ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီ ပြန်လည်ထွက်ခွာ။
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီ(Ms.Yang HeeLee)နှင့် အဖွဲ့သည် ရခိုင်၊မန္တလေး နှင့် ကချင်ပြည်နယ်တို့တွင်မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတို့ကို (၁၀)ရက်တာခရီးစဉ်ဖြင့် လေ့လာသုံးသပ်မှုများပြုလုပ်ပြီးနောက် (၂၆.၇.၂၀၁၄)ရက်နေ့ညနေ ၆း၀၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သူမဧ။် မြန်မာနိုင်ငံ ခရီးစဉ်အတွေ့အကြုံများကို မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပြီး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ကိုရီးယား နိုင်ငံသူ မစ္စရန်ဟီးလီ သည် သူမဧ။်
မြန်မာနိုင်ငံ ခရီးစဉ်များအဖြစ် ဇူလိုင် ၁၇ မှ ၁၉ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့ပြီး စစ်တွေအကျဉ်းထောင်နှင့် မောင်တောရဲစခန်းများသို့သွားရောကါ၍ ဘင်္ဂါလီအကျဉ်းသားများနှင့်တွေ့ဆုံခဲ့ပြီး ဇူလိုင် ၂၀ မှ ၂၅ရက်နေ့အထိ ကချင်ပြည်နယ်နှင့် မန္တလေးမြို့တို့ကိုသွားရောက်ကာ ကချင်စစ်ဘေးဒုက္ခသည်စခန်းများ၊မန္တလေးမြို့ရှိ တာဝန်ရှိသူများနှင့် ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်ဖြစ်ပွားခဲ့သောနေရာများနှင့် သေဆုံးမှုဖြစ်ပေါ်ခဲ့သောနေရာများကိုသွားရောက်ကြည့်ရှုခဲ့ကြောင်းနှင့်မန္တလေးမြို့ အေးရိပ်ငြိမ်သုသာန်ရှိ အစ္စလာမ်သင်္ချိုင်း သို့သွားရောက်ကြည့်ရှုခဲ့ကြောင်း သူမဧ။် မြန်မာနိုင်ငံတွင်းသွားရောက်ခဲ့သောခရီးစဉ်များအရသိရသည်။
မစ္စရန်ဟီးလီ သည် ကင်တာနားနောက်ပိုင်းမြန်မာနိုင်ငံသို့ လူ့အခွင့်အရေးဆိုင်ရာနှင့်ပတ်သတ်၍ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများစွာခံနေရသော ပြည်သူများစွာအတွက်မည်ကဲ့သို့အကျိုးရလဒ်များရရှိလာမည်ကိုပြည်သူများက များစွာ စိတ်ဝင်စားစောင့်ကြည့်နေကြသည်။

No comments :
Post a Comment