ဗြိတိန်စီနီယာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့ကို
ယူနိုက်တက်ကင်းဒင်းရဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဝေးလ်မှာ သောကြာနေ့က
ဆက်လက် ကျင်းပပါတယ်။ ဒုတိယနေ့မှာလည်း ပထမနေ့က(၆၅)ချက်နဲ့ ဦးဆောင်ခဲ့တဲ့
ဂျာမနီ ဂေါက်သီးသမားကြီး ဘန်းဟတ်လန်ဂါက (၆၆)ချက်ရိုက်ပြီး
နှစ်ရက်ပေါင်း(၁၃၁)ချက်နဲ့ ဆက်လက် ဦးဆောင်နေပါတယ်။ ဒီပြိုင်ပွဲက
သတ်မှတ်ရိုက်ချက်(၇၁)ချက် သတ်မှတ်ထားလို့ (၁၁)ချက်လျော့နဲ့ လန်ဂါ
ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒုတိယ နေရာမှာတော့ စကော့တလန် ဂေါက်သီးသမားကြီး
ကောလင်းမောင့်ဂိုမာရီနဲ့ အင်္ဂလိပ် ဂေါက်သီးသမားကြီး ခရစ်ဝီလျံတို့
နှစ်ရက်ပေါင်း (၁၃၈)ချက်စီနဲ့ ပူးတွဲ ရပ်တည်နေပါတယ်။ စတုတ္ထနေရာမှာတော့
စပိန်နိုင်ငံသား ပီဒရိုလင်းဟတ်က (၁၃၉)ချက်နဲ့ ကပ်လိုက်နေပါတယ်။
နိုင်ငံသား သတင်းစာဆရာ ဆိုတာ မိမိပိုက်ဆံ နဲ့ မိမိ တိုင်းပြည် လူမျိုး အကျိုးအတွက် သတင်းမီဒီယာ လုပ်ငန်းကိုလုပ်ကိုင်သူဖြစ်တယ်။ မိမိစုံစမ်းလေ့လာသိရှိရတာတွေကို စာသား ဓါတ်ပုံ ဗီဒီယို တွေ နဲ့ အွန်လိုင်းမှာ တင်ပြနေမှု က အာဏာရှင်တွေနဲ့  ထိပ်တိုက်ရင်ဆိုင်လာရတဲ့အခါ အန္တရာယ်လဲရှိနိုင်ပါသေးတယ်။
မူလစာမျက်နှာ
Sunday, July 27, 2014
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment