့လာသိရှိရတာတွေကို စာသား ဓါတ်ပုံ ဗီဒီယို တွေ နဲ့ အွန်လိုင်းမှာ တင်ပြနေမှု က အာဏာရှင်တွေနဲ့  ထိပ်တိုက်ရင်ဆိုင်လာရတဲ့အခါ အန္တရာယ်လဲရှိနိုင်ပါသေးတယ်။
မူလစာမျက်နှာ
Saturday, July 26, 2014
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်
(၁) အမေ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ ဒီမိုကရေစီ ပြည်သူ့ကွန်ရက်ကြီး တည်ဆောက်ရန်အတွက် ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက် စသည့် ကွန်ရက် များကို ပိုမိုကျယ်ပြန့် အောင်မြင်အောင် ဆောင်ရွက်နေပါသည်။
(၂) ကွန်ရက်များတွင် ပါတီဝင်များရော ၊ ပါတီဝင် မဟုတ်သူများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် တစ်နှစ်ကျော်တာ ကာလအတွင်း ပြည်သူနှင့် နိုင်ငံတကာ အသိအမှတ်ပြုသော အောင်မြင်မှုများကို ရရှိနေပြီး ဖြစ်ပါသည်။
(၃) ကွန်ရက် လုပ်ငန်းများ ပို၍ အောင်မြင်စေရန် ညှိနှိုင်းရေးမှူးများကို တာဝန်ပေးအပ်၍ ဆောင်ရွက်သွားပါမည်။ ညှိနှိုင်းရေးမှူးများ စာရင်းကို အမေ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ၍ အတည်ပြုချက် ရယူထားပါသည်။
(၄)ပညာရေးကွန်ရက်ရှိ၊ အမေ့အိမ်ကျောင်းများသည် အဖွဲ့ချုပ်အဆင့်ဆင့်၏ ဦးဆောင်မှုဖြင့် ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းပါသည်။
(၅) တစ်နိုင်ငံလုံးရှိ ပညာရေးကွန်ရက်၊ အမေ့အိမ်ကျောင်းများကို ချိတ်ဆက်၍ ပိုမိုကျယ်ပြန့်သော ပညာရေးကွန်ရက်ကြီး တည်ဆောက်ပြီး အမျိုးသားရေး ရည်မှန်းချက်အဖြစ် ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားပါမည်။
ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းများ၏ အခြေခံမူ
(၁) နိုင်ငံသားအားလုံး အခြေခံပညာ သင်ကြား တတ်မြောက်စေရမည်။
(၂) ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းများသည် လူငယ်များ၏ ပညာရေးအတွက်သာ ဖြစ်စေရမည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ်အတွက် မဖြစ်စေရ။
(၃) ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းများသည် အများပြည်သူ ယုံကြည်လေးစား တန်ဖိုးထား၍ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်အောင် ကြိုးစားကြရမည်။
(၄) ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းများသည် လုပ်ငန်းကော်မတီများ ဖွဲ.၍ ညီညွတ်စွာ ဆောင်ရွက်ကြရမည်။ တစ်ဦးကောင်း တစ်ယောက်ကောင်း မဆောင်ရွက်ရ။
(၅) ပညာရေးကွန်ရက်၊ ပညာဒါနကျောင်းများသည် အမျိုးသား ဒီမိုကရေစီအဖွဲ.ချုပ်၊ ပညာရေးကွန်ရက်တို့နှင့် ညှိနှိုင်း၍ ညီညွတ်စွာ ဆောင်ရွက်ကြရမည်။
Labels:
ပညာရေး
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment