Friday, July 25, 2014

၂၆နှစ်မြောက် လူထုတော်လှန်ရေးနေ့ 

၂၆နှစ်မြောက် လူထုတော်လှန်ရေးနေ့ 

July 23, 2014 at 2:06pm


၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့ မှာ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းမှု
နဲ့ အတူ မြန်မာနိုင်ငံဟာပထမ အကြိမ် စစ်အာဏာရှင်စနစ်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။

၁၉၇၄ခုနှစ်မှာဖွဲ့ စည်းပုံ အခြေခံဥပဒေကိုပြဌာန်းပြီး ဆိုရှယ်လစ်စနစ်ကို  ကျင့်သုံးခဲ့ပေမယ့်
အနှစ်သာရအားဖြင့်စစ်အာဏာရှင် စနစ်သာဖြစ်ခဲ့ပါတယ်။
စီမံခန့် ခွဲမှုအမှားအယွင်းတွေကြောင့် နိုင်ငံရေး၊စီးပွားရေး ပညာရေး အဖက်ဖက် ကနိမ့်ကျသွားခဲ့ပါတယ်။

၁၉၈၈ခုနှစ်သြဂုတ်လ(၈)ရက်နေ့မှာ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံပါဝင်တဲ့ လူထုတော်လှန်ရေးကြီး
ဖြစ်ပွားခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာကို လက်လွှတ်ခဲ့ပြီး၂၆နှစ်တာစစ်အာဏာရှင်စနစ်
ဆုံးခန်းတိုင်ခဲ့ပါတယ်။

၁၉၈၈ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့ မှာတပ်မတော်အကြီးအကဲဗိုလ်ချုပ်ကြီးစောမောင်က
အာဏာသိမ်းလိုက်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာဒုတိယအကြိမ် စစ်အာဏာရှင် စနစ်
လက်အောက်ကို ရောက်ခဲ့ ပြန်ပါတယ်။

ဗိုလ်ချုပ်ကြီးစောမောင်ရဲ့သဘောထားအမှန်က ရွေးကောက်ပွဲ ကျင်းပပေးမယ်၊အနိုင်ရတဲ့ပါတီကို
အာဏာအပ်ပြီးစစ်တန်းလျားပြန်မယ်လို့ ရည်ရွယ်ခဲ့သူပါ။ပါတီတွေဖွဲ့ ပါ။ရွေးကောက်ပွဲ ၀င်ကြပါဆိုပြီး
ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့ ပေးခဲ့ပါတယ်။

၁၉၉၀မှာလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကြီးကျင်းပပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့NLD ပါတီ အနိုင်ရခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလွဲမပေးလိုတဲ့  ဒုတိယကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဗိုလ်ချုပ်မောင်အေးဗိုလ်ချုပ်ခင်ညွန့်တို့ နဲ့ ပူးပေါင်းပြီး
ဗိုလ်ချုပ်စောမောင်ထံက အာဏာကို သိမ်းယူခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့စစ်အာဏာရှင် စနစ် စတင်ပါတော့တယ်။
အတိုက်အခံအင်အားစု မှန်သမျှ ဖိနှိပ်ပါတော့တယ်။

၂၀၀၇ ခုနှစ် သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးပေါ်ပေါက်လာခဲ့ပြန်ပါတယ်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက်အီားမားဆုံးလူထုအုံကြွမှုကြီးပေါ်ပေါက်ခဲ့တာပါ။
စစ်တပ်က အလွန်ရက်စက်စွာနှိမ်နှင်းခဲ့ပါတယ်။သွေးစက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ ရွှေဝါရောင်
တော်လှန်ရေးရဲ့ ရလာဘ်ကတော့စစ်အာဏာရှင်အုပ်စု အပေါ် ကမ္ဘာနိုင်ငံပေါင်းစုံက ပြင်းထန်စွာရှုံ့ ချမှု နဲ့ 
ပိတ်ဆို့ ဖိအားပေးလာခဲ့တာပါ။

၂၀၀၈ ခုနှစ်မှာဖွဲ့ စည်းပုံ အခြေခံဥပဒေကို အဓမ္မ ပြဌာန်းခဲ့ပြီး စစ်တပ်က ကြံ့ခိုင်ရေးပါတီကို
တည်ထောင်ခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာ ကြံ့ခိုင်ရေးသာ အနိုင်ရ ရမယ်ဆိုတဲ့ အဖြေကြိုတင်ထွက်ပြီး
သားရွေးကောက်ပွဲကိုပြုလုပ်ခဲ့ပါတယ်။

စစ်တပ်က ဗိုလ်ချုပ်ကြီးတွေ  အရပ်ဝတ်ပြောင်းပြီး သမတ၊ လွှတ်တော်ဥက္ကဌတွေဖြစ်လာခဲ့ပါတယ်။
အသွင်သဏ္ဍန်အားဖြင့်ရွေးကောက်ခံ အစိုးရ ဖြစ်ပေမယ် အနှစ်သာရကတော့ စစ်အာဏာရှင်
စနစ်ပါဘဲ။ဒုတိယစစ်အာဏာရှင်စနစ်ဟာ ၂၆နှစ် ရှိခဲ့ပြန်ပါပြီ။

ယနေ့ ကစပြီးရေတွက်ရင်(၁၅) ရက်သာလိုတော့တဲ့ ၂၀၁၄ သြဂုတ်လ(၈)ရက်နေ့ ဟာ
စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်တဲ့ လူထုတော်လှန်ရေး ၂၆နှစ်မြောက်နေ့  ဖြစ်ပါတယ်။
ပထမစစ်အာဏာရှင်စနစ်ကိုမြန်မာပြည်သူလူထု ၂၆နှစ် အကြာမှာ တွန်းလှန်ဖယ်ရှားနိုင်ခဲ့ပေမယ့်
ဒုတိယစစ်အာဏာရှင်စနစ်ကိုကိုတော့၂၆နှစ်တိုင် မဖယ်ရှားနိုင်သေးပါဘူး။
နောင်လာမယ်၂၆နှစ်မှာကျနော်တို့ ရဲ့ မျိုးဆက်သစ်တွေ ဒီတော်လှန်ရေးတိုက်ပွဲ ကိုဆက်လက်ဆင်နွဲနေရ
ဦးမယ်ဆိုရင်တော့သမိုင်းတာဝန်မကျေပွန်ခဲ့သူတွေဟာ ကျနော်တို့ သာဖြစ်လိမ့်မယ်ဆိုတဲ့ အသိကို နှလုံးသွင်းရင်း
တော်လှန်ရေး ခရီးကြမ်းကို ဆက်လက်လျှောက်လှမ်းကြပါစို့ လို့ 
တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မြတ်ကျော်
၂၃၊၇၊၂၀၁၄။

No comments :

Post a Comment