သူငယ်ချင်း
မင်း ငါ့ကို မခင်တွယ်ရင်နေပါ။
ဒါပေမယ့်
မြေသိမ်းခံလိုက်ရတဲ့
ကျေးလက်က ပြည်သူတွေကို
ကိုယ်ချင်းစာပေးပါ။
သူငယ်ချင်း
မင်း ငါ့ကို မကူညီချင်နေပါ။
ဒါပေမယ့်
လယ်ယာမဲ့သွားတဲ့
တောင်သူလယ်သမားတွေကို
ကိုယ်ချင်းစာပေးပါ။
သူငယ်ချင်း
မင်း ငါ့ကို မလေးစားချင်နေပါ။
ဒါပေမယ့်
နေစရာအိမ်မဲ့ သွားတဲ့
တို့ ပြည်သူတွေကို
ကိုယ်ချင်းစာပေးပါ။
သူငယ်ချင်း
ဆိုင်းဘုတ်ကိုင်ပြီး
လမ်းပေါ်မှာ ငါ မအော်ဘူး။
အလုပ်အကိုင်ကိုဘေးချ ၊
ငါ့နောက်က မင်းလိုက်ဖို့ မလိုဘူး။
သူငယ်ချင်း
မင်းအွန်လိုင်းရောက်တဲ့ အခါ
ငါ့စာကို ဖတ်ကြည့်ဖို့ ပဲ
ငါမေတ္တာရပ်ခံတယ်။
သူငယ်ချင်း
မင်းလက်ခံနိုင်ရင် Like လုပ်ခဲ့ပါ။
မင်းဆန္ဒရှိရင် Share ပေးခဲ့ပါ။
ငါတင်တဲ့ Post အတွက်
ငါတာဝန်ယူတယ်။
ငါရေးတဲ့စာအတွက်
ငါ အပြည့်အ၀တာဝန်ခံပါတယ်။
မင်းရဲ့ သူငယ်ချင်း
မြတ်ကျော်
ရန်ကုန်မြို့ ။
ဒါပေမယ့်
မြေသိမ်းခံလိုက်ရတဲ့
ကျေးလက်က ပြည်သူတွေကို
ကိုယ်ချင်းစာပေးပါ။
သူငယ်ချင်း
မင်း ငါ့ကို မကူညီချင်နေပါ။
ဒါပေမယ့်
လယ်ယာမဲ့သွားတဲ့
တောင်သူလယ်သမားတွေကို
ကိုယ်ချင်းစာပေးပါ။
သူငယ်ချင်း
မင်း ငါ့ကို မလေးစားချင်နေပါ။
ဒါပေမယ့်
နေစရာအိမ်မဲ့ သွားတဲ့
တို့ ပြည်သူတွေကို
ကိုယ်ချင်းစာပေးပါ။
သူငယ်ချင်း
ဆိုင်းဘုတ်ကိုင်ပြီး
လမ်းပေါ်မှာ ငါ မအော်ဘူး။
အလုပ်အကိုင်ကိုဘေးချ ၊
ငါ့နောက်က မင်းလိုက်ဖို့ မလိုဘူး။
သူငယ်ချင်း
မင်းအွန်လိုင်းရောက်တဲ့ အခါ
ငါ့စာကို ဖတ်ကြည့်ဖို့ ပဲ
ငါမေတ္တာရပ်ခံတယ်။
သူငယ်ချင်း
မင်းလက်ခံနိုင်ရင် Like လုပ်ခဲ့ပါ။
မင်းဆန္ဒရှိရင် Share ပေးခဲ့ပါ။
ငါတင်တဲ့ Post အတွက်
ငါတာဝန်ယူတယ်။
ငါရေးတဲ့စာအတွက်
ငါ အပြည့်အ၀တာဝန်ခံပါတယ်။
မင်းရဲ့ သူငယ်ချင်း
မြတ်ကျော်
ရန်ကုန်မြို့ ။

အမြင်ချင်းဝေမျှဖို့  comment ရေးပေးပါ။
ReplyDelete