၃၆ ရက်မြောက်နေ့ အစီအစဉ်
--------------------------------
[ ၂၉ - ၇ - ၂၀၁၄ ] (အင်္ဂါနေ့)
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကိုသက်ဆိုင်ရာအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များကဖြေကြားခြင်း-
(က) ဒေါက်တာမြတ်ဥာဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ပြည်တွင်း၌ ထုတ်လုပ်သော၊ ပြည်ပမှ တင်သွင်းဖြန့်ချိသော ဆေးလိပ်ဘူးများတွင် ကျန်းမာရေး အသိပညာပေးရုပ်ပုံများ ရိုက်နှိပ်ဖော်ပြပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ခ) ဦးစောမော်ထွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်သည့် တီထွင်မှု ပိုင်ဆိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းဥပဒေ၊ ကုန်အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုအမှတ်တံဆိပ် ဥပဒေနှင့်မူပိုင်ခွင့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ဂ) ဦးဖုန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ လွန်ခဲ့သော နှစ်ပေါင်း (၄၀)ကျော်မှ ယနေ့အထိ သမဝါယမဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်၍ လုပ်ငန်းလုပ်ကိုင်နေသည့် သမဝါယမအသင်း မြေနေရာကို လေလံတင်ရောင်းချထားခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊
(ဃ) ဦးနိုင်ထွန်းအုံ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများစာဝတ်နေရေး အဆင်ပြေစေရန်အတွက် ရော်ဘာအစေးပြားများ ဈေးနှုန်းမတန်တဆကျဆင်းခြင်းကို နိုင်ငံတော်အစိုးရအနေဖြင့် ဈေးနှုန်းထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း၊
(င) ဦးဂမ်ဆိုင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြို့ငယ်လေးများ၏ မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေပြည်တော်စည်ပင်နည်းတူ ပြည်ထောင်စု သို့မဟုတ် ပြည်နယ်/တိုင်းဒေသကြီး ရန်ပုံငွေမှ ကျခံသုံးစွဲရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊
၆။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
(က) ဦးနှင်းဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)
(ခ) ဦးစိုင်းတင်အောင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)
(ဂ) ဦးသိန်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)
(ဃ) ဒုတိယဗိုလ်မှူးကြီးဇော်မိုး၊ တပ်မတော်သားကိုယ်စားလှယ်
(င) ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)
(စ) ဦးလှဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)
(ဆ) ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)
(ဇ) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)
(ဈ) ဦးနေဝင်းထွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော လျှပ်စစ်ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၁၀။ အမျိုးသားလွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခြင်း။

No comments :
Post a Comment