၃၇ ရက်မြောက်နေ့ အစီအစဉ်
၂၉ - ၇ - ၂၀၁၄ (အင်္ဂါနေ့)
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကိုလွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များကဖြေကြားခြင်း-
(က) ဒေါ်နန်းနွံ ၊ ရှားတော မဲဆန္ဒနယ်၏ အခြေခံဆရာ၊ ဆရာမများ သင်ကြားမှုစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းများကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ခ) ဦးအောင်မြင့်၊ ဂန့်ဂေါ မဲဆန္ဒနယ်၏ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံဆောင်ရွက်ပေးနေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ဂ) ဒေါက်တာစိုးရင်၊ ကမာရွတ် မဲဆန္ဒနယ်၏ တက္ကသိုလ်ကျောင်းများရှိ လက်တွေ့ခန်းများ၌ သိပ္ပံပစ္စည်းများ ဝယ်ယူရန် ဘတ်ဂျက်ခွဲဝေသုံးစွဲမှု အခြေအနေကို သိလိုခြင်းနှင့် သိပ္ပံကျောင်းသားများအား လက်တွေ့စာမေးပွဲများ စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ Credit သတ်မှတ်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊
၆။ ပို့ဆောင်ရေးဝန်ကြီးဌာနက " မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေကြမ်း" ကို တင်သွင်းခြင်း၊
၇။ " မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေကြမ်း" နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊
၈။ ပို့ဆောင်ရေးဝန်ကြီးဌာနက တင်သွင်းသည့် " မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေကြမ်း" ကို လွှတ်တော်က ဆွေးနွေးစဉ်းစားရန် ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကို ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
၉။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက " ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို တင်သွင်းခြင်း၊
၁၀။ " ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း" နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊
၁၁။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တင်သွင်းသည့် " ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို လွှတ်တော်က ဆွေးနွေးစဉ်းစားရန် ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကို ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊
၁၂။ ဦးအောင်ဇင်၊ ပုဇွန်တောင် မဲဆန္ဒနယ်၏ " ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲ နည်းလမ်းကို ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး" အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း-
၁၃။ အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

No comments :
Post a Comment