Monday, July 28, 2014

လိုင်ဇာ ဆွေးနွေးပွဲ တတိယမြောက်နေ့ ကျင်းပ



လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကို ၃ ရက်မြောက်နေ့အဖြစ် ဒီကနေ့ တနင်္လာနေ့မှာ ဆက်လက် ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးကိုယ်စားလှယ် ဗီ ဂျေ နမ်ဘီးယား တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားသွားခဲ့ပါတယ်။

အခုအဆင့်ဟာ သာမန် အပစ်အခတ် ရပ်စဲရေး၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆွေးနွေးဖို့တင် မဟုတ်ဘဲ ရေရှည် တည်တံ့တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးတွေ အတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်း ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

အရင် တိုင်းရင်းသား ညီလာခံတွေတုန်းက ဆုံးဖြတ်ခဲ့ကြတဲ့ အတိုင်းပဲ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးကြတဲ့အခါ တစ်ဖွဲ့ချင်းစီ မထိုးဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး လက်မှတ်ရေးထိုးကြဖို့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

အရင် စစ်အစိုးရ လက်ထက်တုန်းက အပစ်အခတ် ရပ်စဲရေးတွေ လုပ်ခဲ့ပေမယ့် နိုင်ငံရေး ဆွေးနွေးမှု အဆင့်ထိ မရောက်ခဲ့တဲ့အတွက် ဒီတကြိမ်မှာ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်နိုင်ရေး၊ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတွေအတွက် ခိုင်မာတဲ့ အာမခံချက်တွေ ရနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က လိုလားနေကြကြောင်း အဲဒီဆွေးနွေးပွဲမှာ သတင်းသွားယူနေတဲ့ ဒီမိုကရေစီ တူဒေး သတင်းစာ အယ်ဒီတာ ဦးစိုင်းထွန်းအောင်လွင်က ဘီဘီစီကို ပြောပါတယ်။

bbc news
 

No comments :

Post a Comment