ပန်းဘဲတန်းမြို့ နယ် ရွှေဘုံသာ
အထက်လမ်းမှာ ညနေ ၃ နာရီကနေ ၆ နာရီလောက်အထိ လမ်းဘေးမှာ
ခင်းကျင်းရောင်းချတဲ့ ဈေးတန်းလေးတစ်ခုဖြစ်ပါတယ်။
ရောင်းချတဲ့ ပစ္စည်းအမျိုးအစား တွေကတော့ တကယ်ကို စုံစီနဖာပါဘဲ။
ရှေးဟောင်းပစ္စည်းမျိုးစုံ၊ ဟန်းဆက်အဟောင်း၊ ချာချင်ကြိုး၊ ကွန်ပြူတာ အဟောင်း ၊ ဖက်စက်၊လက်တော့ အဟောင်း လက်နှိပ်စက်အဟောင်း ၊နာရီအဟောင်း စတဲ့ တစ်ပတ်ရစ်ပစ္စည်းအမျိုးမျိုး ရောင်းချတဲ့ဈေးတန်းလေးပါ။
တစ်ခါလောက်သွားရောက်လေ့လာပြီး ကိုယ်ကြိုက်တဲ့ပစ္စည်းတွေ့ ရင် တန်လောက်မယ့်ဈေးရအောင် ဆစ်ဝယ်ရမှာပါ။ ၀ယ်မိပြီးမှ ခံလိုက်ရပြီဆိုတာမျိုး မဖြစ်ရအောင်တော့ သက်လုံကောင်းဖို့ လိုပါတယ်။

No comments :
Post a Comment