Saturday, July 26, 2014

ရန်ကုန်ဆေးရုံကြီး



အဆောင်ထဲကို ၀င်လိုက်ပြီဆိုတာနဲ့ အနံ့ပေါင်းစုံက စတင်ကြိုဆိုလိုက်၏၊
(ဆေးရုံမို့လို့ အရက်ပြန်နံ့၊ ပိုးသတ်ဆေးနံ့ တို့နှင့် ဖုံးလွှမ်းနေတဲ့ ခေတ်ဆိုတာ မရှိတော့ဘူးကိုး၊)
ကုတင်တွေက ဘေးနှစ်ဖက် ၊ အလယ်ခေါင်လမ်းမ ၊ ဘေးဖက်၀၇န်တာ၊ ဟိုး..ညစ်ပတ်ပေကျံ
နေသော အိမ်သာနား အထိ လူနာတွေက အပြည့်၊ လေ၀င်လေထွက်က မကောင်း၊ ကုတင်
တစ်ခုနဲ့ တစ်ခုက တစ်ဆက်တည်းနီးပါး၊ အဲဒီ ကုတင်နှစ်လုံးကြား မှာတောင် လူနာစောင့် ထိုင်တဲ့
ထိုင်ခုံ လေးငါးလုံးကို ကုတင်လုပ်ပြီး လူနာ ထားရသေးတယ် ( ကုတင် မလောက်လို့ )
အခန်းက လှောင်..လေ၀င်လေထွက်က မကောင်း.. ပိုးမွှားတွေ ဘယ်လောက် ပျံ့နှံ့ နေမယ်
ဆိုတာကတော့…………၊( ဆေးရုံက နေကူးစက်လာမည့် ရောဂါတွေက ပိုများနေမလား )

အလယ်ခေါင် လမ်းမ မှာပါ ကုတင်တွေ ချထားရတော့ တွန်းလှည်းတွေ၊ ထရော်လီတွေက
ကောင်းကောင်း သွားလို့ မရ ၊ အရေးပေါ် ဆိုရင်တော့ လေထဲက ပျံသွားမှရမည် ။
အဲ..ဈေးသည်တွေ ကတော့ ၀င်လာမစဲ တသဲသဲ ဆိုသလိုပါပဲ..၊တစ်ခါတစ်လေ ကိုယ်ရောက်
နေတာ ဈေးထဲလား၊ ကားဂိတ်လား၊ ဘူတာရုံလား လို့တောင်ထင်မိပါရဲ့…၊ပြီးတော့ အဲဒီဈေးသည်တွေ
ရောင်းတဲ့ အစားအစာတွေ ဟာ ဘယ်သူက ဘယ်လောက် သန့်ရှင်းပါတယ် ဆိုပြီး အာမခံထားလို့
သူတို့တွေက လူနာ ကုတင်ပေါ် ရောက်လုနီးပါး လာရောင်းနေရ တာလဲ၊ ဘယ်သူမှ မပြောကြဘူးဗျ
( ထူးဆန်းပေစွ ) ။
အဆိုးထဲက အကောင်း ပြောရရင်တော့ ကျွန်တော်တို့နိုင်ငံသားတွေဟာ စစ်ဘေးတို့၊ သဘာဝ
ဘေး အန္တရာယ်တို့ နဲ့ ကြုံတွေ့ရလို့ ဆေးရုံ တွေ ဆေးခန်းတွေကို ရောက်လာခဲ့ရင် ကြုံတွေ့ရမှာ
တွေကို ခု ကတည်းက ကျင့်သားရအောင် လေ့ကျင့် ထားသလိုဖြစ်နေလို့ပါ ။
ကျွန်တော့် စိတ်ထဲမှာတော့ ကျွန်တော်တို့ရဲ့ ရန်ကုန်ဆေးရုံကြီး အသွင်အပြင်တွေဟာ
စစ်ဖြစ်နေတဲ့ တိုင်းပြည်၊သဘာဝ ကပ်ဆိုးတွေ မတော်တဆမှုတွေ တိုက်ခိုက်မှုတွေ ဖြစ်နေလို့
လူတွေ အစုလိုက်အပြုံလိုက် ထိခိုက် ဒါဏ်ရာရကြလို့ ဆေးရုံမှာ မဆန့်ရင်ကာတွေ ဖြစ်နေတဲ့
အခင်းအကျင်း တစ်ခုကို တွေ့လိုက်ရ သလိုပါပဲ ။

No comments :

Post a Comment